Main menu

Background

သကြားတန်ချိန် ၃ သိန်း ဗီယက်နမ်မှ တင်ပို့မည်

Wed, 01/16/2013 - 07:36 -- ydnar

ဗီယက်နမ်စိုက်ပျိုးရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့ ဝန်ကြီးချုပ် ထံသို့ သကြားတန်ချိန် ၃ သိန်း တရုတ်နိုင်ငံသို့တင်ပို့ရောင်းချခွင့်အဆို တင်သွင်း ထားပါတယ်။ ဝန်ကြီးရဲ့ ရှင်းလင်းပြောကြားချက်အရ ၂၀၁၂-၂၀၁၃ မှာ သကြား တန် ၁ ဒသမ ၅ သန်းထုတ်လုပ်နိုင်ပြီး လက်ကျန်သိုလှောင်ထားသော သကြားတန် ၁၈၀၀၀၀ ခန့်ရှိကြောင်း၊ ပြည်တွင်းစားသုံးမှုမှပိုလျှံသော သကြားတန် ၄ သိန်းခန့် ပိုလျှံဖွယ်ရှိတယ်လို့ သိရပါတယ်။ သကြားမှာ တရားမဝင်တင်သွင်းမှုများ ရှိနေတဲ့ အတွက် ပြည်တွင်းသကြားထုတ်လုပ်သူများအနေနဲ့ ၎င်း တို့ရဲ့သကြား များ ပြည်တွင်း ဈေးကွက်မှာ ရောင်းချရန် အခက်အခဲရှိနေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

သကြားနဲ့ ကြံဈေးများ ဈေးဆက်တိုက်ကျဆင်းနေတဲ့အတွက် သကြားထုတ် လုပ်သူများအရင်းအနှီးများ ကုန်ဆုံး သွားပြီး ကြံတောင်သူများလည်း ကြံ ပြန်မစိုက် တော့ဘဲ အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးနေကြပြီလို့ သတင်းရရှိပါတယ်။ှSource: TT, CMK