Main menu

Background

အကောက်ခွန်မဲ့ ကြက်ဆီဘူး ကျပ် ၇ သိန်းကျော်ဖိုး နောင်ချိုမှာ စစ်ဆေးတွေ့ရှိ

Mon, 02/18/2013 - 08:03 -- ydnar

စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီး ထိန်း ချုပ်ရေးအဖွဲ့ Mobile Team  အဖွဲ့-၁ ဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် ၁၉း၀၀ ချိန်မှာ နောင်ချိုမြို့ Asia World ဂိတ်အနီး ကုန်တင်ယာဉ်များကိုစစ်ဆေး စဉ် အကောက်ခွန်မဲ့ ကြက်ဆီဘူးများကို Light Truck  ယာဉ်တစ်စီးပေါ်မှ တွေ့ ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ လားရှိုးမှ မန္တလေးသို့သွားတဲ့ Light Truck  ယာဉ် ၈ဂ/xxxx ပေါ်မှာ ခန့်မှန်းတန်ဖိုး ကျပ် ၇၂၀၀၀၀ ရှိ အကောက်ခွန်မဲ့ကြက်ဆီဘူး ၁၂၀၀ ကီလို (၁ ကီလိုပါ ၁၂၀၀ ထုပ်) ကို Mobile Team    အဖွဲ့-၁ မှ စစ်ဆေးတွေ့ရှိခဲ့ တာ ဖြစ်ပါတယ်။ ပုပ်သိုးပျက်စီးလွယ်ပစ္စည်းဖြစ်တဲ့အပြင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေနဲ့ တင်သွင်း ခွင့်ထောက်ခံချက်မပေးနိုင်ခြင်းကြောင့် အဖွဲ့စုံနဲ့ မီးရှို့ ဖျက်ဆီးမှုကိုဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းရရှိပါတယ်။ှSource:လရ-၁,MTN