Main menu

Background

အမြင့်ခုန်ငုံနီနဲ့ မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီလကုန် ပဲဈေးကွက်

Wed, 03/06/2013 - 06:33 -- ydnar

မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီလကုန်ပတ် ပဲဈေးကွက်မှာ Export အတွက် ရန်ကုန်လှောင်လက်အဝယ်နဲ့ ဒေသခံ ပဲ ကုန်သည်တွေ ဒီနှစ်ပဲအဝင်နည်းမှုကြောင့် ဈေးကွက်မျှော်မှန်း ချက်နဲ့လှောင်ဖို့ အဝယ်သွက်ခဲ့လို့ တစ်ရက်ထက်တစ်ရက် ဈေးခုန်တက်နေတာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်းမှာ ငုံနီတစ်တင်းအနိမ့်ဆုံး ၁၉၆၀၀ ကျပ်ကနေ အမြင့်ဆုံး ၂၀၄၀၀ ကျပ်ထိ ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ ကုန်စည်ဒိုင်မှာ ပစ္စည်းဝင် ရောက်မှုပေါ် မူတည်ကာ တစ်ရက်အိတ် ၃၀၀၀ မှ ၅၀၀၀ ကြား အရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်လို့ ဈေးကွက်ကဆိုပါ တယ်။ ယခုရက်အတွင်း မြင်းမူဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်ကို ငုံနီအိတ် ၁၅၀၀၀ ခန့် တင်ပို့ခဲ့တယ်လို့ ရေယာဉ် ကိုယ်စား လှယ် ရပ်ကွက်က ကြားသိရပါတယ်။

ဖေဖော်ဝါရီ လကုန်ပတ်မှာ ကုလားပဲမျိုးစုံပဲသစ်တွေ အဝင် အနည်းငယ် သွက်လာခဲ့ပြီး၊ မန်းနဲ့ရန်ကုန်ဆွဲအား မကောင်းသေးပေမဲ့ ဒေသတွင်းစက်သမား၊ ကြာဇံလိုင်းသမား နဲ့ ပဲကြော်ဖိုသမားတွေ ပုံမှန်အဝယ်ရှိ လို့ ဈေးမာနေတာ တွေ့ရပါတယ်။ ဒီတစ်ပတ်အတွင်း ကုလားပဲတစ်မျိုးချင်းရဲ့ တစ်တင်းပေါက်ဈေး အနိမ့်အမြင့် အနေနဲ့ V2 ၁၆၇၀၀ ကျပ်မှ ၁၇၁၀၀ ကျပ်၊ ထိုင်ဝမ် ၁၆၀၀၀ ကျပ်မှ ၁၇၂၀၀ ကျပ်နဲ့ 929 ၁၆၅၀၀ ကျပ်မှ ၁၇၀၀၀ ကျပ် အသီးသီးဖြစ်ပေါ် ခဲ့ကာ တစ်ရက်ကို ကုလားပဲမျိုးစုံ အိတ် ၂၀၀၀ မှ ၃၀၀၀ ကြား အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ်ပဲတီစိမ်းဈေးကွက်ကတော့ ဝယ်လို အား ကောင်းပေမဲ့ နယ်ကပစ္စည်းအဝင်ပါးခဲ့လို့ ဈေးပြန်မာ နေတာတွေ့ရပါတယ်။ စိမ်းကြီးတစ်တင်း ၂၀၈၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်ထိ ပေါက်ဈေးဖြစ်ခဲ့ပြီး၊ တရုတ်ပြည် အတွက် မန်းဝယ်လက်အဝယ်ရှိခဲ့ကာ တစ်ရက်အိတ် ၂၀၀ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်ခဲ့သလို စိမ်းသေးတစ်တင်း ၂၀၈၀၀ ကျပ် မှ ၂၂၂၀၀ ကျပ်၊ ပေါက်ဈေးများနဲ့ ရန်ကုန်ဝယ်လက်တွေ တစ်ရက်အိတ် ၃၀၀ ခန့် ဝယ်ယူမှုရှိခဲ့တယ်လို့ဆိုပါတယ်။ အခြားပဲဈေးကွက်မှာတော့ စွန်တာနီဟာ ပြည်တွင်း လက်လီနဲ့ ဒေသခံကြာဇံစက်အသုံးရှိလို့ ယခုတစ်ပတ်မှာ ၁၃၅၀၀ ကျပ်ဈေးမှ တစ်တင်း ၁၄၀၀၀ ကျပ်ထိ ဈေးမာလာ တာ တွေ့ရပြီး၊ ပဲယင်းလည်း တစ်တင်း ၁၂၈၀၀ ကျပ်ထိ ဈေးလိုက်လာခဲ့တာတွေ့ရပါတယ်။ ဖေဖော်ဝါရီလကုန်ပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက် ဟာ ပဲသစ်တွေပေါ်ချိန် နထစသမအ ဝယ်လက်အေးနေပေမဲ့ ဒေသတွင်းနဲ့ ပြည်တွင်းဝယ်လိုအား ပုံမှန်ရှိပြီး၊ ပဲအချို့အထွက် ယခင်နှစ်က ထက် လျော့တဲ့အတွက် ဈေးကွက်မျှော်မှန်း ချက် တွေနဲ့ အရောင်းအဝယ်သွက်လျက်ရှိနေတယ်လို့ ကုန်သည်နဲ့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။       ထွန်းလှိုင်-မုံရွာ