Main menu

Background

တင်ပို့မှု အားကောင်းတဲ့ ဖရဲ၊ သခွား၊ လိမ္မော်

Mon, 02/04/2013 - 06:35 -- ydnar

မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်စခန်းမှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၆၄ သန်းတန်ဖိုးရှိ လိမ္မော်သီး ၂၉၀ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၁၄၅ တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ဇန်နဝါရီလတစ်လလုံး လိမ္မော်သီး ၅၄၁ တန်ကျော်ကိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှလည်း ကန်ဒေါ် လာ ၁ ဒသမ ၉၈၇ သန်းတန်ဖိုးရှိ ဖရဲသီး ၁၃၁၁၂ တန်တင်ပို့ ခဲ့ ပါတယ်။ ယခင်အပတ်ကထက် ၂၄၇၆ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ဖရဲသီးကားများ တစ်နေ့ပျမ်းမျှအစီး ၁၀၀ ခန့် အဝင်ရှိနေပြီး နှစ်သစ်ကူးရာသီချိန်မို့ ဖရဲသီးများအဝယ် လိုက်နေခြင်းဖြစ်ပါတယ်။

သခွားမွှေးတင်ပို့မှုကတော့ ယခုအပတ်မှာ ကန်ဒေါ် လာ သုည ဒသမ ၃၈၈ သန်းတန်ဖိုးရှိသခွားမွှေး၁၃၇၅ တန် ကျော်တင်ပို့ခဲ့ပြီး ယခင်အပတ်ကထက် ၄၄ တန် ပိုမိုတင်ပို ခဲ့ပါတယ်။ တစ်နေ့ကိုပျမ်းမျှ သခွားမွှေးကား ၁၀ စီးကျော် အဝင်ရှိပြီး သခွားမွှေးတစ်ကီလိုကို ၅ ဒသမ ၅ မှ ၅ ဒသမ ၇ ယွမ်ဈေးပေါက်တယ်လို့သိရပါတယ်။ နှစ်သစ်ကူးပွဲတော်ရာသီစာဖြစ်တဲ့ ဆီးသီးတင်ပို့မှု ကတော့ယခုအပတ်မှာကန်ဒေါ်လာ သုည ဒသမ ၁၄၉ သန်း တန်ဖိုးရှိ ဆီးသီး ၉၁၄ တန်ဖြစ်ပြီး ယခင်အပတ်ကထက် တန် ၁၄၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဆီးသီးဂျပ်ဖာ တစ်ဖာလျှင် ၅၇ ယွမ်ဈေးပေါက်တယ်လို့ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။ ၂၀၁၃ ခုနှစ်ဇန်နဝါရီလတစ်လလုံးမှာ ဖရဲသီး ၄၅၈၂၈ တန်၊ သခွားမွှေး ၄၇၄၀ တန်နဲ့ ဆီးသီး ၂၁၅၈ တန် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။MIRT (DOBT)