Main menu

Background

တဖြည်းဖြည်း တစ်ရိပ်ရိပ် တိုးတက်လာတဲ့ မြင်းခြံနဲ့ ကျောက်ပန်းတောင်း ကုန်စည်ဒိုင်

Sun, 01/13/2013 - 07:18 -- ydnar

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ပွဲစားကုန်သည်စက်ပိုင်များ၊ မဟာကထိန် တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)၊ မြင်းခြံကုန်စည်ဒိုင်၊ ကျောက်ပန်းတောင်း ကုန်စည်ဒိုင်တို့ရှိရာမှာ မန္တလေးကုန်စည်ဒိုင်ဟာ သက်တန်းရင့် ပြီး၊ ကုန်စည်ဒိုင် အသင်းဝင်အင်အား များပြားတောင့်တင်းကာ နှစ်ပတ်လည် အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်နဲ့ ကျောက်ပန်းတောင်းကုန်စည်ဒိုင်များမှာ သက်တမ်းနုနယ်သော်လည်း ကုန်စည်ရောင်းဝယ်မှု အင်အားမှာ တဖြည်းဖြည်း တိုးတက်လာလျက်ရှိကြောင်း၊ ယခင်ကာလများမှာ ပြင်ပမှာသာ အဆင်ပြေသလို အရောင်းအဝယ်ပြုလုပ်နေကြရကြောင်း၊ ယခုအခါ ကုန်စည်ဒိုင်မှာ အရောင်း အဝယ် ပြုလုပ်ရလို့ ပေါက်ဈေးနှုန်း အမှန်နဲ့ အာမခံချက်ရှိတာကြောင့် ရောင်းဝယ်မှု အဆင် ပြေလျက်ရှိကြောင်း သိရပါတယ်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ မြင်းခြံကုန်စည်ဒိုင်မှာ အရောင်းအဝယ်အေး သလောက် ယခု ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်မှာ ဈေးနှုန်းရော အရောင်း အဝယ်ပါ သွက်လက်လာပါ တယ်။ မြင်းခြံ ကုန်စည်ဒိုင်နဲ့ ကျောက်ပန်းတောင်း ကုန်စည်ဒိုင်မှာ ပဲ၊ ပြောင်း၊ နှမ်းများကို တစ်တင်းခွဲအိတ်နဲ့ အရောင်းအ၀ ယ်ဖြစ်လျက် ရှိပါတယ်။  အများအားဖြင့် ပဲ၊ ပြောင်း၊ နှမ်းများဈေးနှုန်းမာနဲ့ အရောင်းအဝယ်ဖြစ် လျက်ရှိပါ တယ်။ မြင်းခြံကုန်စည်ဒိုင်ရဲ့ နေ့စဉ် ပေါက်ဈေးနှုန်းနဲ့ ရောင်းဝယ်မှု ပမာဏ(ပျမ်းမျှ)မှာ ပဲစင်းငုံနီတစ်ပိဿာ ၈၃၀ ကျပ်မှ ၈၅၅ ကျပ်အတွင်း ၁၀၀ အိတ်မှ ၅၀၀ အိတ်၊ ကုလားပဲဖြူကြီးတစ်ပိဿာ ၈၂၀ ကျပ်မှ ၈၂၅ ကျပ်နဲ့ ၅၀ အိတ်မှ ၁၀၀ အိတ်၊ ပဲပုပ်တစ်ပိဿာ ၁၀၉၀ ကျပ်နဲ့ ၃၀ အိတ်မှ ၇၀ အိတ်၊ ဆန်ပြောင်းတစ်ပိဿာ ၄၃၀ ကျပ်မှ ၅၈၀ ကျပ်နဲ့ ၁၅၀ အိတ်မှ ၅၀၀ အိတ်၊ ကုလားပဲဝါတစ်ပိဿာ ၉၂၅ ကျပ်မှ ၉၃၅ ကျပ်နဲ့ ၅၀ အိတ်မှ ၈၀ အိတ်၊ စွန်တာပြာတစ်ပိဿာ ၇၅၀ ကျပ်နဲ့ ၅၀ အိတ်မှ ၇၅ အိတ်၊ နှမ်းညိုတစ်ပိဿာ ၁၉၇၅ ကျပ်မှ ၂၀၀၀ ကျပ်နဲ့ ၁၀၀ အိတ်မှ ၂၅၀ အိတ်၊ ထောပတ်ပဲတစ်ပိဿာ ၇၂၅ ကျပ်နဲ့ ၇၅ အိတ်မှ ၁၅၀ အိတ်၊ ပြောင်းဖူးစေ့ (CP)တစ်ပိဿာ ၃၃၅ ကျပ်မှ ၃၄၀ ကျပ်နဲ့ ၁၅၀ အိတ်မှ ၃၀၀ အိတ်၊ ပဲတီစိမ်းကြီး ၉၂၅ ကျပ်နဲ့ ၃၀ အိတ်မှ ၅၀ အိတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ၂၀၁၃ ခုနှစ် ဇန်န ဝါရီလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ မြင်းခြံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ၊ ဆန်ပြောင်း၊ ပြောင်းဖူးစေ့(CP)နဲ့ နှမ်းညိုများရောင်းဝယ်အား ပိုမိုလာပြီး၊ ပဲစင်းငုံနီ ၂၂၅၀ အိတ်၊ ဆန်ပြောင်း ၁၇၀၀ အိတ်၊ ပြောင်းဖူးစေ့(CP) ၁၁၀၀ အိတ်၊ နှမ်းညို ၇၅၀ အိတ်ကို ယခုနှစ် ဇန်နဝါရီလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒေသတွင်းကုန်သည်၊ မန္တလေးကုန်သည်နဲ့ ရန်ကုန်ဝယ်လက်များမှ တိုက်ရိုက်ဝယ်ယူတင်ပို့ ရောင်းချလျက် ရှိပါတယ်။ ကျောက်ပန်းတောင်းကုန်စည်ဒိုင်မှာ ယခုနှစ် ဇန်နဝါရီလအတွင်း ပဲစင်းငုံနီ တစ်ခုတည်းသာ ပုံမှန်အရောင်းအဝယ်ဖြစ်ပါတယ်။ ပဲစင်းငုံနီတစ်ပိဿာ ပေါက် ဈေး ၈၅၀ ကျပ်မှ ၈၆၅ ကျပ်နဲ့ နေ့စဉ် ၂၀၀ အိတ်မှ ၁၀၀၀ အိတ်အထိ အရောင်း အဝယ်ရှိခဲ့သဖြင့် ယခုလအတွင်း ပဲစင်းငုံနီ ၄၀၀၀ အိတ်ကျော် အရောင်း အဝယ် ဖြစ်ပါတယ်။  မန္တလေးမြို့ရှိ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော် အသင်း (မန္တလေးကုန် စည်ဒိုင်)ေ လာက် အောင်မြင်မှု မရှိသေးသော်လည်း တဖြည်းဖြည်း တရိပ်ရိပ်နဲ့ အရောင်းအဝယ်ပြုလုပ် လာနိုင်တာေ ကြာင့် မြင်းခြံကုန်စည်ဒိုင်နဲ့ ကျောက်ပန်းတောင်းကုန်စည်ဒိုင်များမှာ ရှေ့လာမယ့်အနာဂတ်မှာ တိုးတက်ေ အာင် မြင်လာမှာဖြစ်ပါကြောင်း ...။           စိုးအောင် - မန္တလေး