Main menu

Background

တရားဝင် တင်သွင်းခွင့်ပြုထားသည့် ပလတ်စတစ်အိတ်များအစား ကျွတ်ကျွတ်အိတ်များ တင်သွင်းလာသည့်အတွက် သိမ်းဆည်းခဲ့

Mon, 02/25/2013 - 06:12 -- ydnar

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က တရားဝင်    တင်သွင်းခွင့်ပြုထားတဲ့ ပလတ်စတစ်အိတ်များအစား  ကျွတ် ကျွတ်အိတ်များ    တင်သွင်းလာတဲ့ အတွက် သိမ်းဆည်းခံရကြောင်း သိရ ပါတယ်။

Mobile Team အဖွဲ့ဟာ  တရား ဝင်လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုထားတဲ့ Plastic Bag (Printed)  ပလတ်စ တစ်အိတ် ၁၈ တန်အစား ကျွတ်ကျွတ် အိတ် ၁၈ တန်နဲ့ အပိုတင်ဆောင်လာ တဲ့ ကျွတ်ကျွတ်အိတ် ၁၆ တန် စုစု ပေါင်း ၃၄ တန်အပြင် ကော်ဖြတ်စက် သုံး ဓားများအပါအဝင် စုစုပေါင်း ခန့် မှန်းတန်ဖိုး ၄၅၅၄၄၃၀၀ ကျပ်ကို သွင်း ကုန်ယာဉ် သုံးစီးပေါ်မှ အမျိုးအစားလွဲ ပိုမိုတင်သွင်းသယ်ဆောင်လာတာကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပါတယ်။တာဝန်ရှိတဲ့  Mobile Team စစ် ဆေးရေးအဖွဲ့အနေဖြင့် တရားဝင်အခွန် ဆောင်တင်သွင်းလာခြင်းဖြစ်တဲ့အတွက် နစ်နာမှုမရှိအောင် ကျွတ်ကျွတ်အိတ် များ ဟုတ်/မဟုတ် သေချာစိစစ်ဖော် ထုတ်နိုင်အောင် စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိတစ်ဦးနဲ့ ပြ သစစ်ဆေးခဲ့ရာ ပလတ်စတစ်အိတ်များ မှာ ဆွဲဆန့်နိုင်ပြီး လက်ဖြင့် ချေဖျက်ပါ က ကျေမွမသွားဘဲ ကျွတ်ကျွတ်အိတ် မှာ ဆွဲဆန့်နိုင်ခြင်းမရှိဘဲ လက်ဖြင့် ချေ ဖျက်ပါက ကျေမွသွားပြီး ပလတ်စတစ် အိတ်အားမီးရှို့ပါက  ကုန်စင်အောင် လောင် ကျွမ်းသွားသော်လည်း ကျွတ် ကျွတ်အိတ်မှာကုန်စင်အောင် မလောင် ကျွမ်းဘဲ အစိုင်အခဲ (ဂျပ်ခဲ) အဖြစ် ကျန်ရှိနေကြောင်း လက်တွေ့စမ်းသပ် ပြသခဲ့မှုအရ  ပလတ်စတစ်အိတ်များ တင်သွင်းရမဲ့အစား ကျွတ်ကျွတ်အိတ် များကို မလိမ့်တစ်ပတ်လုပ်ပြီး နိုင်ငံ တော်မှ ပညာပေးတားမြစ်နေတဲ့ကြားမှ မသိမမြင်မကြားမိသလို တင်သွင်းလာ သည်မှာ မဖြစ်သင့်တဲ့ လုပ်ရပ်ဖြစ်တဲ့ အတွက် စားသုံးသူ  ပြည်သူများကို အကာအကွယ်ပေးနိုင်အောင် အရေး ယူသိမ်းဆည်းခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ရွှေမြိုင်သား