Main menu

Background

ဖေဖော်ဝါရီ ဒုတိယပတ် မုံရွာပဲဈေးကွက် Export အတွက် မြေထောက်ပဲအဝယ်သွက်

Mon, 02/18/2013 - 08:59 -- ydnar

မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ဒုတိယပတ် ပဲဈေးကွက်မှာ ပဲသစ်တွေ ဈေးကွက်ထဲဝင်လာခဲ့ပေမယ့် Export  ဝယ်လက် မရှိခဲ့လို့ အငြိမ်ဈေးနဲ့သာ ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ကုလားပဲမျိုးစုံဈေး ကွက်အနေနဲ့ ယခုအပတ် ထဲမှာ ပဲသစ်တွေ တစ်ရက်အိတ် ၁၅၀၀ ခန့် ဝင်လာခဲ့ပေမယ့် ပဲဟောင်းဈေးနဲ့သာ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ယခု တစ်ပတ်အတွင်း V2 တစ်တင်း ၁၆၃၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၆၇၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၅၈၀၀ ကျပ်ဈေး အသီးသီးအမြင့်ဆုံး ပေါက်ခဲ့ကာ Export  ဝယ်လက် မရှိဘဲ ဒေသလုပ်ငန်းသုံးသမားနဲ့ လှောင်လက်ဝယ်ယူမှုသာရှိခဲ့တယ် လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။

မုံရွာကုန်စည်ဒိုင်နယ်မြေမှာ စိုက်ပျိုးမှုများပြားတဲ့ ပဲစင်း ငုံနီအသစ်တွေ ဈေးကွက်ထဲ တစ်ရက်အိတ် ၃၀၀၀ ခန့် ဝင် လာပြီး၊ Export   အတွက် ရန်ကုန်ဝယ်လက်မရှိဘဲ ဒေသ လှောင်လက်အဝယ်ကြောင့် ပုံမှန်အရောင်း အဝယ် ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။ယခုတစ်ပတ်အတွင်း တစ်တင်း ၁၈၁၀၀ ကျပ် ထိပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ အရောင်းအဝယ်အားဖြင့် တစ်ရက် အိတ် ၂၀၀၀ မှ ၃၀၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းကြီးဈေးကွက်မှာတော့ နယ်အဝင် မရှိသလောက်ရှားသွားပြီး၊ ပစ္စည်းရှိတဲ့နေ့ မှာ ဈေးဖွင့်နိုင်ကာ တစ်တင်း ၂၂၀၀၀ ကျပ်ဈေးထက် တက်မလာသလို ဝယ်လို အားလည်းကောင်းနေဆဲလို့ သိရပါတယ်။ စိမ်းသေးကတော့ နယ်စုံမှပဲအဝင် အသင့်အတင့်ရှိခဲ့ကာ တစ်ရက်အိတ် ၁၀၀ မှ ၂၀၀ ကြားနေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပေါက်ဈေး အနေနဲ့ တစ်တင်း ၂၁၈၀၀ ကျပ်မှာ ငြိမ်နေတယ်လို့ သိရပါ တယ်။ လောလောဆယ် မုံရွာ ကုန်စည်ဒိုင်ပဲဈေးကွက်မှာ ဝယ် လိုအားကောင်းနေတဲ့ မြေထောက်ပဲဈေးကွက်အနေနဲ့ တမူး ဘက်က ပစ္စည်းအဝင်ပိုခဲ့ပြီး၊ ဖောင်းပြင်၊ ဟုမ္မလင်းလိုင်းက အဝင်နှေးနေတယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မုံရွာကုန် စည်ဒိုင် မြေထောက်ပဲဈေးကွက်မှာ တစ်တင်း ထိပ်စ ၂၇၃၀၀ ကျပ်နဲ့ အောက်စတစ်တင်း ၂၅၅၀၀ ကျပ်ဈေးဖြစ်ခဲ့ပြီး၊ အရောင်းအဝယ်အားဖြင့် တစ်ရက်အိတ် ၅၀၀ မှ ၇၀၀ ကြား နေ့စဉ်ရှိတယ်လို့ သိရပါတယ်။ ပဲသစ်ဈေးကွက်ထဲက ပဲကြီးဈေးလည်း ယခုတစ်ပတ် မုံရွာခရိုင်မှာ ပဲကြီးသေးတစ်တင်း ၂၇၀၀၀ ကျပ်၊ အကြီး တစ်တင်း ၃၁၀၀၀ ကျပ်နဲ့ ဈေးမာနေပြီး၊ Export မရှိပေမယ့် ဒေသတွင်း လုပ်ငန်းသုံးပဲကြော်ဖိုသမားတွေ ပုံမှန်အဝယ်ရှိလို့ တစ်ရက်အိတ် ၄၀၀ မှ ၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီပဲဈေးကွက်မှာပဲသစ်ဝင်ပြီး၊ Export  ဝယ်လက်မရှိပေမယ့် ပုံမှန်အရောင်း အဝယ်ဖြစ်လျက် ရှိတယ်လို့ ကုန်သည်ရပ်ကွက်က သိရပါတယ်။ထွန်းလှိုင် - မုံရွှာ