တရားမဝင် ကုန်သွယ်မှုပြုသူများအား အကာအကွယ် ပေးနိုင်ရေးအတွက် Mobile Teamအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ Mobile Team အဖွဲ့များ စတင်ဆောင်ရွက်တဲ့ နိုဝင်ဘာလနဲ့ အောက်တိုဘာလ ကုန် သွယ်မှုပမာဏများကို နှိုင်းယှဉ်လျင် ဒေါ်လာ ၂၆ သန်းခန့် ပိုမိုတိုးတက်လာကြောင်း၊ ပို့ကုန်ပိုင်းမှာ ဒေါ်လာ ၆ သန်းခန့် ပိုမိုမှုဟာ Mobile Team ဆောင်ရွက်မှုကြောင့်လို့မဆိုသာ ပေမဲ့ သွင်းကုန်ပိုင်းမှာ ဒေါ်လာ သန်း ၂၀ ခန့် ပိုမိုလာခြင်း ကတော့ Mobile Team ကြောင့် ဆိုတာ သိသာပါကြောင်း၊ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံ ဦးဦးဟန်က မူဆယ်မှာ ဒီဇင်ဘာလအတွက် ကျင်းပတဲ့ ကုန် သွယ်မှု မြှင့်တင်ရေးအစည်းအဝေးမှာ ချပြဆွေးနွေးခဲ့တာ ဖြစ် ပါတယ်။
ဆက်လက်ပြီး ၎င်း မှ တရားမဝင် ကုန်သွယ်မှုတားဆီး ရေးဗဟိုကော်မတီဖွဲ့စည်းမှုကို နိုင်ငံတော် သမ္မတရုံးမှ အမိန့် ထုတ်ပြန်ပြီးဖြစ်ရာ နယ်စပ်စခန်းအားလုံး သင်္ဘောဆိပ်၊ လေဆိပ်စတဲ့ တစ်နိုင်ငံလုံး port အားလုံးကို နိုင်ငံတော် အစီ အစဉ်နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်။ တရားဝင် ကုန်သွယ် မှုပြုသူအားလုံးဈေးကွက်မှာ ယှဉ်ပြိုင်အသာစီးရရှိစေရေး အတွက် အကာအကွယ်ပေး ဆောင်ရွက်သွားမှာ ဖြစ် ကြောင်းနဲ့ အရှိန်မရသေးချိန်မှာ သည်းခံပေးစေလို ကြောင်း၊ အရှိန်ရရှိလာပါက တရားဝင်ကုန်သွယ်မှု ပြုသူများ ဖက်မှ အပြည့်အ၀ ရပ်တည်ပေးနိုင်မှာဖြစ်တယ်လို့ ကုန်သွယ် မှုမြှင့်တင်ရေး အစည်းအဝေးကို တက်ရောက်လာကြတဲ့ ကုန်သည် လုပ်ငန်းရှင်များကို အသိပေးပြောကြားခဲ့တာဖြစ်ပါ တယ်။Source:နကသ (မူဆယ်)၊ဂန္ဓမာ