ကျောက်မျက်နှင့် ဓာတ်သတ္တုရှာဖွေတူးဖော်ထုတ်လုပ်မှု စက်မှုကဏ္ဍဖွံ့ဖြိုးမှုအတွက် နိုင်ငံတော်အစိုးရမှ အလေးထား ဆောင်ရွက်လျက်ရှိရာ ဓာတ်သတ္တု တူးဖော် ထုတ်လုပ်မှုအပိုင်း တွင်လည်း အခြေခံကောင်းများစွာကို ချမှတ်ပေးခဲ့သည်။ နိုင်ငံတော်အစိုးရ တာဝန်ယူပြီးသည့် နောက်ပိုင်းကာလ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တွင်းထွက်သယံဇာတပစ္စည်းများကို ပိုမိုထုတ်လုပ်လာနိုင်သည့်အပြင် ကျောက်မျက်ရတနာလုပ်ကွက်များ၊ သတ္တုတွင်းလုပ်ကွက်များကို တိုးခဲျ့ ဖော်ထုတ်ပေးကာ ခေတ်မီနည်းစနစ်များဖြင့် နည်းစနစ်တကျ တူးဖော်ထုတ်လုပ်ခွင့်များ ချမှတ်ပေးကာ နိုင်ငံတော်၏ သယံဇာတအရင်းအမြစ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် စီမံခဲ့ပါသည်။ ယခင်က ဖားကန့် ရတနာမြေမှသာ ကျောက်မျက်ရတနာများကို ထုတ်ယူနိုင်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မိုင်းရှူးရတနာ မြေအသစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ မိုင်းရှူးရတနာမြေ ကျောက်မျက် လုပ်ကွက်ပေါင်း ၂၂၇ ကွက်မှ ကျောက်မျက်ကာရက် ထောင် ပေါင်း ၆၇၄၉ ဒသမ ၆၆ ကို ၂ဝဝ၉ ခုနှစ်အတွင်း ထုတ်ယူနိုင်ခဲ့သည်။ ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် မေလအထိ ကျောက် မျက်ရတနာထုတ်လုပ်မှု အခြေအနေကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်- ကျောက်စိမ်း ပတ္တမြား နီလာ ပုလဲ (ကီလိုဂရမ်) (ကာရက်) (ကာရက်) (မိုမီ) ၂ဝဝ၆-ဝ၇ ၂ဝ၄၅၈၂၇၉ ၁၅၅၅၅၉၆ ၇၁၅၁၆ဝ ၂၄ဝ၅၉၅ .၉၇ ၂ဝဝ၇-ဝ၈ ၂ဝ၂၃၅ဝ၃ဝ ၁၅၁၈၈၅၄ ၃ဝ၈၆၄၂ ၂၂၅၆၁၁ .၄ဝ ၂ဝဝ၈-ဝ၉ ၃၂၉၂၁၅၄၂ ၁၈၂၁ဝ၈၅ ၁၂၃၄၅၉၆ ၂ဝ၁ဝ၈၁ .၆၉ ၂ဝဝ၉-၂ဝ၁ဝ ၂၅၇၉၅၄၁၅ ၁၆၉၂၅၈၇ ၁ဝ၅၁၇၇၃ ၂၂၉၉၅၁ .၁၉အခြားဓာတ်သတ္တုများ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာနှစ်မှ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ် အခြားဓာတ်သတ္တုများ တိုးတက်ထုတ် လုပ်မှုများကို အောက်ပါ အတိုင်း ဖော်ပြအပ်ပါသည် - ရေတွက်ပုံ - မက်/တန် ဘဏ္ဍာနှစ် သံဖြူ အဖြိုက်နက် သံဖြူ၊အဖြိုက်နက်နှင့် သန့်စင်ပြီးခဲ ရှီးလိုက်ရောရာ (မက်-တန်) (မက်-တန်) (မက်-တန်) (မက်-တန်) ၂ဝဝ၆-ဝ၇ ၇၈၆ ၇ ၇၆၅ ၅၁၂ ၂ဝဝ၇-ဝ၈ ၈၁၁ ၉ ၉၂၂ ၂ဝ၂ ၂ဝဝ၈-ဝ၉ ၇၂၉ ၈ ၄၅၄ ၂ဝဝ ၂ဝဝ၉-၁ဝ ၇၂၇ ၁ဝ ၄၅၇ -ထို့အပြင် အခြားဓာတ်သတ္တုများဖြစ်သည့် ခနောက်စိမ်း၊ ဂရင်း နိုက်အလှဆင်ကျောက်၊ ဘရိုက် တီးကျောက်မှုန့်၊ မီးခံမြေစေး၊ ထုံးကျောက်(စက်မှုနှင့်အလှဆင်)နှင့် ခဲမဖြူ(သန့်စင်)၊ သလင်းြွကယ်ကျောက် အစရှိသည့် ဓာတ်သတ္တုများကို ထုတ်လုပ်နိုင်ခဲ့သည်။
Background