Main menu

Background

ဖေဖော်ဝါရီလအတွင်း နနွင်းတင်ပို့မှုလျော့

Tue, 03/12/2013 - 07:02 -- ydnar

ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ပါကစ္စတန်နိုင်ငံကို နနွင်းတန် ၆၀ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ်မှာ နနွင်းတန်ချိန် တစ်ရာကျော် တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုလျော့ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ပါကစ္စတန် နဲ့ အာရပ်စော်ဘွား များ ပြည်ထောင်စုနိုင်ငံ တွေကို နနွင်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ ခဲ့တဲ့နနွင်းတန်ချိန်က ၃၉၇ ဒသမ ၄၅ တန်ဖြစ်ပါတယ်။ ရရှိခဲ့တဲ့ ဝင်ငွေကန်ဒေါ်လာ တစ်သိန်းကျော်ဖြစ်ပါတယ်။ ယခင်ဇန်နဝါရီလအတွင်းမှာ နနွင်းတန် ခုနှစ်ရာကျော် တင်ပို့ခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ နနွင်းတင်ပို့မှု တန်သုံးရာ့ငါးဆယ်ကျော် လျော့နည်းခဲ့ပါတယ်။   MIRT (DOT)