Main menu

Background

တရားမဝင် ကုန်သွယ်မှုများကို အကောက်ခွန်ဦးစီးဌာနဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဇန်နဝါရီလ ၂၁ ရက်မှ စတင်အရေးယူ ဆောင်ရွက်သွားမည်

Wed, 01/16/2013 - 07:16 -- ydnar

စားသုံးသူအကာအကွယ်ပေးရေးနဲ့ ကုန်သွယ်မှုမြှင့်တင် ရေးအတွက် တရားမဝင်ကုန်သွယ်မှုများကို တားဆီးထိန်းချုပ် ရန် မြဝတီ-ရန်ကုန်လမ်းကြောင်းမှာ လှုပ်ရှားရှာဖွေတားဆီး ရေးအဖွဲ့ (၂) ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ၂၀ ရက်နေ့မှစတင် ကာ ပညာပေးကာလအဖြစ် စစ်ဆေးဆောင်ရွက်လျက်ရှိပါ တယ်။ ပညာပေးကာလမှာ ၂၀၁၃ ခုနှစ်ဇန်နဝါရီလ၂၀ ရက် နေ့မှာ ကုန်ဆုံးမယ်လို့ သိရပါတယ်။

လက်ရှိလှုပ်ရှားရှာဖွေတားဆီးရေးအဖွဲ့ (၂) နဲ့ မြဝတီ-ရန်ကုန်လမ်းကြောင်းတွင် စစ်ဆေးဆောင်ရွက် ခြင်း၊ စခန်း အလိုက်ထုတ်နုတ်အင်အားနဲ့တာချီလိတ်၊မြိတ်၊ ကော့သောင်း၊ တမူး၊ရိဒ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ တရား မဝင် ကုန် သွယ်မှုများကို စစ်ဆေးဆောင်ရွက်နေခြင်းအား  အကောက် ခွန်ဦးစီးဌာန ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ နဲ့အညီ အရေးယူ ဆောင်ရွက်မှုများကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်မယ်လို့ သတင်းရရှိပါတယ်။
Source: နကသ (ဦး)၊MTN