Main menu

Background

စားသုံးသူ အကာအကွယ်ပေးရေး ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိလာကြစေရန် တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကျင်းပခဲ့

Sun, 01/06/2013 - 07:21 -- ydnar

တာချီလိတ်  နယ်စပ်ကုန်သွယ်ရေးစခန်း၏ ၂၀၁၂ ခုနှစ်၊  ဒီဇင်ဘာလ အတွက်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို ၂၈-၁၂-၂၀၁၂ ရက်နေ့ ၁၃း၀၀ ချိန်တွင် တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာန အစည်း အဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ကုန်သွယ်မှုတိုးတက်အောင် တရားမဝင်မှောင်ခိုလျော့နည်း ပပျောက်အောင်၊ ကုန်သည်များ၊ လုပ်ငန်းရှင်များ တစ်ဖက်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ် ရာမှာ အသာစီးရရှိအောင် ဆောင်ရွက် ကြရန် ပြောကြားခဲ့ ပါသည်။

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း၊ ညွှန်ကြားရေးမှူး ဦးမောင် မောင်ထွန်းမှလည်း ဒီဇင်ဘာအတွင်း ကုန်သွယ်မှုအခြေအနေများကို တင်ပြခဲ့ရာတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့ထိ ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဒသမ ၃၀၃ သန်းရရှိနေပြီဖြစ်သောကြောင့် လျာထားချက် ၅ ဒသမ ၁၈၈ ဒေါ်လာသန်းကို ပြည့်မီ ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။ တရားမဝင် ကုန်သွယ်မှုများ ထိန်းချုပ်တားဆီးနိုင်ရန်အတွက် စခန်း ထုတ်နုတ် အင်အားနှင့် Mobile Team ကို ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကုန်သည်လုပ်ငန်းရှင်များ၏ တင်ပြချက် များနှင့် သိရှိလို၍   မေးမြန်းချက်များအပေါ် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်ဟု သတင်းရရှိပါသည်။အေးအေးဝင်း (တာချီလိတ်)