Main menu

Background

မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပရဆေးပိုမိုတင်ပို့

Mon, 02/04/2013 - 04:43 -- ydnar

မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၈၅၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃၈၈ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၃၆၄ တန်ကျော်သာတင်ပို့ နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ ၂၄ တန်ကျော်ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခုအပတ်မှာ ဝဥခြောက်၊ တောဂျူးမြစ်၊ ကြောင် လျှာစေ့နဲ့ ဆီးဆံတို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ နေလဲစေ့၊ ကြက်ဆူ စေ့နဲ့ တောချင်းတို့ကတော့ ယခင်အပတ်က ထက်တင်ပို့ မှု လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့မှုမရှိတဲ့ ကွမ်းစား ဂမုန်း၊ ချဉ်ပေါင်ဖာလာ (အခွံမပါ) နဲ့ တောင်လုံးကျော် တို့ကိုလည်း ယခုအပတ်မှာ အပို့ရှိခဲ့ပါတယ်။ ယခုအပတ် မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်းတန်ဖိုးရှိ ဟင်းရိုင်းဖြူ ၁ တန်ခန့်၊ကန်ဒေါ်လာသုည ဒသမ ၀၀၁သန်းတန်ဖိုးရှိ ဆူး ပန်း ၁ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုး ရှိ ဇာတိပ္ဖိုလ်သီး ၁ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်းတန်ဖိုးရှိ ဆောင်းမေခါး ၂ တန်ခန့်ကိုလည်း တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်ရေး စခန်းမူဆယ် အနေနဲ့ ဇန်နဝါရီတစ်လလုံးမှာတော့ ကန်ဒေါ်လာ ၃ ဒသမ ၅၂၇ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၁၆၀၉ ကျော် တင်ပို့နိုင်ခဲ့ပြီး တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၂၁ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၄ တန်ကျော်တင်သွင်းနိုင်ခဲ့ပါတယ်။MIRT (DOBT)