Main menu

Background

ကန်ပိုက်တီးနယ်စပ်မှ ပြောင်းဖူးစေ့နှင့် ဖရဲသီးများပြန်လည်တင်ပို့

Mon, 02/25/2013 - 06:13 -- ydnar

ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့နယ်မြေ မတည် ငြိမ်မှု အခြေအနေများ တဖြည်းဖြည်းနဲ့ တည်ငြိမ် အေးချမ်း လာပြီဖြစ်၍လည်းကောင်း၊ တစ်ဖက်တရုတ်နိုင်ငံအတွင်းရှိ ပေါက်စန်းခရိုင်နှင့် တယ်ဟုန်တိုင်းခရိုင်အတွင်းရှိ စားသောက် ကုန်နှင့် တိရစ္ဆာန်အစားအစာ လိုအပ်ချက်များ မြင့်တက် လာမှု ကြောင့်လည်းကောင်း၊ တရုတ်နှစ်သစ် ကူးပွဲတော်အပြီး ရာသီဥတုပူနွေးစပြုလာခြင်းတို့ကြောင့် မိမိတို့ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း ရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်စတဲ့ဒေသများမှ စိုက်ပျိုးထွက်ရှိစပြုလာ တဲ့ ပြောင်းဖူးစေ့နဲ့ ဖရဲသီးများ တရုတ်နိုင်ငံသို့ တင်ပို့ရန် ကြိုးပမ်းလျက်ရှိကြကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ပြောင်းဖူးစေ့ တန် ၁၀၀၀ ကျော်နဲ့ ဖရဲသီးတန်ချိန် ၅၀၀ ခန့်အား ပို့ကုန်လိုင်စင်များလျှောက်ထားခဲ့ပြီးဖြစ်ရာ မိမိတို့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှု ပမာဏတိုးတက်ရေးနဲ့ ကုန်သည်လုပ်ငန်းရှင်များ ကုန်ပစ္စည်း တင်ပို့ ရေးလုပ်ငန်းများ လွယ်ကူလျင်မြန်ချောမွေ့စေရေး တို့အတွက် လိုအပ်တဲ့အကူအညီများကို အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပို့ကုန်တင်ပို့လိုသူကုန်သည် လုပ်ငန်းရှင်အပေါင်းအား သတင်းကောင်းပါးလိုက်ရပါတယ်။ကပတ (ကမရ)