Main menu

Background

ပဲစင်းငုံဈေးအေးပေမယ့် ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်

Mon, 02/18/2013 - 09:13 -- ydnar

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ပဲစင်းငုံအဖြူလုံးကြီးတစ်ပိဿာ ၆၀၀ ကျပ်၊ ပဲစင်းငုံ အနီ တစ်ပိဿာ ၇၅၀ ကျပ်နဲ့ဈေးအေးသွား ခဲ့ပေမယ့် နေ့စဉ်ပဲစင်းငုံအိတ် ၈၀ မှ ၁၀၀ ဝန်းကျင်ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ ဇန်နဝါရီ ပထမပတ်က ပဲစင်းငုံအဖြူလုံးကြီး တစ်ပိဿာ ၇၅၀ ကျပ်နဲ့ အနီတစ်ပိဿာကို ၈၀၀ ကျပ်ဈေးရှိခဲ့တာကြောင့် အဖြူ တစ်ပိဿာကို ၁၅၀ ကျပ်နဲ့ အနီတစ်ပိဿာကို ၅၀ ကျပ်အထိ ဈေးလျော့နည်း သွားခဲ့ပေမယ့်လည်း အရောင်းအဝယ်ကတော့ ပုံမှန်ဖြစ်နေပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ၂၀၁၂-၁၃ ခုနှစ်၊ ပဲစင်းငုံစိုက်ဧက ၆၀၀၀၀ ခန့်ရှိပြီး၊ တန်ချိန် ၂၄၀၀၀ ခန့် ထွက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် ပဲစင်းငုံစိုက်တောင်သူအချို့နဲ့ တွေ့ဆုံဆွေးနွေးမှုများအရ အအေးလွန်ကဲခြင်းနဲ့ ပိုးမွှားအန္တရာယ် ကျရောက် ပျက်စီးခြင်းများကြောင့် ခန့်မှန်းထားတာထက် အထွက်နှုန်းလျော့ နည်းနိုင်ကြောင်း သိရပါတယ်။                           မင်းအောင် - တောင်ကြီး