Main menu

Background

အမြတ်ရရန်ပြန်လည်ရောင်းချမှု များရှိလာသည့်အတွက် ရော်ဘာဈေးနှုန်းပြန်လည်ကျဆင်း

Fri, 02/01/2013 - 07:55 -- ydnar

ဇန်နဝါရီလ ၂၁ ရက်နေ့ ရော်ဘာဈေးနှုန်းများ ယခင် သတင်းပတ်ကထက်အားနည်းလာတယ်။ ဇန်နဝါရီလအ တွင်း ရော်ဘာဈေးနှုန်းများမြင့်မားလာတဲ့အတွက် အမြတ်ရဖို့ ပြန် လည်ရောင်းချမှုများ ရှိလာခဲ့ရာ ဈေးနှုန်းပြန်လည် ကျဆင်း လာတယ်လို့ သိရတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့က တစ်တန် ကို ၃၃၄၃ ဒသမ ၅၀ ဒေါ်လာရှိနေခဲ့တဲ့ ထိုင်းရော်ဘာ RSS-5 (မှိုင်းခံရော်ဘာအဆင့်-၅) ကဇန်နဝါရီလ ၂၁ ရက်နေ့မှာ တစ်တန်ကို ၃၂၉၆ ဒေါ်လာအထိ ၄၇ ဒသမ ၅၀ ဒေါ်လာ ဈေးကျလာတယ်။

ဒါပေမဲ့ ဂျပန်ယန်းငွေတန်ဖိုး ဆက်လက်ကျဆင်းမယ် ခန့်မှန်းခြင်းနဲ့ တရုတ်နိုင်ငံရဲ့ ရေနံစိမ်းဝယ်လိုအား မြင့်မား လာခြင်းဟာရေနံစိမ်းဈေးနှုန်းကိုမြင့်မားစေမယ်လို့နိုင်ငံတကာ စွမ်းအင်အေဂျင်စီ(IEA) က ခန့်မှန်းခြင်းတို့ကြောင့် ရင်းနှီး မြှုပ်နှံသူများက ရော်ဘာဈေးနှုန်းဆက်လက်မြင့်မားမယ်လို့  ခန့်မှန်းကြတယ်။ ရှန်ဟိုင်းကြို ပွိုင့် ရောင်းဝယ်ရေး မှ ထိန်းချုပ် တဲ့ရော်ဘာသိုလှောင်ရုံတွေမှာလည်းယခုသီတင်းပတ်ရော်ဘာ သိုလှောင်မှုဟာ ယခင် သီတင်းပတ်က ထက် သုည ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ရာ လပေါင်းများစွာအတွင်း ပထမဆုံး အကြိမ်သိုလှောင်မှု ပမာဏကျဆ င်းခြင်းဖြစ်တယ်လို့ သိရ တယ်။ ၎င်း သတင်းကလည်း ရော်ဘာဈေးနှုန်းကို မြင့်မား အောင် အထောက်အပံ့ပေး လျက်ရှိတယ်။             ပပ