Main menu

Background

ယခုနှစ် ဟိုပုံးချင်းအထွက် ထက်ဝက်ခန့်လျော့

Fri, 02/01/2013 - 04:47 -- ydnar

အောင်ပန်းဈေးကွက်ကို ဒီတစ်ပတ်ချင်း(စို) အဝင်နည်းနေပါတယ်။ အောင်ပန်း အနီးတစ်ဝိုက်နဲ့ တီကျစ်မြို့နယ်တွေက ချင်းတွေသာအနည်းငယ်ဝင်နေတာလို့လည်း သိရပါတယ်။ ဒီလဆန်းပိုင်းမှာ ချင်းဈေး တက်လာတာကြောင့်  တစ်ရက်ကို ပိဿာ ချိန် လေးထောင်မှငါးထောင်ခန့်အဝင်ရှိနေပေမယ့် လလယ်လောက် မှာ ဈေးအနည်း ငယ်ပြန်ကျလာလို့ အဝင်လည်းပြန်နည်းသွားပါတယ်။ ဒီတစ်ပတ်ချင်းအဝင်က တစ်ရက်ကို ပိဿာချိန်တစ်ထောင်၊ နှစ်ထောင်ခန့်သာ အဝင်ရှိတော့တယ်လို့လည်း ချင်းပွဲရုံတွေကသိရပါတယ်။ အခုအပတ် မှာတော့ စစ်တွေ ဝယ်လက်ကလည်း ပြန်ပြီး ဝယ်ယူနေတာကြောင့် ဈေးက လည်း ပြန်တက်လာ ပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ ပေါက်ဈေးတွေကပယ်ချင်းလို့ခေါ်တဲ့ ညံ့စက တစ်ပိဿာ ၃၀၀ ကျပ် ဈေးရှိပြီး၊ ချင်းတက်ကတော့ တစ်ပိဿာ ၃၅၀ ကျပ်မှ ၃၇၀ ကျပ်ဈေးရှိ ပါ တယ်။ လက်ကျန်နည်းနေ တဲ့ချင်းခြောက်ကတော့တစ်ပိဿာ ၁၃၀၀ - ၁၄၀၀ကျပ် ဈေးရှိပါတယ်။

ဟိုပုံးချင်းလည်းဈေးကွက်မှာ အနည်းငယ် ဝင်လာစပြုပါပြီ၊ ဒီနှစ်က ချင်း အထွက်နှုန်းကလည်း အတော် လျော့တယ်လို့လည်း သိရပါတယ်။ အရင်နှစ်တွေက ချင်းပိဿာချိန် တစ်ထောင်စိုက်ရင် ပိဿာချိန် ခုနှစ်ထောင် ခန့်ထွက်ပေမယ့် ဒီနှစ် ကတော့ သုံးထောင်၊ သုံးထောင့်ငါးရာခန့်သာ ထွက်တယ်လို့လည်း သိရပါတယ်။ ဟိုပုံးချင်းက အနိမ့်စမှာ ၂၈၀ ကျပ်ရှိပြီး၊ ချင်းအခက်လှရင် ၂၈၀ ကျပ်မှ ၃၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ လက်ကျန်လည်း နည်းနည်းသာကျန်ပြီး တစ်ပိဿာ ၁၄၅၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ဧဧခိုင် - တောင်ကြီး