Main menu

Background

ဈေးမာနဲ့ အရောင်းအဝယ် စဖြစ်တဲ့ မန်းပဲတီစိမ်းရွှေဝါ

Tue, 03/12/2013 - 06:43 -- ydnar

စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ ချောင်းဦး၊ မုံရွာ၊ ပခုက္ကူဒေသများမှ ဝင်ရောက်လျက်ရှိတဲ့ ပဲတီစိမ်းရွှေဝါဟာ အရည်အသွေးကောင်းမွန်တဲ့အတွက် အမြင့်ဈေးနဲ့ မန်းကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ယခု နှစ် အရောင်းအဝယ်စပြီးပြုလုပ်တဲ့ အချိန်မှာ ပဲတီစိမ်းရွှေဝါတစ်ပိဿာ ၁၃၃၃ ကျပ် (တစ်တန် ၈၁၆၃၁၆ ကျပ်) နဲ့ နေ့စဉ် ၃ တင်းဝင်အိတ် ၄၀၀ မှ ၈၀၀ အကြားအရောင်းအဝယ် ဖြစ် ကြောင်း သိရပါတယ်။

လောလောဆယ်မှာ လှောင်ဖို့ စိတ်မကူးသေးဘဲ ပြည်ပ(တရုတ်) အဆွဲ ရှိတာကြောင့် ကုန်ပစ္စည်းများများ ရရှိပြီး၊ မြန်မြန်တင်ပို့နိုင်မှ အကျိုး အမြတ်ရရှိမှာဖြစ်လို့ ပဲတီစိမ်းရွှေဝါ စိုက်ပျိုးထွက်ရှိတဲ့ ဒေသအထိ ကွင်း ဆင်းပြီး ဝယ်ယူရပါတယ်။ ကွင်းဈေး တစ်တင်း၂၃၅၀၀ ကျပ် -၂၄၀၀၀ ကျပ် နဲ့ဝယ်ယူရတဲ့အတွက် သယ်ယူစရိတ်၊ လုပ်သားခနဲ့ ဒိုင်အရောက် အမြတ်ခပ် ပါးပါးသာကျန်ပါတယ်။ ကုန် ပစ္စည်းရရှိရေးအတွက် တစ်ခုတည်း မဟုတ်ဘဲ ပစ္စည်းရဲ့ အရည်အသွေး ကောင်းမွန်မှ ဝယ်ယူပြီး ပြန်လည် ရောင်းချကြောင်း၊ ပဲတီစိမ်းကြီးကဲ့သို့ ပဲတီစိမ်းရွှေဝါလည်း အမြင့်ဈေးနဲ့ အရောင်းအဝယ် ဆက်လက်ဖြစ်နေနိုင် ပါကြောင်း၊ ပဲကုန်သည်တစ်ဦးက ပြော ပါတယ်။      စိုးအောင် - မန္တလေး