ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ Mobile Team အဖွဲ့-၂ မှ ကျပ် ၁၁၆၈ သမ ၆၇၁ သိန်း တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများကို စစ်ဆေးတွေ့ရှိ ခဲ့ရတဲ့အတွက် အကောက်ခွန်အမှုတွဲများဖွင့်လှစ်ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနဲ့အညီဆောင်ရွက်ထားတယ်လို့ သတင်းရရှိပါတယ်။
စစ်ဆေးတွေ့ရှိရတဲ့ပစ္စည်းတွေကတော့ စားဖိုချောင်သုံး စတီးပစ္စည်းများ၊ စတီးအိုးခွက်များ၊ ရေခဲဘူး၊ ပဲပုပ်စေ့အချဉ် ပုလင်း၊ အိမ်သုံးဆေးဝါးများ၊ ပီလောပီနံမှုန့်၊ ပိုးသတ်ဆေး၊ အသီးပွင့်အားဆေး၊ ဆေးဖျန်းပိုက်၊ ကွမ်းစားဆေး၊ Chang Beer, Singha Beer, Spy Wine, Diablo Beer, ဝီစကီ၊ Volka အရက်၊ကော်ဖီ၊စားဆီ၊ ဘီစကစ်၊ ဝေဖာ၊ မုန့်ဖာ၊ မုန့် သေတ္တာပုံး၊ ပဲနို့ရည်၊ ပူရှိန်းတောင့်၊ အချိုရည်မျိုးစုံ၊ ခေါက်ဆွဲ ခြောက်၊ ငါးသေတ္တာ၊ ကော်ဖီကရင်မ်မာ၊ ငံပြာရည်၊ ခရုဆီ၊ Nivea တံဆိပ်အလှကုန်များ၊ ကျား/မ ကလေးဝတ် ဂျင်း အထည်များ၊အနွေးထည်များ၊ ကလေးခေါင်းအုံး၊ ပလတ်စတစ် ဖျာ၊ ခေါင်းလိမ်းဆီ၊ အဝတ်အထည် (တီရှပ် ကလေး/မဝတ်)၊ ကားကူရှင်စွပ်၊ ကားဘီးစွပ်၊ ဆပ်ပြာ၊ ခလေးနို့ဘူး၊ ကားပစ္စည်း မျိုးစုံတို့ဖြစ်ကြပါတယ်။ စစ်ဆေးတွေ့ရှိရမှုကိုကြည့်လျှင် စာရွက်စာတမ်းပြည့်စုံမှု မရှိသလို ID ထက်ပိုမိုတာ၊ Manifest မှာ မပါတဲ့ပစ္စည်း၊ မည်သည့် စာရွက်စာတမ်းအထောက်အထားမပါတာလည်း ရှိနေပါတယ်။ တရားမဝင်ပစ္စည်းများကို ရှောင်ကွင်းလမ်းမှ သယ်ယူနေသလို ကားအမိုးပေါ်မှာ ဖြန့်တင်တာမျိုး၊ ယာဉ် မောင်းခေါင်းခန်းမှာ သယ်လာတာမျိုး၊ အံဝှက်များ၊ နောက်ဆုံးတန်းထိုင်ခုံအောက်များ၊ Gas အိုးအကန့်များ၊ ရေတိုင်ကီခန်းတို့မှာ ဝှက်သယ်လာ တာမျိုး၊ တောင်ထန်း အောက်၊ထုံးအိတ်များအောက်မှာ ဝှက်သယ်လာတာမျိုး နည်း မျိုးစုံနဲ့တရားမဝင် သယ်ဆောင် နေကြတာကို တွေ့ရှိနေရပါ တယ်။ အရက်နဲ့ဘီယာ၊ ဝိုင်ကလွဲလျှင် ကျန်သိမ်းဆည်းရတဲ့ ပစ္စည်းတွေဟာ တရားဝင်ကုန်သွယ်ခွင့်ပေးထားတဲ့ပစ္စည်းတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ထုတ်ကုန်သွင်းကုန်မှတ်ပုံတင် လုပ်မထားလျှင်တောင် ITC (Individual Trading Card) နဲ့ သွင်းလို့ရတဲ့ပစ္စည်းများလည်း ပါရှိနေတာတွေ့နေ ရပြန်ပါ တယ်။ အစိုးရသစ်အနေနဲ့ ဖြေလျော့မှုအဆင့်ဆင့်ဆောင်ရွက် ပေးနေသော်လည်း အခွန်ရှောင်ပြီး တရားမဝင် ကုန်သွယ်မှု တွေ များပြားနေတဲ့အတွက် တရားဝင်လုပ်ဆောင်သူများနဲ့ ပြည်တွင်း SMEs များကို အကာအကွယ် ပေးရန် တရားမဝင် ကုန်သွယ်မှုများကို တားဆီးထိန်းချုပ်နေရခြင်းကို မလွဲမသွေ လုပ်ရန်လိုအပ် တယ်ဆိုတာ ယခုလိုသိမ်းဆည်းရမိမှုတွေက သက်သေပြလျက်ရှိနေကြောင်းပါ။ Source: လရ-၂၊MTN