Main menu

Background

ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်များ လှိုင်လှိုင်ဝင်ပေမယ့် အရောင်းအနည်းငယ်အေး

Mon, 02/25/2013 - 07:31 -- ydnar

ဇန်နဝါရီလ ပထမပတ်မှစပြီး ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်အသစ်များစတင်ဝင်ရောက်လာပြီဖြစ်ပါ တယ်။ ပေါ်ဦးပေါ်ဖျားဖြစ်တဲ့ ဇန်နဝါရီလပထမပတ်မှာ မန်ကျည်း မှည့်အခွံမပါ၊ အစေ့မပါတစ်ပိဿာကို ၂၃၀၀ ကျပ်နှုန်းနဲ့ ဈေး ကောင်းခဲ့ပြီး၊ ယခုဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ မန်ကျည်း မှည့်များ လှိုင်လှိုင်ဝင်လာချိန် မှာတော့ အခွံမပါ၊ အစေ့မပါ တစ်ပိဿာကို ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်ဈေးအထိသာရှိ တော့ကြောင်း သိရပါတယ်။ မန်ကျည်းမှည့်များကို ကုန်သည် များမှ ကျေးရွာများအရောက်တိုက်ရိုက်ဆင်းပြီး ဝယ်ယူကြရာ ပေါ်စအချိန်က တစ်ပိဿာ ၁၁၀၀ ကျပ်၊ ၁၂၀၀ ကျပ်အထိရှိ ခဲ့ပြီး၊ ယခုအချိန်မှာတော့ အပင်ပိုင်ရှင်များအနေနဲ့ တစ် ပိဿာ ၅၀၀ ကျပ်ဈေးခန့်သာ ရရှိပါတယ်။ တစ်နှစ်စာ လှောင်လိုသူများအနေနဲ့ မန်ကျည်းမှည့်များမှာ အနည်းငယ် အစိုဓာတ်ရှိသေး တာကြောင့် ဝယ်ယူမှုမရှိသေးဘဲ အရောင်း အဝယ်အနည်းငယ်အေးနေတယ်လို့ သိရပါတယ်။အိဆွေဇင် - ပြည်