Main menu

Background

ပြည်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီအရောင်းအဝယ်ပုံမှန်ရှိ

Mon, 01/21/2013 - 05:50 -- ydnar

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် ပြည်အနီးတစ်ဝိုက်မှ မတ်ပဲ(သစ်) တွေ ဈေးကွက်ထဲစဝင်လာပေမယ့် ဝယ်လက်တွေ က လောလော ဆယ်အဝယ်မရှိသေးကြောင်း သိရပါတယ်။ လှောင်လက်တွေဆီမှာ ကိုင်ထားတဲ့ လက်ကျန် မတ်ပဲ(ဟောင်း)ကိုသာ ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၂၀၀ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(ဟောင်း) နဲ့စာရင် ဈေးကွက်ထဲဝင်လာတဲ့ ပဲစင်းငုံနီ (သစ်)ကိုသာ ရန်ကုန်ဝယ် လက်နဲ့ မြို့ခံလှောင်လက်တွေက ဈေးကွက်အဝင်ရှိသလောက် အ ဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို  ၈၄၀ ကျပ်(တစ်တန်ကို ၅၁၄၄၀၇ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းက ဈေးကွက်သို့ဝင်ရောက် မှုနည်းပေမယ့် မန္တလေး-ရန်ကုန်အဆွဲကတော့ အရည်အသွေးအပေါ်  မူတည်ပြီး ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၁၁၃၀ ကျပ်(တစ်တန်ကို ၆၉၂၀၀၀ ကျပ်)ဈေး နဲ့တစ်ရက်ကို အိတ် ၁၅၀ မှ ၂၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။