Main menu

Background

တစ်ဘီးတည်းလိမ့်နေ၍ ခရီးရောက်မည် မဟုတ်ပါ

Wed, 01/16/2013 - 07:17 -- ydnar

Mobile Team  ပညာပေးကာလအတွင်းမှာ ကန့်သတ်ကုန်များသိမ်းဆည်း ခြင်း၊ ခွင့်ပြုပစ္စည်းများအား လိုင်စင် ခွင့်ပြု၍ အခွန်ဆောင်ခြင်းများဆောင်ရွက်ပေး လျက်ရှိနေပြီး ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တွေ့ရှိပစ္စည်းများအား သိမ်းဆည်းခြင်း၊ ပိုင်ရှင်နဲ့သယ်ယူသူများအားဥပဒေနဲ့အညီအရေးယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားတော့ မှာ ဖြစ်တဲ့အတွက် ဒေသနေပြည်သူများပူပေါင်းပါဝင် ဆောင်ရွက်မှသာ နိုင်ငံတော်ရဲ့လမ်းညွှန် ချက် များ အောင်မြင် နိုင်မှာ ဖြစ်တယ်၊ တစ်ဘီးတည်းလိမ့်နေလို့ခရီးရောက်မည်မဟုတ်ကြောင်း ကုန်သွယ် ရေးနဲ့ပ တ်သက်ပြီး လုပ်ငန်း ဆောင်ရွက်ရမှာ တွေ့ကြုံရတဲ့အခက်အခဲများကို ပွင့်လင်းမြင်သာ တဲ့ခေတ်နဲ့ အညီ ပွင့်ပွင့် လင်းလင်းဆွေးနွေးကြဖို့ ဒီဇင်ဘာလ ၂၇ ရက်နေ့က တမူးနယ်စပ်ကုန်သွယ်ေ ရး ညွှန်ကြားရေးမှူး ဦးဝင်းတင့်က လစဉ်   ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ရှင်းလင်းပြောကြားခဲ့တယ်လို့ သတင်း ရရှိပါတယ်။

စားသုံးသူအကာအကွယ်ပေးနိုင်ရေးအတွက် တရားမဝင်သယ်ယူမှုများရဲ့ စပ်လျဉ်းသည့်သတင်းများ သိရှိပါက နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနသို့ ကူညီ သတင်းပေးရန်လည်း အသိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။Source: နကသ(တမူး)၊တမူးမောင်