Main menu

Background

ယခင်လတွေထက် အရောင်းတက်လာတဲ့ ရှမ်းနနွင်းဈေးကွက်

Sun, 01/13/2013 - 07:44 -- ydnar

ရန်ကုန်ဝယ်လက်တွေက လှောင်ဖို့အတွက် ဝယ်ယူမှုရှိ နေတာကြောင့် ဟိုပုံးနနွင်းကလည်း ဒီတစ်ပတ်မှာ အဝယ် လိုက်နေတယ်လို့သိရပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ်က ပြည်ပ ဝယ်ယူမှုရှိခဲ့တာကြောင့် တစ်ပိဿာ ၃၅၀၀ ကျပ်၊ ၄၀၀၀ ကျပ်ဈေးထိရခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာတော့ ဈေးက တဖြည်း ဖြည်းနဲ့ကျလာလိုက်တာ ၂၀၁၂ ခုနှစ်ထိပါပဲ။  ၂၀၁၃ နှစ်ဆန်း မှာတော့ ရန်ကုန်ဝယ်လက်တွေက လှောင်ဖို့အတွက် ဝယ်ယူ နေကြပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန် သုံးသောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ နနွင်းခြောက်က တစ်ပိဿာ ၆၇၀ ကျပ်၊ ၆၈၀ ကျပ်ဈေးရှိပြီး၊ နနွင်း (အစို) အသစ်ကတော့ တစ်ပိဿာ ၂၀၀ ကျပ် ဈေးရှိပါတယ်။

အောင်ပန်းဈေးကွက်မှာတော့ နနွင်းကတစ်ပိဿာ ၅၀၀ ကျပ်ဈေးရှိပြီး၊ ဆင်တောင်နနွင်းကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ အရင်လတွေကထက် အရောင်းတက်လာ ပြီး၊ တစ်ပတ်အတွင်း ပိဿာချိန် ၁၀၈၀၀ ပိဿာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့လည်း နနွင်းပွဲရုံတွေက သိရပါတယ်။ဧဧခိုင်-တောင်ကြီး