ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ညောင်ခါးရှည်လမ်းခွဲအလွန် သံလမ်းကူးအနီး ရှောင်ကွင်းလမ်းကို Light Truck ယာဉ် ၂ စီးဝင်ရောက်သွားကြောင်း ညောင်ခါး ရှည်ရဲစခန်းမှူးရဲ့သတင်းအရ စခန်းထုတ်နုတ်အင်အား၊ လရ-၂ ထုတ်နုတ်အင်အား နဲ့ ပူးပေါင်းဖမ်းဆီးမှုကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၂၁း၄၀ အချိန်မှာ ပြုလုပ်ခဲ့ရ တယ်လို့ သတင်းရရှိပါတယ်။ အဝေးပြေးလမ်းမကြီးပေါ်မှာ ပူးပေါင်းပိတ်ဆို့နိုင်ခဲ့ပြီး Light Truck ယာဉ် ၅ဂ/xxxx နဲ့ ၈ဇ/xxxx ၂ စီးအား လရ-၂ အခြေပြုနေရာသို့ ခေါ်ဆောင်ခဲ့ပြီး ယာဉ်ပေါ်ပါကုန်များအား အသေးစိတ်ဖွင့်ဖောက်စစ်ဆေးရာမှာ ကျပ်သိန်း ၆၃ ဒသမ ၀၅၀ တန်ဖိုးရှိ ကားပစ္စည်း ၃၂ မျိုးနဲ့ ကျပ်သိန်း ၅၀ ဒသမ ၈၆၂ တန်ဖိုးရှိ PVC ဖျာ၊ ကော်ဖီခွက်၊ ခေါင်းလိမ်းဆီ၊ ဆပ်ပြာ၊ ကလေးနို့ဘူး၊ ကလေးဝတ်တီရှပ်၊ မဝတ် အဝတ်အထည်များနဲ့ ကားကူရှင်စွပ်များကို တွေ့ရှိခဲ့ရတဲ့ အတွက် အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုဖွင့်ဆောင်ရွက် ထားပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၄ ရက် ၁ရး၄၀ အချိန်မှာ လရ-၂ အခြေပြုနေ ရာသို့ ဖြတ်သန်းသွားတဲ့ ဒေသထွက်ပဲများတင်ဆောင်လာတဲ့ Dyna ယာဉ် ၇ဃ/xxxx ကို စူးထိုးစစ်ဆေးရာမှာ ပဲအိတ်များအောက်မှ ကျပ် ၉ ဒသမ ၇၀၅ သိန်းတန်ဖိုးရှိ ပဲပုပ်စေ့အချဉ်ပုလင်းဖာများ၊ ခရုဆီပုလင်းဖာများ၊ Deedo နဲ့ Sprite အချိုရည် ဘူးများကို စစ်ဆေးတွေ့ရှိရတဲ့အတွက် အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက် လိုက်ရတယ်လို့ သိရပါတယ်။ ပညာပေးကာလကျော်လွန်ပြီး အရေးယူကာလ ၁ လနီးပါးရှိ လာတဲ့တိုင် တရားမဝင် ကုန်သယ်ယူမှုများ ရှောင် ကွင်းသွားနေဆဲတွေ့နေရပါတယ်။ လွတ်ရင်အမြတ် မလွတ်ရင်သာအဖမ်းခံမယ် ဆိုတဲ့ တစ်လွဲဆံပင်ကောင်း အာဂသတ္တိရှင်များကို ထိရောက်တဲ့စံနမူနာပြ အပြစ်ပေး အရေးယူမှုများ လုပ်သင့်ပြီလို့သာ ပြောချင်ပါတော့တယ်။Source: လရ-၂၊MTN