Main menu

Background

အိန္ဒိယနိုင်ငံတွင် ကုလားပဲအထွက်ကောင်း၍ ပဲမျိုးစုံတင်သွင်းမှု လျှော့ချဖွယ်ရှိ

Tue, 03/12/2013 - 07:20 -- ydnar

ယခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ကုလား ပဲထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် လာမယ့်ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံတန် ချိန် ၃ သန်း ဝန်းကျင်သာ တင်သွင်း တော့မှာဖြစ်တယ်လို့ဆိုပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ လက်ရှိကုလားပဲထုတ်လုပ်မှုဟာ ယခင်နှစ်ကထက် ၁၅ ရာခိုင်နှုန်းခန့် ပိုမိုခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံတင်သွင်းမှုလျော့ ကျလာပြီး ပမာဏအနေနဲ့  မက်ထရစ် တန် ၃ သန်းဝန်းကျင်သာ ရှိမှာဖြစ် ကြောင်း အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံအဖွဲ့ ဥက္ကဋ္ဌ Pravin Dongre  က ပြော ကြားခဲ့ပါတယ်။ ယခုနှစ်အတွင်း ပဲမျိုးစုံ တင်သွင်းမှုသည် (မက်ထရစ်)၃ ဒသမ ၃ တန်ဝန်းကျင်သာ တင်သွင်းမှာဖြစ် ပြီး ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုခဲ့ကြောင်း ခန့်မှန်းခဲ့ပါတယ်။ ကနေ ဒါ၊ သြစတြေးလျ၊ မြန်မာနဲ့ အမေရိကန် နိုင်ငံကဲ့သို့ အခြားနိုင်ငံများမှ ပဲမျိုးစုံကို အများဆုံးစားသုံးသူ၊ ထုတ်လုပ်သူ၊ တင် သွင်းသူမှာ အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်။

ယခုနှစ် ပဲမျိုးစုံထုတ်လုပ်မှုကို တန် ချိန် ၁၇ ဒသမ ၅၈ တန် ဝန်းကျင်ခန့် ထုတ်ဖို့ဖြစ်ပြီး ၎င်းင်းထုတ်လုပ်မှုက လွန် ခဲ့တဲ့နှစ် ထုတ်လုပ်မှုထက် တန်ချိန် ၅ သိန်းပိုမိုနိုင်ကြောင်း ခန့်မှန်းခဲ့ပါတယ်။ ကာနာတာကာနဲ့  မဟာရာသျှတ္တရာ ပြည်နယ်များမှာ မိုးခေါင်မှုနဲ့ ကြုံတွေ့ ခဲ့ရသော်လည်း ပဲမျိုးစုံထုတ်လုပ်မှုမြင့် တက်ခဲ့ခြင်းရဲ့  အဓိကအကြောင်းမှာ ကုလားပဲထုတ်လုပ်မှု တန်ချိန် ၈ ဒသမ ၅၇ တန် ထုတ်လုပ်ခဲ့ပြီး ယခင်နှစ်ထုတ် လုပ်မှုမှာ တန်ချိန် ၇ ဒသမ ၇ တန် သာရှိခဲ့ပါတယ်။နှင်းပန်းဖြူ