မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန် သွယ်ရေးစခန်းမှ ကန်ဒေါ်လာသုည ဒသမ ၆၃၃ သန်း တန်ဖိုး ရှိ ရေထွက်ကုန် ၁၀၉ တန်ကျော်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ထိ ကာလ အတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က ၈၅ တန် ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၂၄ တန်ကျော် ပိုမိုတင်ပု့ိခဲ့ပါတယ်။ တင်ပို့တဲ့အမယ်တွေကတော့ ငါးရှဉ့် ၉၉ တန်ကျော်နဲ့ ကဏန်း ၁၀ တန်ခန့်ဖြစ်ပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၂၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် အမယ်စုံ ၇၉၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၈၇၄ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၇၈ တန်ခန့် အပို့လျော့ခဲ့ပါ တယ်။ တင်ပို့တဲ့အမယ်တွေကတော့ ကဏန်း ၅၆ တန်ကျော်၊ ငါးရှဉ့် ၅၈ တန်ခန့်၊ ရေခဲငါး ၂၅၆ တန်ခန့်၊ ငါးဆားနယ် ၁၃၅ တန်ကျော်၊ ငါးစည်ဖောင်း ၃ တန်ခန့်၊ ငါးမှုန့် ၈၂ တန်ခန့်၊ ကင်းမွန်ခြောက် ၁၆၉ တန်ကျော်၊ ငါးခြောက် ၁၅ တန်ကျော်နဲ့ ပုဇွန်ခြောက် ၂၁ တန်ဖြစ်ပါတယ်။ မြန်မာ-တရုတ်နယ်စပ်တစ်ခုလုံးအနေနဲ့ ကန်ဒေါ်လာ ၂ ဒသမ ၄၅၄ သန်းဖိုးရှိ ရေထွက်ကုန် ၂၂၃ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတစ်လလုံးမှာ မြန်မာ-တရုတ်နယ်စပ် မှ ကန်ဒေါ်လာ ၁၂ ဒသမ ၀၄၈ သန်းဖိုးရှိ ရေထွက်ကုန် ၄၃၃၃ တန်ကျော် တင်ပို့ထားပြီးဖြစ်သလို ၂၀၁၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိမှာ ကန်ဒေါ်လာ ၆၇ ဒသမ ၁၉၅ သန်းဖိုးရှိ ရေထွက်ကုန် ၂၄၉၈၅ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါ တယ်။ ယခုအပတ်မူဆယ်မှ ငါးရှဉ့်၊ ကဏန်းလေလံအောင်ဈေး များကိုကြည့်ပါက ယခင်အပတ်ထက်ပိုမို လျက်ရှိတာကို တွေ့ ရပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ်လေလံဈေးများကို နှိုင်း ယှဉ် ဖော်ပြပေးလိုက်ရပါတယ်-
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ငါးရှဉ့်၉ စမ (အထက်) ၆၁၅၃၂၆၀ ၅၂၀၁၉၉၀ ၉၅၁၂၇၀ ၁၅ ၇၁၈၀ ၆၀၇၀ ၁၁၁၀ ၁၅ကဏန်း၂၅၀ ဂရမ်အထက် ၂၇၈၅၂၅၀ ၂၅၂၈၁၅၀ ၂၅၇၁၀၀ ၉ ၃၂၅၀ ၂၉၅၀ ၃၀၀ ၉၂၀၀-၂၅၀ ဂရမ် ၂၆၁၃၈၅၀ ၂၃၅၆၇၅၀ ၂၅၇၁၀၀ ၁၀ ၃၀၅၀ ၂၇၅၀ ၃၀၀ ၁၀ ၁၅၀-၂၀၀ ဂရမ် ၂၄၄၂၄၅၀ ၂၁၈၅၃၅၀ ၂၅၇၁၀၀ ၁၁ ၂၈၅၀ ၂၅၅၀ ၃၀၀ ၁၁၁၀၀-၁၅၀ ဂရမ် ၂၃၁၃၉၀၀ ၂၀၅၆၈၀၀ ၂၅၇၁၀၀ ၁၁ ၂၇၀၀ ၂၄၀၀ ၃၀၀ ၁၁ယဉ်ယဉ်အေး၊MIRT (DOBT)