Main menu

Background

မိုဘိုင်းဖုန်းဖြင့် ကူးသန်းရောင်းဝယ်မှု

Sun, 01/13/2013 - 07:56 -- ydnar

အင်တာနက်အွန်လိုင်း ကူးသန်းရောင်းဝယ် ရေးတွင် စင်ကာပူသည် ကမ္ဘာတွင်  အမြန်ဆုံး ထွန်းကားလာ သည့် နိုင်ငံဖြစ်သည်။ အာရှတွင် သာမက ကမ္ဘာနှင့်ချီပြောရလျှင်ပင် စင်ကာပူသည် အင်တာနက် ချိတ်ဆက်အသုံးပြုနှုန်း အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အထူးသဖြင့် ယနေ့ စင် ကာပူနိုင်ငံတွင် အွန်လိုင်းရောင်းဝယ်မှု  (e-commerce) စုစုပေါင်း၏ လေးပုံတစ်ပုံခန့်သည် မိုဘိုင်းလ်ဖုန်းမှတ စ်ဆင့် ရောင်း ဝယ်ကြခြင်းဖြစ်၍ မိုဘိုင်းလ်ဖုန်းဖြင့်ရောင်းဝယ်မှု (m-commerce)  မြန်မြန်ဆန်ဆန် ကြီးထွား လာသည်။ သို့ဖြစ်ရာ PayPal ကဲ့သို့ အွန်လိုင်းမှ ငွေပေးချေရှင်းလင်း သည့်ဝန်ဆောင်မှု လုပ်ငန်းကို ဆောင်ရွက်နေကြ သည့်ကုမ္ပဏီများအဖို့ စင်ကာပူသည် မိုဘိုင်းလ်ဖုန်း အသုံးပြု ကူးသန်းရောင်း ဝယ်ရေးလုပ်ငန်းအတွက် နည်းပညာသစ်များ စမ်းသပ်သုံးစွဲရန် အသင့်တော် ဆုံးနေရာ ဖြစ်နေသည်။

ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ သာလွန်ကောင်းမွန်နေခြင်းအတွက် စင်ကာပူနိုင်ငံ ကလည်း ဂုဏ်ယူသည်။ ၂၀၁၂ခုနှစ် အောက်တို ဘာလတွင် ကြိုးမဲ့အင်တာနက်(Wireless broa- dband)  အသုံးပြုနှုန်း ၁၆၂ရာခိုင်နှုန်းနှင့် မိုဘိုင်းလ် ဖုန်းသုံးစွဲနှုန်း ၁၅၀ ရာခိုင်နှုန်း ရှိခဲ့သည်ဟု အစိုးရ ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ် မေလတွင် ပုဂ္ဂလိကကုမ္ပဏီများက ထုတ်ပြန် သော သုတေသနအစီရင်ခံစာ၌  စင်ကာပူနိုင်ငံ တွင် ၂၀၁၁ ခုနှစ်အတွင်း အင်တာနက်အွန်လိုင်း ဖြင့် ဝယ်ယူသုံးစွဲခဲ့သည့်ပမာဏမှာ  စင်ကာပူ ဒေါ်လာ သန်း ၁၄၀၀ (အမေရိကန် ဒေါ်လာဖြင့် သန်း ၁၁၀၀) ရှိခဲ့သဖြင့် ၂၀၁၀ ပြည့်နှစ်ကထက် ၃၃ ရာခိုင်နှုန်း ပိုများလာသည်ဟု ဖော်ပြထား သည်။ အွန်လိုင်းမှဈေးဝယ်သူဦးရေ ၅၀ ရာခိုင်နှုန်း တိုးလာသဖြင့် ဝယ်ယူသူပေါင်း တစ်သန်းခွဲအထိ ဖြစ်လာသည်။လေယာဉ်လက်မှတ်၊ ဖက်ရှင်အဝတ်အထည်၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊  အုပ်စုလိုက် အလည် အပတ်ခရီးစဉ်နှင့် စာအုပ်များသည် အွန်လိုင်းမှ အများဆုံးဝယ်ယူတတ်ကြသည့် အမျိုးအစား ၅ မျိုးဖြစ်သည်။ အိမ်အရောက်ပို့ စနစ်ဖြင့် လွယ်ကူ အဆင်ပြေစွာ ဝယ်ယူနိုင်သဖြင့် စားသောက်ကုန် အွန်လိုင်းဈေးကွက်သည်လည်း ဖွံ့ဖြိုးလျက်ရှိသည်။ ၂၀၁၀ ပြည့်နှစ် တစ်နှစ်လုံးကထက် ၂၀၁၁ခုနှစ် ပထမ ၈ လအတွင်း  အွန်လိုင်းဈေးကွက်တွင် စားသောက်ကုန်ဝယ်ယူသုံးစွဲမှုပမာဏ သုံးဆအထိ တိုးလာသည်ဟု PayPal ကုမ္ပဏီ၏ စစ်တမ်းတွင် တွေ့ရသည်။ ဆန်၊ နို့မှုန့်၊ ကလေးအနှီးဘောင်းဘီ နှင့် အချိုရည်တို့ကဲ့သို့ များများစားစား ဝယ်ယူ လေ့ရှိသည့် ကုန်ပစ္စည်းများဝယ်ယူသုံးစွဲမှုအပေါ် လေ့လာခဲ့ခြင်းဖြစ်သည်။  အွန်လိုင်းဖြင့် လက်လီ ရောင်းချသည့် လုပ်ငန်းများသည်လည်း စူပါမား ကက်ကုန်တိုက်ကြီးများနည်းတူပင် အကျိုးအမြတ် ရရှိနေကြသည်ဟု ဆိုသည်။မိုဘိုင်းလ်ဖုန်းသုံးစွဲမှု ကျယ်ပြန့်လာသည်နှင့် အမျှ မိုဘိုင်းလ်ဖုန်းဖြင့် ကူးသန်းရောင်းဝယ်မှုှု (m-commerce) သည်လည်း တိုးတက်ဖွံ့ဖြိုးလာဦး မည်သာဖြစ်သည်။ စင်ကာပူတွင် ၂၀၁၂ ခုနှစ် နှောင်းပိုင်းအထိ မိုဘိုင်းလ်ဖုန်း အရေအတွက် ၇ ဒသမ ၈ သန်းခန့်ရှိပြီး နိုင်ငံလူဦးရေ၏ ၉၀ ရာ ခိုင်နှုန်းသည် စမတ်ဖုန်း (Smartphone) ကို ကိုင်ဆောင်ကြသည်။ ၂၀၁၁ ခုနှစ်တွင် မိုဘိုင်းလ် ဖုန်းဖြင့် ရောင်းဝယ်မှုဈေးကွက်သည် စင်ကာပူ ဒေါ်လာ ၃၂၈ သန်းဖိုးအထိ အရောင်းအဝယ် ရှိခဲ့သဖြင့် ၆၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာ သည်မှာ အံ့သြဖွယ်ဖြစ်သည်ဟု သုတေသနစစ် တမ်းတွင် သုံးသပ်ဖော်ပြထားသည်။အင်တာနက်အွန်လိုင်းဖြင့် စုစုပေါင်း ဝယ်ယူ မှုပမာဏထဲတွင် မိုဘိုင်းလ်ဖုန်းဖြင့် ဝယ်ယူသည့် ပမာဏမှာ ၂၀၁၁ ခုနှစ်က ၂၃ ရာခိုင်နှုန်းသာ ရှိ ခဲ့သော်လည်း လာမည့် ၂၀၁၅ခုနှစ်တွင် ၇၀ ရာ ခိုင်နှုန်းကျော်အထိ တိုးတက်လာလိမ့်မည်ဟု ခန့် မှန်းထားသည်။ ကိုယ်နှင့်အတူ သယ်ဆောင်သွား နိုင်သောကိရိယာများ (Mobile devices)ကို အသုံးပြု၍ဈေးဝယ်ကြရာတွင် အများစု ၇၅ ရာခိုင် နှုန်းမှာ စမတ်ဖုန်းများမှတစ်ဆင့် ဝယ်ယူကြခြင်း ဖြစ်သည်။ သို့တိုင်အောင် ဈေးဝယ်သူတစ်ဦးချင်း ဝယ်ယူသုံးစွဲမှုတွင်  ကျောက်သင်ပုန်းကွန်ပျူတာ (Tablet) အသုံးပြုဝယ်ယူသူက ပျမ်းမျှ စင်ကာပူ ဒေါ်လာ ၃၈၀ ဖိုးဝယ်ယူပြီး၊ စမတ်ဖုန်းဖြင့် ဝယ်သူ က ပျမ်းမျှ ၂၇၄ ဒေါ်လာဖိုးသာ ဝယ်ယူသည်ဟု ဆိုပါသည်။စင်ကာပူတွင် မိုဘိုင်းလ်ဖုန်းဖြင့်  ကူးသန်း ရောင်းဝယ်မှု မြန်ဆန်စွာ ဖွံ့ဖြိုးလာခြင်းေ ကြာင့် ဒေသတွ င်းနှင့်နိုင်ငံတကာတို့မှ ရင်းနှီးမြှုပ်နှံသူများ ကို ဆွဲဆောင်လျက်ရှိသည်။ အမျိုးသမီးအဝတ် အထည် လက်လီရောင်း သည့် Qoo10  ကုမ္ပဏီက အာရှ-ပစိဖိတ် ဒေသအတွင်း မိုဘိုင်းလ်ဖုန်းဖြင့် ရောင်းရငွေပေါင်း ဒေါ်လာ ၁၅ သန်းအနက် ၃၇ ရာခိုင်နှုန်းသည် စင်ကာပူနိုင်ငံတွင် ရောင်းရခြင်း ဖြစ်သည်ဟုဆိုသည်။ Qoo10  ကုမ္ပဏီသည် မိုဘိုင်းလ်ဖုန်းဖြင့်ဝယ်ယူနိုင်မည့်အစီအစဉ် ဆော့ဖ်ဝဲ ကို လွန်ခဲ့သည့်နှစ်က အင်တာနက်တွင်ထုတ်လွှင့် ခဲ့ခြင်းဖြစ်သည်။ ဒေသတွင်းမှ ဆော့ဖ်ဝဲကူးယူသုံး စွဲသူ (Downloads) ၇၀၀၀၀၀ ရှိခဲ့ပြီး၊ ကူးယူသူ ၆၄ ရာခိုင်နှုန်းသည် စင်ကာပူနိုင်ငံမှဖြစ်သည်ဟု ဆိုပါသည်။ တစ်နည်းပြောရလျှင် စင်ကာပူနိုင်ငံသူ အမျိုးသမီး ၅ ဦးလျှင် တစ်ဦးက ထိုဆော့ဖ်ဝဲကို ကူးယူသုံးစွဲခြင်းဖြစ်သည်။စင်ကာပူအစိုးရကလည်း မိုဘိုင်းလ်ဖုန်းဖြင့် ရောင်းဝယ်မှုလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးသည်။ မိုဘိုင်းလ်ဖုန်းအသုံးပြုရာတွင် အထောက်အကူပြုမည့် ဆော့ဖ်ဝဲများ ရေးဆွဲထုတ် လုပ်ရာတွင် စံချိန်စံညွှန်း မီရေးအတွက် သက်ဆိုင် ရာအစိုးရဌာနက အကူအညီပေးသည်။ အွန်လိုင်း ငွေချေဝန်ဆောင်မှုကုမ္ပဏီ PayPal ကလည်း အွန်လိုင်းဖြင့်ရောင်းချသူများ၏  အင်တာနက် ဝက်ဘ်ဆိုက်များတွင် မိုဘိုင်းဖုန်းဖြင့်လည်း အဆင် ပြေစွာ ဝယ်ယူနိုင်ရန် အစီအစဉ်သစ်များ ထပ်မံ ဖြည့်စွက်ပေးထားသည်ဟု ဆိုပါသည်။Ref; The Economist.