နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ထုတ် နုတ်အင်အားဖြင့်ဖွဲ့စည်းထားသော Mobile Team အဖွဲ့ဟာ စားသုံးသူအကာ အကွယ်ပေးရေး၊ ကုန်သွယ်မှု မြှင့်တင်ရေးနဲ့ တရားမဝင်ကုန် သွယ်မှု လျော့နည်း ပပျောက်ရေးတို့အတွက် တမူး-ကလေးကားလမ်းမပေါ်ရှိ နမ့်မွန်တားရွာ မှာ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား စစ်ဆေးရှာဖွေမှုပြုလုပ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ ၁၀း၀၀ နာရီခန့်မှာ အများပြည်သူ စားသုံးရန်မသင့်တဲ့ အိန္ဒိယနိုင်ငံလုပ်ကွမ်းပေါင်းအထုပ်ကြီး ၄၀ ထုပ်နဲ့ အကောက်ခွန်မဲ့ သယ် ဆောင်လာတဲ့ အိန္ဒိယပုဆိုး ၁၂၅ ထည်၊ ဆိုင်ကယ်ဖောက် ၈၀ ချောင်းနဲ့ ဘက်စုံ သုံး Bonfix ကော်တောင့် ၂၅၀ တောင့် စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် ၂၄ သိန်းကျော်သိမ်းဆည်းရမိခဲ့ပါတယ်။ ကွမ်းပေါင်းအထုပ်များအား အမှုဖွင့်လှစ် သိမ်းဆည်းထားခဲ့ပြီး ပုဆိုး၊ ဆိုင်ကယ်ဖောက်နဲ့ ကော်တောင့် များအား လိုင်စင် လာရောက်လျှောက်ထားပါက လိုင်စင်ပြုလုပ်အခွန်ပေးေ ဆာင်စေကာ ပြန်လည် ထုတ်ပေးသွားမယ်လို့ သတင်းရရှိပါတယ်။ လှဌေး (တမူး)
Background