Main menu

Background

ဈေးအနည်းငယ်အေးပေမယ့် အရောင်းအဝယ်ပုံမှန်ရှိတဲ့ မန်းကုန်စည်ဒိုင် ပဲယင်းဈေး

Mon, 02/18/2013 - 09:14 -- ydnar

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ မကွေးတိုင်းဒေသ ကြီးအတွင်းရှိတဲ့ မတ္တရာ၊ စဉ့်ကူး၊ တံတားဦး၊ မြို့သာ၊ ငါန်းဇွန်၊ ချောင်းဦး၊ မုံရွာ၊ ပခုက္ကူ၊ မကွေး၊ ချောက်၊ ရေနံချောင်း စတဲ့ ဒေသများက မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ကို နှစ်စဉ် ပဲယင်းတန်ချိန် တစ်သောင်းခွဲကျော် ဝယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချလျက် ရှိနေပါတယ်။

ဒေသတွင်းနဲ့ပြည်တွင်းဝယ်လက်များမှ ဝယ်ယူပြီး ဖြန့်ဖြူးရောင်းချသလို ပြည်ပ (တရုတ်နိုင်ငံ)ကိုလည်း တင်ပို့ရောင်းချလျက်ရှိပါတယ်။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ လဆန်းပိုင်းမှာ ပဲယင်းတစ်ပိဿာ ၅၃၃ ကျပ် (တစ်တန် ၃၂၆၄၀၄) ကျပ်မှ ၅၄၂ ကျပ် (တစ်တန် ၃၃၁၉၁၅) ကျပ်နဲ့ နေ့စဉ် ၆၀ ပိဿာဝင်အိတ် ၄၀၀ အိတ်မှ ၆၀၀ အိတ်(တန် ၄၀ ခန့်မှ တန် ၆၀ ခန့်အထိ)အရောင်းအဝယ် ဖြစ်ခဲ့သလို ယခု ဖေဖော်ဝါရီလလယ်ပိုင်းမှာလည်းပဲယင်းတစ်ပိဿာ ၅၁၇ ကျပ်(တစ်တန် ၃၁၆၆၀၆) ကျပ်မှ ၅၃၃ ကျပ်(တစ်တန် ၃၂၆၄၀၄)နဲ့နေ့စဉ်(၆၀ ပိဿာဝင်) ၄၀၀ အိတ်မှ ၇၀၀ အိတ်(တန် ၄၀ ခန့်မှတန် ၇၀ ခန့်) အရောင်းအဝယ်ဖြစ်နေပါတယ်။ ယခင် အပတ်နဲ့နှိုင်းယှဉ်ရင် ပဲယင်းအမြင့်ဈေး တစ်ပိဿာကို ၉ ကျပ်( တစ်တန် ၅၅၁၆) ကျပ် ဈေးအေးသွားကြောင်း သိရပါတယ်။ ဈေးအနည်းငယ်အေးသွားပေမယ့်လည်း ဒေသတွင်း၊ ပြည်တွင်းဝယ်လက် များနဲ့ပြည်ပဝယ်လက် အဆွဲပုံမှန်ရှိနေတာကြောင့်အရောင်းအဝယ်ဖြစ်မှုမှာ လျော့ကျ မှုမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ ပဲအမျိုးအစားအတော်များများ သီးနှံ ပေါ်ထွက်ချိန်ဖြစ်တဲ့အတွက် အခြားပဲများ ဈေးအနည်းငယ်အေးသလို ပဲယင်းဈေး အေးရခြင်းလည်း အနည်းနဲ့အများသက်ဆိုင်မှုရှိကြောင်း၊ တစ်ပိဿာ ၉ ကျပ်၊ တစ်တန် ၅၅၁၆ ကျပ်၊ ဈေး ကွာဟမှုမှာ ကျဉ်းမြောင်းသဖြင့် ဈေးငြိမ်တယ်လို့ ယူဆကြောင်း၊ ဒီထက်ပိုမိုဈေးကွာဟမှုရှိလာမှာကို စိုးရိမ်မိကြောင်း ပဲယင်း ပွဲစားကုန်သည်တစ်ဦးထံမှ သိရပါတယ်။          စိုးအောင် - မန္တလေး