Main menu

Background

လွတ်လပ်သောကုန်သွယ်မှုဒေသ(Free Trade Area) နှင့် စံချိန်စံညွှန်း

Thu, 09/09/2010 - 09:57 -- Anonymous (not verified)

အများအားဖြင့် ကုမ္ပဏီကြီးတွေ က နည်းပညာသစ်တွေကို ဖြန့်ဝေ သုံးစွဲခွင့်ပြုဖို့ တုံ့ဆိုင်းလေ့ရှိကြ တယ်။  ဒါပေမယ့် နိုင်ငံတကာ စံချိန်စံညွှန်းတွေမှာ  နည်းပညာ သစ်တွေ  ထည့်သွင်းရေးဆွဲထား လို့  အဲဒီနည်းပညာတွေကို လွယ် လင့်တကူ  ရယူဖြန့်ဝေသုံးစွဲနိုင် တယ်။ ဒါကြောင့် ကုန်ကျစရိတ် လျော့ကျလာနိုင်ပါတယ်။-    နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ ထုတ်လုပ်လို့ ကမ္ဘာနဲ့အဝှမ်းလက် ခံနိုင်တဲ့ ကုန်စည်ဖြစ်တာကြောင့် ဈေးကွက်ပွင့်ပြီး  ဈေးကွက်သစ် ဖန်တီးနိုင်တယ်။  အကိုျးအမြတ် တိုးလာပါတယ်။-    အောင်မြင်ပြီးသား  အချက်တွေ အပေါ် အခြေခံပြီး စံချိန်စံညွှန်း တွေသတ်မှတ်ထားလို့   သုတေသနပြု စွန့်စားရမှုတွေအနည်းဆုံး ဖြစ်သလို  ဆန်းသစ်တီထွင်ပြီး သားဖြစ်လို့ တီထွင်ဆန်းသစ်ရတဲ့ စရိတ်လျော့ကျလာပါတယ်။-    အရည်အသွေးကိုက်ညီမှု ထောက် ခံချက်လက်မှတ်တွေကို လက်ခံနိုင် ပြီး (၂)ခါပြန်  စစ်ဆေးရမှုတွေ လျှော့ချနိုင်လို့  စရိတ်လျော့ကျ လာပါတယ်။     အဲဒီလိုစရိတ်လျော့တာ၊  ဈေး ကွက်ပွင့်တာ၊  ဈေးကွက်သစ်ထွင်နိုင် တာ၊ ဆန်းသစ်တီထွင်မှု မြင့်မားတာ၊ နှစ်ခါပြန်စစ်ဆေး ရမှု  လျော့ကျတာ တွေကြောင့် ထုတ်လုပ်မှု၊ ဖွံ့ဖြိုးတိုးတက် မှု၊ ပြိုင်ဆိုင်နိုင်မှုတွေ မြင့်တက်လာလို့ ကမ္ဘာ့ စီးပွားရေးကို အထောက်အကူပြု ပါတယ်။     နောက်တစ်ချက်က  ဖွံ့ဖြိုးဆဲ နိုင်ငံတွေအပေါ် FTA  ၏ အကိုျးကျေး ဇူးတွေကို တင်ပြလိုပါတယ်။ ဒီနေ့ ကမ္ဘာ့ ကုန်သွယ်ရေးရဲ့  ၆ဝ ရာခိုင်နှုန်းလောက် က NAFTA-North America FTA? APEC-Asia Pacific Economic Cooperation? EU-European Union? CAFTA- Central America FTA  စတဲ့ အမိုျးမိုျးသော ဒေသဆိုင်ရာ FTA တွေမှာ လုပ်ဆောင် နေတာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနဲ့ FTA ရဲ့ သက်ရောက်မှုကို တင်ပို့ကုန်မူဝါဒတစ်ခုတည်းပေါ် စူးစိုက် လေ့လာတာ  မလုံလောက်တော့ဘဲ ပို့ကုန်ကဏ္ဍနဲ့အတူ  နိုင်ငံရဲ့  ကဏ္ဍ အားလုံး ဖွံ့ဖြိုးမှုကိုပါ လေ့လာရပါမယ်။ FTA ထူထောင်လို့ ဖွံ့ဖြိုးဆဲနိုင်တွေ အတွက် လုပ်သားအခွင့်အလမ်းတွေ တိုးပွားနိုင်ပါတယ်။  စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရတာ  ထင်သာ မြင်သာ ရှိလာပါလိမ့်မယ်။ အရင်က တားမြစ် ထားတဲ့ ကုန်သွယ်ရေး အတားအဆီး တွေကို  ထိထိရောက်ရောက် ကျော် လွှားနိုင်လာလို့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နံှမှု  (FDI-Foreign Direct Investment)  အခွင့်အလမ်းတွေ တိုးပွားလာနိုင်ပါတယ်။      ဒါပေမယ့် FTA  ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အခက် အခဲတွေလဲ ရှိလာနိုင်ပါတယ်။ အဓိကအခက်အခဲကတော့ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ထုတ် ကုန်တွေနဲ့ ဈေးကွက် မှာ  ယှဉ်ပြိုင်နိုင် မှုကို ထိခိုက်နိုင် တာပါပဲ။     ဒါပေမယ့် ဘယ်လုပ်ငန်းမှာမဆို အဆိုး၊ အကောင်း ဒွန်တွဲနေတာကြောင့်  အကိုျးကျေးဇူးနှင့်   ထိခိုက်နိုင်မှုကို ညှိနှိုင်းချိန်ဆ လုပ်ဆောင်ဖို့ လိုအပ်ပါ တယ်။ FTA  ရဲ့ အကိုျး၊ အပြစ်တွေကို ညှိနှိုင်းနိုင်ဖို့  စံချိန်စံညွှန်းတွေကို လက်နက် ကိရိယာတစ်ခုအဖြစ် အသုံးချ နိုင်တာ တွေ့ရပါတယ်။ အတိတ်ကာလ ကတော့  စံချိန်စံညွှန်းတွေကို  ကိုယ်ကိုျးစီးပွား ကာကွယ်ရေးအတွက် အခိုျ့ နိုင်ငံတွေက အသုံးချခဲ့ကြပါတယ်။ အခု လို Globalization ကာလမှာတော့ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းတွေကို အသုံးချပြီး ကုန်သွယ်ရေးညီမျှမှုတွေကို ဖန်တီးနိုင်လာလို့ ကုန်သွယ်ရေးအတား အဆီးတွေကို  ကျော်လွှားနိုင်လာပြီ ဖြစ်လို့  စံချိန်စံညွှန်းရဲ့ အရေးပါမှုကို ပိုမိုသတိပြုလာကြပြီး စံချိန်စံညွှန်း သုံးစွဲ မှုတွေ တိုးတက်လာနေပါတယ်။      WTO/TBTစာခုျပ်မှာ အစိုးရ ပေါင်း ၁၃ဝ ကျော်က အပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်းတွေကို  နိုင်ငံရဲ့ နည်းဥပဒေတွေမှာ အခြေခံအဖြစ်သုံးဖို့  ကတိကဝတ် ပြုထားကြပြီးဖြစ်လို့ မိမိ ထုတ်ကုန်ကို အပြည်ပြည်ဆိုင်ရာ စံချိန် စံညွှန်းတွေအသုံးချပြီး  ထုတ်လုပ်ထား မယ်ဆိုရင် တင်သွင်းမယ့် နိုင်ငံရဲ့ နည်း ဥပဒေတွေနဲ့ ကိုက်ညီတာကြောင့် ကမ္ဘာ့ ဈေးကွက်ကို လွယ်ကူစွာ ထိုးဖောက်နိုင် ပါလိမ့်မယ်။ ပြည်တွင်း ဈေးကွက်ကို လည်း စံနှုန်းမကိုက်တဲ့ ကုန်စည်တွေ ဝင်လာရင်  တားမြစ်ကာကွယ်နိုင်ပါ တယ်။ဒါတင်မကဘဲ FTA  တည်ထောင် ချိန်မှာဒေသတွင်းမှာ တစ်ပြေးညီသတ် မှတ်မယ့် စံချိန်စံညွှန်းတွေကလည်း အပြည်ပြည် ဆိုင်ရာ  စံချိန်စံညွှန်းတွေ ကို အခြေခံမှာဖြစ်လို့ မိမိထုတ်ကုန်တွေ ကို အဲဒီ   စံချိန်စံညွှန်းတွေနဲ့အညီ ထုတ်လုပ်ထားမယ်ဆိုရင် ဒေသတွင်း ဈေးကွက်ယှဉ်ပြိုင်နိုင်မှုဆိုတဲ့ စိန်ခေါ် မှုကို ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။    ဒါ့အပြင် FTA မှာ အပြန်အလှန် အသိအမှတ်ပြု  လက်မှတ်ရေးထိုးတဲ့ အစီအစဉ်တွေအရ  ဒေသတွင်းမှာ အသိအမှတ် ပြုထားတဲ့ ထောက်ခံချက်  လက်မှတ်ထုတ်ပေးရေးဌာနတွေက ရရှိ ခဲ့တဲ့စစ်ဆေးရေးအဖြေလွှာတွေကိုလည်း ဒေသတွင်း နေရာတိုင်းက  လက်ခံနိုင်ပါ လိမ့်မယ်။ MRA တွေအရ နှစ်ခါပြန် စစ်ဆေးရမှုကို လျှော့ချနိုင်လို့ စရိတ် လျော့ကျ နိုင်ပါတယ်။  ရှုပ်ထွေးတဲ့ အရည်အသွေးစစ်ဆေးရေး လုပ်ငန်းစဉ် တွေကို ဖြေရှင်းပြီးသားဖြစ်သွားပါ တယ်။ စစ်ဆေးတဲ့ အချိန်ကာလတိုသွား လို့ ဈေးကွက်ကို မြန်မြန်ရောက်နိုင်ပါ တယ်။  ဒါကြောင့်  ရင်းနှီးမြှုပ်နံှငွေ မြန်မြန်ပြန်ပေါ်လာပါတယ်။   အခြား အလားတူ  ကုန်စည် တွေထက် အရင် မိမိကုန်စည်က ဈေးကွက်တင်နိုင်လို့ ဈေးကွက်မှာ အသာစီးရနိုင်ပါတယ်။    FTA လွတ်လပ်သော ကုန်သွယ် မှုဒေသမှာ မိမိကုန်စည်ကို အခြားကုန် စည်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ထုတ် လုပ်သူတွေက နိုင်ငံတကာ စံချိန်စံညွှန်း တွေကိုသုံးပြီး ထုတ်လုပ်ဖို့နဲ့ ဓာတ်ခွဲ ခန်းတွေနဲ့   လက်မှတ်ထုတ်ပေးရေး အဖွဲ့တွေဘက်ကလည်း     အပြန်အလှန် သိ အမှတ်ပြုအစီအစဉ် MRA တွေမှာ ပါဝင်နိုင်အောင် ဒေသဆိုင်ရာ အဖွဲ့က အသိအမှတ်ပြုတဲ့ ဓါတ်ခွဲခန်း၊ အသိအမှတ်ပြုတဲ့ လက်မှတ်ထုတ်ပေး ရေး အဖွဲ့တွေဖြစ်အောင် ကြိုးပမ်းကြမှ သာ လွတ်လပ်သော ကုန်သွယ်မှုဒေသ အပြောင်းအလဲမှာ  လိုက်လျောညီထွေ ပါဝင်လှုပ်ရှားသွားနိုင်မှာဖြစ်ပြီး  ဈေး ကွက်ယှဉ်ပြိုင်နိုင်မှုကို  ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။