Main menu

Background

ဈေးအေးသော်လည်း အရောင်းအဝယ်ပုံမှန်ရှိနေတဲ့ မန်းသကြား

Mon, 01/21/2013 - 07:31 -- ydnar

မန္တလေးမြို့သကြား၊ သကာရည် လုပ်ငန်းရှင်များ ကထိန်တော် အသင်း (မန္တလေး သကြားကုန်စည်ဒိုင်)မှာ နေ့ စဉ် (ဥပုသ်နေ့မှအပ) သကြား၊ သကာ ရည်များ အရောင်းအဝယ် ပြုလုပ်ရာမှာ ယခု ၂၀၁၃ ခုနှစ် ဇန်နဝါရီ လလယ် သကြား၊ သကာရည် တစ်ပိဿာပေါက် ဈေးများမှာ သကြား A ၈၅၀ ကျပ်၊B ၈၄၀ ကျပ်၊ C  ၈၃၀ ကျပ် ဖြင့် လည်း ကောင်း၊ သကာပွက်ရည် ၅၀၀ ကျပ်၊ စက်ကျရည် ၃၀၀ ကျပ်ဖြင့် လည်း ကောင်း အရောင်း အဝယ် ပြုလုပ် ကြောင်းသိရပါတယ်။ မန်းသကြား ဒိုင်မှာ ပွက်ရည်၊ စက်ကျရည်ထက် သကြား (ကုန်ချော) ကိုသာ အဓိက ထား အရောင်းအဝယ်ပြုလုပ်ပါတယ်။ ဒီဇင်ဘာလလယ်မှာ ပွက်ရည်များ စတင်ထွက်ရှိရာ ယခုဇန်နဝါရီလလယ် မှာ လှိုင်လှိုင်ပေါ်လာပြီ ဖြစ်လို့ ပွက်ရည် ဈေးအနည်းငယ် ကျဆင်းသွားသလို ပွက်ရည်ကိုမှီခိုတဲ့ သကြား ဈေးလည်း အနည်းငယ်အေးတာကို တွေ့ ရပါ တယ်။ မန်းသကြားဒိုင်မှာ နေ့စဉ် (၃၀ ပိဿာဝင်အိတ်) သကြားအိတ် ၃၀၀၀ မှ ၅၅၀၀ ခန့်ထိ အရောင်းအဝယ် ဖြစ်ကြောင်း၊ ပြည်ပမှသကြားအိတ်များ အဝင် ရှိသကဲ့သို့ ပြည်တွင်းမှ သကြား များကိုလည်း ပြည်ပသို့တင်ပို့ကြောင်း သကြား၊ သကာရည်ကုန်သည် စက်ပိုင် တစ်ဦးက ပြောပါတယ်။      စိုးအောင်-မန္တလေး