Main menu

Background

တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ပခုက္ကူကုန်စည်ဒိုင်

Mon, 02/25/2013 - 08:06 -- ydnar

ပခုက္ကူကုန်စည်ဒိုင်ရဲ့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ တတိယ ပတ် အရောင်းအဝယ်မှာ ပစ္စည်းအမယ် တော်တော် စုံအောင် ရောင်းဝယ်ကြပါတယ်။ ပဲစင်းငုံအသစ်အဟောင်း၊V2 အသစ်၊ ဟော်လန်အသစ်၊ ပဲယင်း(ယော)၊ ပဲလွန်းပြာ၊ စားတော်ပဲ၊ ပဲတီစိမ်းသေး၊ ပဲကြီးနက်၊ CP ပြောင်းဖူးတွေပါ။ ပဲစင်းငုံနီ အသစ် ဖေဖော်ဝါရီလ ၁၅ ရက်မှာ တစ်ပိဿာ ၈၇၅ ကျပ်၊ တစ်တင်း ၁၇၉၀၀ ကျပ်ကနေ ၂၁ ရက်နေ့မှာ တစ်ပိဿာ ၉၈၀ ကျပ်၊ တစ်တင်း ၁၉၆၀၀ ကျပ်အထိ ဈေးမြောက်လာ တာကို တွေ့ရပါတယ်။ ရန်ကုန်အော်ဒါအမှာများလာတော့ ဒေသခံေ လှာင်လက်ေ တွ ဈေးလှုပ်ရတဲ့ သဘောပါ။ ၂၁ ရက် နေ့မှာပဲ ဒိုင်ချိန်အကုန်ညနေပိုင်းမှာ တစ်တင်း ၂၀၃၀၀ ကျပ် တစ်ပတ်ဆိုင်း၊ ၂၀၇၀၀ ကျပ်တစ်လဆိုင်း၊ အရောင်းအဝယ် ဖြစ်တယ်လို့လည်း အရောင်းအဝယ်လောကရဲ့ သတင်း တစ်ရပ် ထွက်လာခဲ့ပါတယ်။ ဒါတောင် ဝယ်သူများပြီး၊ ရောင်း သူမရှိ ဆိုတာတွေ ကြားရပါသေးတယ်။

ပဲစင်းငုံနီအသစ်နဲ့ မှီပြီးလက်ကျန်အဟောင်းလဲ အရောင်း အဝယ် ၂ ရက်ဖြစ်ပါတယ်။ တစ်ပိဿာ ၈၄၀ ကျပ်၊ တစ်တင်း ၁၆၈၀၀ ကျပ်မှ တစ်ပိဿာ ၈၇၅ ကျပ်၊ တစ်တင်း ၁၇၅၀၀ ကျပ်ပါ။ အရောင်းအဝယ်လောကရဲ့ သဘောအရ ရာသီဖျက် လို့ အထွက်နည်းမယ် ရန်ကုန်ကုမ္ပဏီတွေ အော်ဒါရှိလို့ အဆွဲများရင်ဈေးတက်နိုင်တယ် ထင်ကြေးနဲ့ မှန်းပြီး ဈေး ကစားရင်၊ လေပတ်ကားရိုက်ရင် ဘယ်သူတွေဒုက္ခ ရောက်ကြ မလဲ။ အတွေ့အကြုံတွေရှိ နေကြလို့ သတိထားကြစေလိုပါ တယ်။ V2 အသစ်တစ်ပိဿာ ၈၅၂ ကျပ်၊ တစ်တင်း ၁၆၂၀၀ ကျပ်မှ တစ်ပိဿာ ၉၀၀ ကျပ်၊ တစ်တင်း ၁၇၁၀၀ ကျပ်၊ ပဲယင်း(ယော) တစ်ပိဿာ ၅၅၅ ကျပ်၊ တစ်တင်း ၁၁၀၀၀ ကျပ်၊ CP ပြောင်းတစ်ပိဿာ ၄၂၂ ကျပ်မှ တစ်ပိဿာ ၄၃၈ ကျပ်၊ တက်ဈေးများနဲ့ အရောင်းအဝယ်ဖြစ်ကြပါတယ်။ ခြုံငုံ သုံးသပ်ရရင် ပစ္စည်းအမယ် တော်တော် များများ ရောင်းဝယ် ကြသလို အမယ်  တော်တော်များများဟာ  တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သုံးသပ်ရ မှာဖြစ်ပါတယ်။မြင့်ဦး-ပခုက္ကူ