Main menu

Background

တန်ချိန် ၁၃၀၀ ကျော် တင်ပို့ခဲ့တဲ့ ပဲတီစိမ်း

Tue, 03/12/2013 - 06:44 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ  ၅ ရက်တာကာလမှာ ကန်ဒေါ်လာ ၁ ဒသမ ၁၆၄ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၁၃၉၄ တန်ကျော်ကို တင်ပို့ခဲ့ပါ တယ်။ ယခင်အပတ်က မူဆယ်စခန်းမှ ပဲတီစိမ်း (လုံးပြည့်) ၇၀၂ တန်ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၆၉၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဖေဖော်ဝါရီလအတွင်း ပဲတီစိမ်း တန်ချိန် ၂၃၇၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၀၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ တရုတ်နိုင်ငံ ရွှေလီတွင် ပဲတီစိမ်းတစ်တန်ကို ယခုအပတ် ၆၅၀၀ ယွမ်ရှိပြီး ဇန်နဝါရီလနှင့်နှိုင်းယှဉ်လျှင် ယွမ် ၂၀၀ ခန့်ဈေးတက် လာကြောင်း၊ ပြည်တွင်းဈေး အနေဖြင့် ပဲတီစိမ်း (၅၆ ဒသမ ၂၅) ၁ တန်ကို ၆၈၀၀၀၀ ကျပ်ဈေးရှိပြီး ဇန်နဝါရီလနှင့်နှိုင်းယှဉ်လျှင် ၁၆၀၀၀ ကျပ်ခန့် ဈေးတက် လာကြောင်း၊ နှစ်ဖက်နိုင်ငံ ပဲတီစိမ်းဈေးများကိုကြည့်မယ်ဆိုလျှင် တစ်ဘက်နိုင်ငံဈေး မပြောင်းလဲဘဲ မိမိဘက်ဈေးအနည်းငယ်မြင့်တက်လာတယ်လို့ သိရပါတယ်-

 
မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု         ယခင်        ပြောင်းလဲမှု    %     ယခု    ယခင်    ပြောင်းလဲမှု    % ၇၃၃၈၆၁    ၇၃၀၈၄၃       ၃၀၁၈         ၁      ၈၆၄    ၈၆၄             -          -MIRT (DOBT)