Main menu

Background

ဈေးငြိမ်ပေမဲ့ အရောင်းအဝယ် အနည်းငယ်အေးတဲ့ မန်းပဲတီစိမ်းဈေးကွက်

Mon, 02/25/2013 - 07:36 -- ydnar

၂၀၁၃ ခုနှစ် ဇန်နဝါရီလ မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း) မှာ ပဲတီစိမ်းကြီး ဈေးမာနဲ့ အရောင်းအဝယ်သွက်သလောက် ယခုလဖေဖော်ဝါရီ တတိယအပတ်မှာ ဇန်နဝါရီပေါက်ဈေးနဲ့ ပဲအရောင်းအဝယ်ဖြစ် ပေမဲ့ အရောင်းအဝယ်အေးကြောင်းသိရပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲအတော် များများ (မတ်ပဲမှလွဲပြီး) ဈေးမြင့်၊ ဈေးမာတာကို တွေ့ရပေမဲ့လည်း ပဲတီစိမ်းကြီးမှာ ဈေးလည်းမအေး၊ ဈေးလည်းမမာဘဲ ယခုနှစ်ဈေးအမြင့်နဲ့ ပဲဈေးငြိမ်လျက်ရှိပါတယ်။ တရုတ်ဝယ်လက်အဆွဲရှိသလို ရန်ကုန်ဝယ်လက်နဲ့ဒေသတွင်း ပဲစက်များမှလည်း ဝယ်ယူလျက်ရှိပါတယ်။ ယခုနှစ်ဖေဖော်ဝါရီတတိယပတ်မှာ ပဲတီစိမ်းကြီးတစ်ပိဿ ၁၂၀၀ ကျပ်၊ (တစ်တန် ၇၄၀၃၈၀ ကျပ်) နဲ့ နေ့စဉ် ၃ တင်းဝင်အိတ် ၅၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ တရုတ်ဝယ်လက်အဆွဲ နည်း သလို ဈေးအနည်းငယ်မြင့်တာကြောင့် လှောင်လက်များကလည်း လက်တွန့်နေ ကြပြီး များများဝယ်၊ မြန်မြန်ရောင်း၊ ပါးပါးစားမယ်လို့ကုန်သည်တစ်ဦးက ပြောပါ တယ်။ ဈေးငြိမ်နေတဲ့အတွက် ဇန်နဝါရီလမှ ယခုအထိ ဈေးအေးသွားနိုင်သလို ယခုထက်ဈေးပိုမိုမာလာနိုင်တဲ့အတွက် လှောင်လက်များမှ ယခုလကုန်အထိ အခြေ အနေကိုစောင့်ကြည့်ပြီးမှ ဝယ်ယူသိုလှောင်ဖို့အတွက် ဆုံးဖြတ်ရမှာဖြစ် ကြောင်း ပဲတီစိမ်းလှောင်လက် ကုန်သည် တစ်ဦးကပြောပါတယ်။စိုးအောင်-မန္တလေး