ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ နယ်စပ်ကုန်သွယ်ရေး စခန်း ၁၃ ခုအနက် တတိယအကြီးဆုံး စခန်းတစ်ခုဖြစ်ပါတယ်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းဟာ အခြားစခန်းများထက် အခွင့်အရေး ကောင်း များရှိနေပြီး မိမိနိုင်ငံဘက်ချင်းရွှေဟော်မှာ ဈေးကွက်ဖြစ်ပေါ်နေ၍ တစ်ဖက် တရုတ်နိုင်ငံမှ ဝယ်လက်များက မိမိဘက်မှာလာရောက်ဝယ်ယူနေကြရခြင်း ဖြစ်တယ်။
ကြိုက်ဈေးရမှရောင်းချလျက်ရှိတဲ့ စခန်းပဲဖြစ်ပါတယ်။ မိမိနိုင်ငံဘက် ဈေးကွက်မပျက်စီးစေရေး လုပ်ငန်းရှင်များ အားသွန်ခွန်စိုက်ကြိုးပမ်းစေ ချင်တယ်။ တရုတ်နိုင်ငံ လင်ချန်းခရိုင်အနေနဲ့ ၎င်း တို့ဘက်စည်ကားတိုးတက် စေရေးကို ဆောင်ရွက်နေပြီဖြစ်ရာ မိမိဘက်ဈေးကွက် မပျောက်ဆုံးစေရေး ချင်းရွှေဟော်ဒေသ အုပ်ချုပ်ရေးအဖွဲ့မှ ဆောင်ရွက်ပေးစေလိုကြောင်း ဒီဇင် ဘာ ၂၇ ရက်က ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ စခန်းတာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူး ဦးမြင့်ကျော်က တိုက်တွန်းရှင်းလင်း အသိပေးပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ ဧပြီလမှ နိုဝင်ဘာလထိကာလမှာ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းရဲ့ ယခုနှစ်နဲ့ ယမန်နှစ် ကုန်သွယ်မှုဆောင်ရွက်နိုင်မှုများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-(ကန်ဒေါ်လာသန်း) ၂၀၁၂-၂၀၁၃ ၂၀၁၁-၂၀၁၂ နိုဝင်ဘာ ၁၉ .၄၆၂ ၇ .၅၅၀ အောက်တိုဘာ ၁၀ .၅၉၅ ၄ .၄၁၃ စက်တင်ဘာ ၆ .၆၂၀ ၄ .၄၀၅ သြဂုတ် ၇ .၀၅၉ ၄ .၁၇၉ ဇူလိုင် ၉ .၁၅၄ ၁ .၉၅၁ ဇွန် ၇ .၄၅၇ ၂ .၆၈၀ မေ ၂၃ .၈၁၅ ၅ .၃၀၉ ဧပြီ ၁၆ .၆၅၀ ၃ .၇၄၀Source:နကသ (ချင်းရွှေဟော်) CMK