Main menu

Background

အရောင်းအဝယ်ဖြစ်လာတဲ့ မန်းကုလားပဲဖြူကြီး

Mon, 02/18/2013 - 09:14 -- ydnar

မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ကို ကုလားပဲဖြူလုံးကြီး တန်ချိန် ၇၀၀၀၀ ကျော်နှစ်စဉ် ဝယ်ယူသိုလှောင်ဖြန့်ဖြူး ရောင်း ချရာမှ မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ၊ မင်းဘူး၊ တောင်တွင်းကြီး၊ ရေနံချောင်းစတဲ့ ဒေသများမှ ဝင်ရောက်လျက် ရှိပါတယ်။ ဇန်နဝါရီလအတွင်းမှာ ကုလားပဲဖြူကြီး တစ်ပိဿာ ၈၄၇ ကျပ်မှ ၈၆၄ ကျပ်၊ (တစ်တန် ၅၁၈၆၉၄ ကျပ်မှ ၅၂၉၁၀၅ ကျပ်)နဲ့ နေ့စဉ်အရောင်းအဝယ်ခပ်ပါးပါးသာဖြစ်ခဲ့ပြီး၊ယခုလလည်း ၈၄၇ ကျပ်မှ ၈၇၃ ကျပ် နဲ့ နေ့စဉ် (၅၇ ဒသမ ၂၅ ပိဿာ) အိတ် ၈၀၀ မှ ၁၀၀၀ အထိ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။

ကျန်ခဲ့တဲ့ လတွေမှာ လက်ကျန်ကုလားပဲ အဟောင်းများသာ အရောင်း အဝယ်ရှိပါတယ်။ ဒေသတွင်း ပဲခွဲစက်နဲ့ ပြည်ပပို့မယ့် ရန်ကုန်ဝယ်လက်များမှ ပုံမှန်လေးအရောင်းအဝယ်ရှိနေလို့ ဈေးကွာဟမှုမရှိပါဘူး။ တဖက်နိုင်ငံ မှ ဝယ်လက်ရဲ့ ဈေးပေးမှုအပေါ်မူတည်ပြီး၊ ဈေးနှုန်းပြောင်းလဲမှုရှိသော်လည်း ယခင် အပတ်နဲ့နှိုင်းယှဉ်ရင် ယခုအပတ်တွေမှာ ပိုမိုအရောင်းအဝယ်ဖြစ်ကြောင်း ကုန်သည် တစ်ဦးမှ ပြောပါတယ်။စိုးအောင် - မန္တလေး