Main menu

Background

မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီဝင်သလောက် အရောင်းအဝယ်ရှိနေ

Wed, 01/16/2013 - 06:56 -- ydnar

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(သစ်)က ဈေးကွက် သို့ဝင်ရောက်မှုပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင်လက် ကုန်သည်တွေကလည်း အဝင်ရှိသလောက် ဝယ်အားရှိခဲ့တယ်လို့ သိ ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၅၀ ကျပ်(တစ် တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် စီပီပြောင်းကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိနေတယ် လို့သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၃၄၀ ကျပ် ဈေးနဲ့ နေ့စဉ်အိတ် ၁၅၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။