Main menu

Background

ဆီကြမ်းကြိတ်စက်နှင့် မြေသြဇာပက်ဖျန်းတဲ့စက်များ နယ်စပ်မှတင်သွင်းလာ

Mon, 02/18/2013 - 08:04 -- ydnar

ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီ လဒုတိယအပတ်အတွင်းမှာ စားအုန်းဆီ ဆီကြမ်းကြိတ်တဲ့ စက်အပိုပစ္စည်းများ ဆီအုန်းပျိုးခင်းများကို မြေသြဇာ ကျွေး ရာမှာ အသုံးပြုတဲ့ပက်ဖြန်းစက် (Fertilizer Spreader) တို့ ကို ယုဇနဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီက တင်သွင်း ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ယခင်ကော့သောင်းမြို့ရှိ ယုဇနဆီအုန်းစက်မှာ လက်ရှိ အသုံးပြုနေတဲ့ ဆီကြမ်းကြိတ်စက်လည်ပတ် နေသည်မှာ ၆ နှစ်ကျော်ရှိနေပြီဖြစ်ကြောင်း၊စက်အပိုပစ္စည်းများလည်း အသစ် လဲလှယ်တပ်ဆင်လျက်ရှိကြောင်း၊ ယခုစက်မှာ ကော့သောင်း ၃၈ မိုင်စက်ရုံအသစ်အတွက် ဝယ်ယူ တင်သွင်းခြင်းဖြစ် ကြောင်း၊ မိုးတွင်းကာလတွင် ဆီအုန်းများ ပိုမိုရင့်မှည့်၍ နဂိုရှိပြီးဆီကြမ်းကြိတ်စက်တစ်လုံးဖြင့် လုပ်ငန်းလုပ်ဆောင်ရန် မလုံလောက်တဲ့အတွက် စက်အသစ်တစ်လုံး ထပ်မံတပ်ဆင်ရ ခြင်းဖြစ်ကြောင်း ယုဇနဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ရှင်းပြခဲ့ပါတယ်။ အဆိုပါ ဆီကြမ်းကြိတ်စက် မှာ ၁ နာရီကို တန် ၆၀ ကျတဲ့စက်ဖြစ်ပြီး ရရှိလာတဲ့ ကုန် ကြမ်းဆီနဲ့ ကြိတ်ဖတ်များကို ရန်ကုန်ရှိသာကေတဆီစက်သို့ ပို့ဆောင်ကာ အရောင်ချွတ်ခြင်း၊ အနံ့ချွတ်ခြင်း၊ ကုန်ချော ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ်တယ်လို့ သိရပါ တယ်။ ဆီအုန်းပျိုးခင်းအပင်ပေါက်များ သောင်းချီရှိရာ ဓာတ်မြေ သြဇာကျွေးရာတွင် လူလုပ်အား သက်သာစေ ရန်နဲ့ လွယ်ကူ စေရန်အတွက် ပျိုးခင်းပေါ်ဓာတ်မြေသြဇာကျွေးတဲ့စက် (Fertilizer Spreader) ကို အ သုံးပြုခြင်း ဖြစ်ကြောင်း၊ Spreader  နဲ့ဖြန်းထားပြီး ရေလောင်းတဲ့အခါမှာ အမှုန့်များရေမှာ ပျော် ဝင်သွားတဲ့အတွက် သုံးစွဲရ ပိုမို လွယ်ကူစေတယ်လို့ သိရပါ တယ်။             Source: နကသ (ကသ)၊AAM