Main menu

Background

ရော်ဘာအဆင့်စုံတင်ပို့မှု ယခင်အပတ်ထက်တန် ၃၇၀ အပို့ ပိုတဲ့ပင်လယ်ရေကြောင်း

Mon, 01/21/2013 - 07:33 -- ydnar

ကန်ဒေါ်လာ ၂ ဒသမ ၆၃၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၉၅၁ တန်ကျော်ကို တရုတ်၊ စင်္ကာပူနဲ့ မလေးရှားနိုင်ငံများသို့ ဇန်နဝါရီလ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မလေးရှားနဲ့ တရုတ်နိုင်ငံနှစ်နိုင်ငံသို့သာအပို့ရှိခဲ့ပြီး ယခုအပတ်မှာယခင်အပတ်ကထက် တန် ၃၇၀ အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မှာ တရုတ် နိုင်ငံသို့ RSS-3 တန် ၃၀၀၊ စင်္ကာပူသို့ RSS-5 တန် ၂၀၊ မလေးရှားသို့ RSS-3 တန် ၄၁၀၊RSS-5 တန် ၂၀ နဲ့  MSR-20  ၂၀၁ တန်ကျော်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခုအပတ်နိုင်ငံတကာ ရော်ဘာ FOB  ပေါက်ဈေးများမှာ ယခင်အပတ်ထက်ဈေး အနည်းငယ် ကျဆင်းသွားပါတယ်။ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ် လုပ်သူများနဲ့ တင်ပို့သူများအသင်းကထုတ်ပြန်တဲ့ FOB  ရော်ဘာဈေးတွေကတော့ RSS-1 တစ်တန် လျှင်ဒေါ်လာ ၃၀၀၀-၃၁၀၀၊RSS-3  နဲ့  MSR-20  တစ်တန်လျှင် ဒေါ်လာ ၂၉၀၀-၃၀၀၀၊RSS-5 နဲ့  MSR-50  တစ်တန်လျှင် ဒေါ်လာ ၂၈၀၀-၂၉၀၀၊ MSR-10  တစ်တန်လျှင် ဒေါ်လာ ၂၉၅၀-၃၀၅၀ နဲ့ Crepe Rubber  တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀ အသီးသီးဖြစ်ပါတယ်။                   MIRT (DOBT)