Main menu

Background

ကလေး မြေထောက်ပဲများ စပေါ်ပြီ

Mon, 02/04/2013 - 04:35 -- ydnar

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်မှာ ၂၀၁၂-၂၀၁၃ ဆောင်းသီးနှံမြေထောက်ပဲ စိုက်ပျိုးရန် လျာထားဧက ၉၈၁ မှ စိုက်ပျိုးဧက ၁၈၈၈ စိုက်ပျိုးခဲ့လို့ လျာထားချက်အပေါ် ၁၉၂ ရာခိုင်နှုန်းစိုက်ပျိုးနိုင်ခဲ့ ပါတယ်။ မြေ ထောက်ပဲစိုက်တောင်သူတစ်ဦးရဲ့ ပြောပြချက်အရ ကလေးမြို့ရဲ့ အဓိကမြစ် ၂ စင်းဖြစ်တဲ့ မြစ်သာမြစ် နဲ့ နေရဉ္စရာမြစ်ဆုံရာနေရာရှိ သဲသောင်တွေမှာ မြေ ဆီ မြေနှစ်၊ မြေသြဇာ အလွန်ကောင်းတာကြောင့် တစ်ဧကကို မြေထောက်ပဲ ၂၅ တင်းလောက်ထွက်နိုင်ကြောင်း၊ ဖေဖော်ဝါရီလဆန်း ၁၀ ရက်လောက်အတွင်း သူရဲ့ ပဲခင်းကို ရိတ်သိမ်းမှာဖြစ်ကြောင်းပြောပါတယ်။ ယခုလက်ရှိကတော့ ပဲဈေးကွက်ကို ကျေးရွာများမှ တစ်ရက် ကို မြေထောက်ပဲ တင်း ၁၅၀-၂၀၀ ခန့်ဝင်ရောက်ပြီး၊ ဇန်နဝါရီ ၃၀ ရက်နေ့ပေါက်ဈေးမှာ တစ်တင်းကို ၂၁၀၀၀ ကျပ်ရှိပြီး၊ မုံရွာ ကုန်စည်ဒိုင်မှာ ဇန်နဝါရီ ၃၀ ရက်နေ့ ပေါက်ဈေးတစ်တင်း ၂၃၅၀၀ ကျပ် ဖြစ် ကြောင်း ကုန်စည်ဒိုင်ရပ်ကွက်က သိရပါတယ်။         သန်းသန်းတင်-ကလေး