Main menu

Background

ဈေးမာပေမဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ မန်းပြောင်းဈေးကွက်

Mon, 02/25/2013 - 06:19 -- ydnar

မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှ ဝင်လာ တဲ့ ပြောင်းဖူးစေ့များကို မန္တလေးပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း) မှ တစ်ဆင့် ဝယ်ယူ၊ ဖြန့်ဖြူး၊ ရောင်းချလျက်ရှိရာ မှာ ရန်ကုန်ဝယ်လက်နဲ့ပြည်ပ (တရုတ်)ဝယ်လက် အဓိကကျပြီး၊ ဒေသတွင်း အစာ စပ် လုပ်ငန်းများမှလည်း ပုံမှန်ဝယ်ယူလျက်ရှိပါတယ်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ ပြောင်းဖူးစေ့ (ရှမ်း) ၃၇၀ ကျပ် (တစ်တန် ၂၂၆၅၈၄ ကျပ်) ၊ ပြောင်းဖူးစေ့ (CP) တစ်ပိဿာ ၃၇၀ ကျပ် (တစ်တန် ၂၂၆၅၈၄ ကျပ်)နဲ့ နှစ်မျိုးပေါင်း(၃ တင်းဝင်အိတ်)၉၀၀ အိတ် (တန် ၈၀ နီးပါး) နေ့စဉ်အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ တတိယအပတ်မှာတော့ ပြောင်းဖူးစေ့ (ရှမ်း) တစ်ပိဿာ ၄၅၄ ကျပ် (တစ်တန် ၂၇၈၀၂၅ ကျပ်) ပြောင်းဖူးစေ့ CP တစ်ပိဿာ ၄၅၄ ကျပ် (တစ်တန် ၂၇၈၀၂၅ကျပ်) နဲ့ နေ့စဉ် (၃ တင်းအိတ်) ၁၀၀၀ အိတ်ကျော် (တန် ၉၀ နီးပါး) အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အရည်အသွေး ကောင်းမွန်ပြီး ဝယ်လိုအားရှိတာကြောင့် ဈေးမာနဲ့အရောင်းအဝယ် သွက်လက်လျက်ရှိပါတယ်။ ပစ္စည်းအဝင်နည်းလို့ ပစ္စည်းရရှိရေး လုံးပမ်းရကြောင်း၊ဈေးအပြိုင်ပေးဝယ်ကြလို့ တစ် ပိဿာ ၈၄ ကျပ် (တစ်တန် ၅၁၄၄၁ ကျပ်) ဈေးမြင့် တက်သွားလို့ ဈေးကွာဟမှုကြီး မားတာကြောင့် အမြန်ဝယ်၊ အမြန်ရောင်း၊ အမြန်ပို့ပုံစံနဲ့ သွက်သွက် လက်လက် ရောင်းဝယ်ရပြီး၊ အမြတ်အနည်းအများအပေါ် မကြည့်ဘဲ မိတ်မပျက်ရေးအတွက် အမြတ်အနည်းငယ် ယူပြီးရောင်းဝယ်ရကြောင်း ရန်ကုန်ဝယ်လက်တစ်ဦးမှပြောကြား ပါတယ်။                စိုးအောင်-မန္တလေး