Main menu

Background

ပင်လယ်ရေကြောင်းမှ ရော်ဘာအဆင့်စုံ ပိုမိုတင်ပို့

Fri, 02/01/2013 - 07:39 -- ydnar

ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၂၉၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၇၆ တန်ကျော်ကို မလေးရှား၊ စင်္ကာပူနဲ့ တရုတ်နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကတန် ၉၅၀ ကျော်သာတင်ပို့ခဲ့တာမို့ ယခုအပတ်မှာတန် ၂၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မလေးရှားနိုင်ငံသို့ RSS-3 ၄၃၆ တန်ကျော်၊ MSR-20 ၂၀၁ တန်ကျော်နဲ့ RSS-1 ၁၆ တန်ခန့်ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံသို့RSS-3 တန် ၂၁၀ နဲ့ MSR-20 တန် ၁၀၀ ကျော်ဖြစ်ပါတယ်။ တရုတ်နိုင်ငံကိုတော့ MSR-20 ၂၀၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် နိုင်ငံတကာ်ရော်ဘာဈေးနှုန်းမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်းသွားပါတယ်။ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်းက ထုတ်ပြန်တဲ့ FOB ရော်ဘာဈေးတွေကတော့ RSS-1 တစ်တန်လျှင်ဒေါ်လာ ၃၀၀၀-၃၁၀၀၊RSS-3 နဲ့MSR-20 တစ်တန်လျှ င်ဒေါ်လာ ၂၉၀၀-၃၀၀၀ ၊RSS-5 နဲ့MSR-50  တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊MSR-10 တစ်တန်လျှင်ဒေါ်လာ ၂၉၅၀-၃၀၅၀ အသီးသီးဖြစ်ပါတယ်။ MIRT (DOBT)