Main menu

Background

အစားအသောက် နှင့် အဆိပ်အတောက်

Tue, 03/12/2013 - 07:21 -- ydnar

လူဆိုတာ သေမျိုးပါ တစ်ချိန်ကဂစ်တာသမားများ သဘောကျတဲ့ တေးရေး၊ တေးဆို ဆလိုင်းသွအောင်ရဲ့ "လူဆိုတာ သေမျိုး" သီချင်းဟာ ကျွန်တော် အလွန်နှစ်သက် မြတ်နိုးတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ 'အခင် တွယ်ဆုံး လူ့ အသက် တစ်ချောင်း၊ ယနေ့တိုင်လှုပ် ရှားရုန်းကန်နေသော်လည်းတစ်ချိန်ချိန်မှာ အသက် ဆီမီးစာကုန်သွားရင် တမလွန်မှာ ဘယ်လိုဘဝမျိုး ရောက်မှာလဲ' ----- လို့ ---- ဒီသီချင်းစာသား လေးတွေနဲ့ ရူးခဲ့ဘူးပါတယ်။

သေခြင်း အကြောင်းတရားကို ဘယ်သူမှ မလွန် ဆန်နိုင်ဘူးဆိုတာ လူတိုင်း သိရှိလက်ခံခဲ့ ကြပါတယ်။ သေရမှာကိုတော့ လူတိုင်းကြောက် ကြတယ်။ သေနိုင်တဲ့ ကိစ္စတွေ ကျတော့လည်း အလေးမမှုတာ လူတွေပဲဖြစ်ပါတယ်။ ဆိုင်ကယ် စီးရင် ဆိုင်ကယ်ဦးထုပ်ဆောင်းပါဆိုတာတွေက မတော်တဆ ထိခိုက်မှုဖြစ်ရင် မသေအောင် ကာကွယ်ပေးဖို့ ဆောင်းခိုင်းခြင်းပဲ ဖြစ်ပါတယ်။ လူတော်တော်များများက ဆိုင်ကယ်စီးရင် ဦးထုပ် မဆောင်းချင်ကြဘူး။ လူရဲ့ မူလဇာတိအကျင့်လား လို့တောင် ပြောရမလို ဖြစ်နေတယ်။ ယနေ့ မြန်မာပြည်မှာ သာမန်လူတွေဟာ နေ့စဉ်စားသောက်နေတဲ့အစားအသောက်တွေထဲမှာ အဆိပ် အတောက်တွေ ထမင်းစားတိုင်း ဝမ်းဗိုက်ထဲ ကိုသွတ်သွင်းနေကြတယ်လို့ တစ်စုံတစ်ယောက်က ပြောရင်၊ ကျွန်တော် ထင်ပါတယ် အများစုက ငြင်း ကြမှာဘဲ၊ ဘာပဲဖြစ်ဖြစ် ဒီဆောင်းပါးကို ဖတ်မိ သူတိုင်းက ဒီအချက် ကို လေးလေးနက်နက်စဉ်းစား ကြတော့မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်ရဲ့ ဝန်ထမ်းဘ၀ ဖြစ်စဉ်လေးကို ကြုံကြိုက်လို့ဖောက်သည်ချလိုပါတယ်။တပ်ကနေ အရပ်ဘက် ဝန်ကြီးဌာန ရောက်တဲ့အခါမှာ သူများ လိုစားပွဲ၊ ကုလားထိုင်နဲ့မထိုင်ရဘဲ ရှမ်းပြည် နယ် တောင်ပိုင်း မှာရှိတဲ့သရက်ခြံမှာပေါက်ပြား၊ ပေါက် တူး၊ဓား၊ဓားကောက်၊ကပ်ကြေး၊ဆေးဖျန်း ပုံးတွေနဲ့နှစ် ပါးသွားခဲ့ရပါတယ်။ ကျွန်တော် ကြားဖူးတဲ့ ဥပမာလေး လိုပါပဲ  - တစ်ခါက လူ တစ် ယောက် ကံကောင်း လို့ လေယာဉ်ပျံ စီးရတယ်။ နောက်တစ်ခါ ကံဆိုးလို့ လေယာဉ်ပျံပျက်ကျ သွား တယ်။ နောက်ကံကောင်း လို့ ကောက်ရိုးပုံပေါ် ကျသွားသတဲ့၊ ထို့အတူပါပဲ ကံဆိုးလို့စိုက် ခင်း ရောက်သွားတယ်လို့ အောက်မေ့နေ တာ ပြန် တွေးကြည့် တဲ့အခါမှာ ကျွန်တော် အင်မတန် ကံကောင်းတဲ့ လူတစ်ယောက်ဖြစ်သွား ပါတယ်။ ရုံးပေါ်မှာထိုင်နေရင် စိုက်ပျိုးရေးဘာသာ ရပ်နဲ့ စာပေလေ့လာခြင်း ဘာသာရပ်ကို ဘာမှသိလိုက် မှာ မဟုတ်ဘူး။ ကျွန်တော် တင်ပြလိုရင်းက စိုက်ခင်းရောက် သွားတဲ့ အချိန်မှာ တစ်ကယ့်ဘဝစိုက်ပျိုးရေး တက္ကသိုလ်တက် နေရပါလားဆိုပြီး ကိုယ့်ကိုယ်ကို ခံယူချက်ထားပြီး ပြင်းပြင်းထန်ထန် စာတွေ့ လက် တွေ့မှာ ကြိုးစားလာခဲ့ရပါတယ်။ စိုက်ခင်း ရောက် သွားတဲ့အခါမှာ သွားရေးလာရေးက အခြေအနေ မသာတဲ့အတွက်လည်း ဘယ်မှကို မသွားဖြစ် တော့ဘဲ စိုက်ခင်းထဲမှာပဲ အချိန်ကုန်ရကျိုးနပ် အောင် စိုက်ပျိုးရေးပညာ ကိုလက်တွေ့ ကျကျ လေ့ လာ ဆည်းပူးခွင့် ရခဲ့ပါတယ်။ စာတွေ့အနေနဲ့ သရက်စိုက်ပျိုးနည်း၊ ပိုးသတ်ဆေးများ၊ မြေဆီလွှာ အကြောင်းတွေ လေ့လာဖြစ်ပါတယ်။ အပင်ပိုး မွှားနဲ့ ပိုးသတ်ဆေးအကြောင်းလေ့လာတဲ့အခါမှာ ဓာတုဗေဒဆေး သုံးထားတဲ့ အသီးအရွက် စားရမှာ ကြောက်တတ်လာတယ်၊ ရှောင်တတ်လာတယ်။ ဒါ ပေမယ့် နေပြည်ေ တာ်ပြန်ရောက်တဲ့အခါကျတော့ ချေး (ဂျီး) များနေလို့မရတော့ဘူး။ စားရတော့တာပါ ပဲ။ ဒါ့ကြောင့်လည်း ကျွန်တော်အထက်မှာဖော်ပြသလို ကျွန်တော်တို့ဟာ နေ့စဉ် အဆိပ်အတောက်ပါတဲ့ အသီးအရွက်တွေ စားနေပါတယ်လို့ ကျွန်တော် တင်ပြလိုတာ ဖြစ်ပါတယ်။ ကိုယ် တိုင်စိုက်ပြီးတော့ သဘာဝမြေသြဇာပဲ ကိုယ်တိုင်ထည့်တယ်ဆိုရင်တော့ အဆိပ်အတောက် ကင်းတဲ့ အသီးအရွက်စစ်စစ် သာ ရရှိနိုင်ပါလိမ့်မယ်။ လူဆိုတာ သေမျိုးလို့ ပြောကြပေမယ့် မိမိရဲ့ မစဉ်းစားမဆင်ခြင်မှုကြောင့် သေချိန် မတန် သေး ဘဲ သေဆုံးခဲ့ကြသူတွေ ဒုနဲ့ဒေး။ အစားအစာ ကြောင့် လူတွေရောဂါရကြရတယ်။ အဲဒီ အတွက် ကြောင့် လူအတော်တော်များများဟာနေ့စဉ်အဆိပ် အတောက်များကို ဗိုက်ထဲသို့ သွတ်သွင်း နေကြရ တယ်လို့ပြောနေ တာဖြစ်ပါတယ်။ လူရဲ့ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ ကိုယ်ခံစွမ်းအားတွေ ကောင်းနေ သေးလို့ ချက်ချင်း တုံ့ပြန်မှုမရှိ တာ ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ အစားအသောက်ဟာ ကျွန်တော် တို့ရဲ့ လက်တစ်ကမ်းမှာ အမြဲရှိနေ တယ် ဆိုတာ လေးလည်း သတိချပ်မိဖို့ လိုပါတယ်။
 
သတင်းစာထဲက အဆိပ်သင့်ဖြစ်ရပ် ဖော်ပြချက်များ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ၁၄ မှာ ကော့မှူးမြို့နယ်၊ပတုပ်ကျေးရွာမှ အသက် ၃၆ နှစ် ရှိ အမျိုးသမီးတစ်ဦး ၎င်းင်းရဲ့ခင်ပွန်းနဲ့စကားများပြီး ပိုးသတ်ဆေး သောက်ရာမှ သေဆုံးကြောင်း သတင်းဖတ်လိုက်ရပါတယ်။ ၂၀၁၃ ခုနှစ်၊ ဖေဖော် ဝါရီလ၁၇ရက်နေ့ထုတ်ကြေးမုံသတင်းစာ၊ စာမျက် နှာ ၁၅ မှာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံ သီ ကျေးရွာအုပ်စု၊ ယက်ဖ ကျေးရွာရှိ လပြည့်နဂါး ကုမ္ပဏီ ပိုင် သစ်ပါးလွှာ စက်ရုံမှ ဝန်ထမ်း ၃၂ ဦးဟာ နံနက် ထမင်းကို ဂေါ်ဖီထုပ် အသုပ်ဟင်းနဲ့ စားရာမှ အစာ အဆိပ်သင့်ကြောင်း၊ ၎င်းင်း ဂေါ်ဖီထုပ်မှာ ဖျန်းပက် ထားတဲ့ ပိုးသတ်ဆေး ပြောင်အောင် မဆေးကြော တဲ့အတွက် ဖြစ်ပွားရခြင်း သတင်းတစ်ပုဒ် ပါရှိ လာပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ၊ စာမျက်နှာ ၁၄ မှာ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အဇက်၀ ကျေးရွာသူ မသက်မာေ၀ ၂၄ နှစ်ဟာ လယ်ထဲ ပဲပင်များဆေးဖျန်းဖို့ 'အဆီဖိတ်' ပိုးသတ် ဆေးမှုန့်ထုပ်ကို သွားနဲ့ ကိုက်ဖောက်စဉ် ပါးစပ်ထဲ ဆေးမှုန့်ဝင်သွားတဲ့အတွက် အသက်ဆုံး ပါးသွား ကြောင်း သတင်းတစ်ပုဒ်ပါရှိ လာပါတယ်။ ၂၀၁၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ ၁၄ မှာ စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာအုပ်စု၊ ယက်ဖ ကျေးရွာရှိ လပြည့်နဂါး ကုမ္ပဏီပိုင် သစ်ပါးလွှာ စက်ရုံမှာပဲဆိတ်သားခြောက်ကို ဘူးသီးနဲ့ ပဲသီး ရော ချက်တဲ့ ဟင်းချိုစားသောက်မိတဲ့ အတွက် စက်ရုံဝန်ထမ်း ၆ ဦး သေဆုံးပြီး ၃၃ ဦးအစာ အဆိပ်သင့်ကြောင်း  သတင်းပါရှိ  လာပြန်ပါ  တယ်။
မနုသတ္တဒုလ္လဘ လောကကြီးမှာ လူတစ်ယောက်ရယ်လို့ ဖြစ် လာဖို့ အဆင့်ပေါင်းများစွာ ဖြတ်သန်းလာရပြီး နောက်ဆုံး အလုပ်လုပ်နိုင်တဲ့လူကြီး တစ်ယောက် ဖြစ်လာဖို့က မိဘတွေက ပြုစုစောင့်ရှောက်လာ ရတာငွေတန်ဖိုးနဲ့ တွက်ချက်ပါက နည်းမှာ မဟုတ် ပါဘူး။ အထက်ဖော်ပြပါ သတင်းစာထဲက အဆိပ် သင့်လို့သေဆုံးသွား တဲ့ ဖြစ်စဉ်တွေ စဉ်းစားသုံးသပ် တဲ့ အခါ ပေါ့ဆစွာ လုပ်ကိုင်ဆောင်ရွက်ကြတဲ့ အတွက် သေဆုံးခဲ့ရ တာအများဆုံးဖြစ်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုသေကြောင်းကြံလို့သေဆုံးတဲ့ ဖြစ်စဉ် က လွဲလို့ ကျန်ဖြစ်စဉ်တွေဟာ ပေါ့ဆမှုကြောင့် ဖြစ်ပါတယ်။ လူ့အသက်မသေသင့်ဘဲ သေခဲ့ရတဲ့ အခြေအနေဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး က ဖြစ်စဉ်နှစ်ခုဆိုရင် ရက်ပိုင်းသာခြားတဲ့ဖြစ်စဉ် တူ၊ နေရာတူတာဖြစ်ပါတယ်။ ချက်ပြုတ်တဲ့ ပုဂ္ဂိုလ် များက ကိုယ်ချက်ပြုတ်မဲ့ ဂေါ်ဖီထုပ်ကို စနစ် တကျ မဆေးကြောခြင်း၊ ရေနွေး နဲ့ပြုတ်ပြီး ဆေး သင့်ရက်နဲ့မဆေးမိခြင်း၊ တမင်တကာများ တစ်စုံ တစ်ယောက် က အဆိပ်ကိုခတ်သွားခြင်း စသဖြင့် စားသုံးသူ အကာအကွယ်ပေးရေး ရှုထောင့်က စဉ်းစားသုံးသပ်တာဖြစ်ပါတယ်။ထို့အတူ ဒီအဖွဲ့ ကြီးပဲ နှစ်ပတ်လောက်ခြားပြီး ထပ်ဖြစ်တာ တွေ့ရ ပါတယ်။ ချက်ပြုတ်တဲ့ ပစ္စည်းအမယ်သာပြောင်း ပေမဲ့ ချက်ပြုတ်တဲ့လူ၊ ချက်ပြုတ်ပုံပြောင်းလဲခြင်း မရှိတဲ့ အခြေအနေဖြစ်မယ်လို့ သုံးသပ်ရပါတယ်။ ဒုတိယဖြစ်စဉ်မှာ ဆိတ်သားခြောက် ပါလာတာ တွေ့ရပါတယ်။ ဈေးထဲမှာ တွေ့နေရတဲ့အသား တွေဟာ ကြာရှည်အထားခံနိုင်ဖို့ ယမ်းစိမ်း (အမိုး နီးယမ်နိုက်ထရိတ်) များ ပက်ဖျန်းပေးထားရတယ် လို့ ဆိုပါတယ်။ ယမ်းစိမ်းဟာ လူရဲ့အသားတွေစား နိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် လူ့ရဲ့ အတွင်းပိုင်း ကလီစာတွေလှိုက် စားပြီး သေဆုံးသွား တာဖြစ်နိုင် ခြေအများဆုံးဖြစ်ပါတယ်။ ဘာပဲပြောပြော ဒီဆေး တွေအန္တရာယ်များတဲ့အကြောင်း အများပြည်သူ များသိဖို့အလွန်အရေးကြီးပါတယ်။ ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ်က အဆီ ဖိတ်ပိုးသတ်ဆေးမှုန့် ပါးစပ်ထဲကိုဝင်သွားလို့ သေ ဆုံးတဲ့ ဖြစ်စဉ်လည်း ပေါ့ဆစွာဆောင်ရွက်လုပ်ကိုင် တဲ့ အတွက်ဖြစ်ပါတယ်။ အန္တရာယ်များတဲ့ပိုးသတ် ဆေးကို ကိုင်တော့မယ်ဆိုရင် လိုအပ်တဲ့အသုံး အဆောင်ပစ္စည်းများ ကြိုတင်စုဆောင်းထားသင့် တယ်။ အဇက်ဝကျေးရွာက မသက်မာဝေ  ၂၄ နှစ် ရဲ့ ဖြစ်စဉ်မှာ ပိုးသတ်ဆေးမှုန့် ထုပ်ဖောက်ဖို့ ကပ် ကြေးတို့၊ဓားတို့ ကြိုတင်စီမံထားမယ် ဆိုရင် ပါးစပ် နဲ့ ဖောက်စရာအကြောင်း မရှိတော့ဘူးပေါ့ဗျာ၊ လက်အိတ်၊နှာခေါင်းစည်းနဲ့အခြားခန္ဓာကိုယ်အတွက် အကာအကွယ် ပစ္စည်းများ ကြိုတင်ပြင်ထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့မြန်မာလူမျိုးများရဲ့ အားနည်းချက်က အလုပ်ကိုဖြစ်သလို၊ ကြုံသလို လုပ်တာဟာမကောင်းဘူးဆိုတာ ထင်ထင်ရှားရှား မီးမောင်းထိုးပြခြင်းပဲဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ ကျွန်တော်တို့ နိုင်ငံစားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်းတွေမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ပိုးသတ်ဆေး ထုတ် လုပ်ရခြင်းဟာ ပိုးကိုသတ်ဖို့ဖြစ်ပေမဲ့ လူတွေသေရ တာ ဝမ်းနည်းစရာ ကောင်းပါတယ်။ တီထွင်ထုတ် လုပ်တဲ့ ပုဂ္ဂိုလ်က လူ့အသက် သတ်ဖို့ ထုတ်မှာ မဟုတ်ပါဘူး။ အချို့သော စိတ်ဓာတ် ပျော့ညံ့ တဲ့လူအချို့က သူ့ရဲ့လတ်တလော စိတ်ခံစားမှုကို ရှေ့တန်းတင်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်တဲ့အခါမှာ ဒီပိုးသတ်ဆေးကိုတစ်လွဲ အသုံး ပြုတတ်ပါတယ်။ လူအသက် တန်ဖိုးကို နားမလည် တဲ့လူတွေဖြစ်ပါတယ်။ အချို့လူတွေကြတော့လည်း အန္တရာယ်ကို ဂရုမပြုမိတဲ့အတွက် တန်ဖိုး ရှိတဲ့ လူ့အသက်တွေ သေဆုံးခဲ့ရတယ်။ အဲဒီလူတွေ ဟာ ဈေးထဲမှာတွေ့တဲ့အသားများနဲ့ အသီးအရွက် များကို သေချာသန့်စင်အောင် မဆေးကြောတဲ့ အတွက် စားမိတဲ့လူတွေ အသက်ဆုံးပါးသွားရတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ လူ့ဘဝဟူသည်ရခဲ၏တဲ့။ ရခဲတဲ့လူ့ဘဝကို တန်ဖိုးထားဂရုစိုက်ကြဖို့ သတိပေး စကားရှိနှင့် နေပြီးသားဖြစ်တယ်။
ပိုးသတ်ဆေး ဘာကြောင့် သုံးရသလဲ အထက်ပါဖြစ်စဉ်တွေကိုကြည့်တဲ့အခါမှာ အသီးအရွက်တွေမှာ ကျရောက်တဲ့ပိုးအမျိုးမျိုး နှိမ် နင်းဖို့ ပိုးသတ်ဆေးအသုံးပြုခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ပိုးတွေ များလာလို့လား မပြောတတ်၊ အသုံးပြုတဲ့ပိုးသတ် ဆေးတွေက ယခင်ဆေးမျိုးနဲ့မတူ ပိုမိုအစွမ်းထက် လာတာ တွေ့နေရပါတယ်။ ဒါ့ကြောင့်လည်း ပိုး သတ်ဆေးကိုင်တဲ့အခါမှာ ပိုမိုဂရုစိုက်ပေးဖို့အရေး ကြီးကြောင်း မြင်တွေ့နေရပါ တယ်။ မြန်မာနိုင်ငံမှာ တွေ့ရတဲ့ အဓိကအပင်၊ အသီး၊ အရွက်တွေကို ကိုက် စားဖျက်ဆီးတဲ့ပိုးတွေကတော့ သီးလုံး ဖောက် ယင် (Fruit Fly)၊ ပင်စည်ထိုးပိုး (Stem borer)၊ ဖြုတ်ပိုး(Hopper)၊ ပျပိုး (Aphid)၊ အစေ့ထိုးပိုး (Stone Wevill)၊ ခေါင်ညွှန့်ထိုးပိုး(Shoot or tip borer)၊ ပိုးစေးနှဲ (Mealy bug)၊ အကြေးပိုး (Scale insect)၊ လှေးပိုး (Thrip)၊ ခြ(Tarmite)၊ ပွေး(Bamboo rat) စတဲ့ အမျိုး ပေါင်း ဒီထက်မက ပိုးတွေရှိနေဦးမှာဖြစ်ပါတယ်။ ပိုးကောင်တွေက အပင်၊ အကိုင်း၊ အသီး၊ အရွက်နဲ့ အမြစ်တွေကို ကိုက်စားဖျက်ဆီးခဲ့တာကြောင့် လူ တွေစားဖို့မသင့်တော့ဘူး။ ဈေးတွေမှာ ပိုးကိုက် ပိုးစားတဲ့အသီးအရွက်ဆိုရင် လူတွေရှောင်ကြ တယ်။ ဒါကြောင့် အသီးအရွက်တွေကို ထုတ် လုပ်တဲ့သူက ရောင်းပန်းလှဖို့ ပိုးသတ်ဆေးတွေ လှိုင်လှိုင် သုံးလာကြခြင်း ဖြစ်ပါတယ်။ အချို့ ပိုး သတ်ဆေးတွေဟာ သာမန်ရေအေးနဲ့ဆေးရုံဖြင့် မရတဲ့ အကြောင်း မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးရဲ့ ပြောဆိုချက်ကို မှတ်သား ဖူးပါ တယ်။ ရေနွေးနဲ့စိမ်ပြီးမှ ပိုးသတ်ဆေးရဲ့ဓာတု ဓာတ်ကြွင်းတွေ ဓာတ်ပြယ်ပြီးမှသာ ချက်ပြုတ်စား သောက်လု့ိ ရနိုင်မှာ ဖြစ်ပါတယ်။ ဒီပြဿနာတွေ က မြန်မာနိုင်ငံအနှံ့မှာ မြင်တွေ့နေရဦးမှာ ဖြစ်တဲ့ အတွက် အသီးအရွက်များ ဝယ်ယူတဲ့ အခါမှာ သတိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
ပိုးသတ်ဆေးရဲ့ တာဝန်ဟာ ပိုးကောင်များ သေစေဖို့ အတွက်သာ ပိုးသတ်ဆေးရဲ့သဘောသဘာဝဟာ သီးပင် စားပင်တွေ လာရောက်ကိုက်စားဖျက်ဆီး လာတဲ့ ပိုးတွေ သတ်ဖို့ ထုတ်လုပ်ထားတဲ့ ဓာတုဗေဒ ဆေး များဖြစ်ပါတယ်။ ဒီဆေးရဲ့တာဝန်ကလည်း စား မိတဲ့ သတ္တဝါ များ သေဆုံးဖို့ဖြစ်ပါတယ်။ အသုံးပြု တဲ့လူပေါ်မှာ အန္တရာယ်ရှိဖို့မရှိဖို့ဆိုတာ မူတည် နေတာဖြစ်ပါတယ်။ ပိုးသတ်ဆေး ထုတ်လုပ်တဲ့သူ တွေက ပိုးသတ်ဆေးရဲ့ဘူးခွံပေါ်၊ ပုလင်းခွံပေါ်နဲ့ အိတ်ခွံပေါ်တွေမှာ သတိပေးစာ တမ်းများ ထင် ထင် ရှားရှားရေးသားထားခဲ့ပါတယ်။ နိုင်ငံတော် အနေဖြင့်လည်း ပြည်ပမှပိုးသတ်ဆေးအပါအဝင် ဓာတုဗေဒ ဆေးဝါးပစ္စည်းများ တင်သွင်းတဲ့အခါ သက်ဆိုင်ရာဌာနတွေရဲ့ ထောက်ခံချက်ကိုတောင်း ပြီး စိစိစစ်စစ် ခွင့်ပြုရပါတယ်။ လူတွေအတွက် အကျိုးပြုဖို့ရည်ရွယ်တာဖြစ်ပြီးတော့ အသုံးပြုနည်း အညွှန်းကိုပါ ထုတ်လုပ်သူက ဖော်ပြ ပေးလေ့ရှိပါ တယ်။ အသုံးပြုတော့မယ်ဆိုရင် အညွှန်းကိုသေ သေ ချာချာ နားလည်ပြီးမှ အသုံးပြုဖို့အရေးကြီး ပါတယ်။ သုံးတတ်ရင်အကျိုးရှိပြီးတော့ မသုံး တတ်ရင်ဘေးဖြစ်စေတာက ပိုးသတ်ဆေး ပဲဖြစ်ပါ တယ်။
ပိုးသတ်ဆေးနဲ့ ပတ်သက်ပြီး အကြံပြုချက် ပိုးသတ်ဆေးဟာ သေနတ်တစ်လက်လို ကိုင် တွယ်ထိန်းသိမ်းတတ်ဖို့လိုအပ်ပါတယ်။ သေနတ်ဆို တာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဖြစ်ပေမယ့် အသုံးမပြုတတ်ရင် ကိုင်တဲ့လူပါ သေစေနိုင်တဲ့ လက်နက်ကိရိယာပဲဖြစ်ပါ တယ်။ ထိုနည်းတူစွာပဲ ပိုးသတ်ဆေးဟာလည်း စိုက်ပျိုးပင်များ ပိုးကောင် များရဲ့ဘေးရန်မှ ကာကွယ်ပေးဖို့ပဲဖြစ်ပါတယ်။ အသုံးပြုတတ်ရင် အကျိုးပေးမှာဖြစ်သလို အသုံး မပြုတတ်ရင်တော့ ကိုင်တွယ်တဲ့ လူအတွက်အသက် အန္တရာယ်ပါပေးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် စားသုံးသူပြည်သူများ ပိုးသတ်ဆေး ကိုစနစ်တကျ ကိုင်ကွယ် အသုံးပြုတတ်လာစေဖို့နဲ့ အန္တရာယ် ကင်းအောင် အောက်ပါအတိုင်း ဆောင်ရွက် သင့် ကြောင်း အကြံပြုလိုပါတယ်-၁။    ပိုးသတ်ဆေးကို သတ်မှတ် အညွှန်းအတိုင်း အတိအကျ လိုက်နာပေးပါ။၂။    ပိုးသတ်ဆေးဘူး (သို့မဟုတ်) အထုပ် (သို့ မဟုတ်) ပုလင်းများကိုင်တွယ်ပြီးတိုင်း လက် ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးကြောပါ။၃။    ပိုးသတ်ဆေးကို ကလေးများ မမီနိုင်တဲ့ နေ ရာမှာ အလွယ်တကူ ထုတ်ယူနိုင်လို့ မရ အောင် ထိန်းသိမ်းထား ရှိပါ။၄။    ပိုးသတ်ဆေးကို လိုတာထက် အချိုး ပို မသုံး ရန်။၅။    ပိုးသတ်ဆေးဖျန်းတိုင်းမှာ အကာအကွယ် အသုံးပြုပါ။၆။    ပိုးသတ်ဆေးကို အသားနဲ့မထိစေရေး ဂရု စိုက် ဆောင်ရွက်ပေးပါ။၇။    ပိုးသတ်ဆေးဖျန်းတဲ့အခါမှာ လေအဆန် ဘက်မှသာနေ၍ ဖျန်းပေးရပါမယ်။၈။ ပိုးသတ်ဆေး ဖျန်းထားတဲ့ အသီးအရွက်များ ကို ချက်ချင်းစားသောက်ခြင်းမပြုသေး ဘဲ လေသလပ် ခံခြင်း၊ ရေနွေးနဲ့ပြုတ်ခြင်း၊ ရေနဲ့ သေချာစွာဆေးကြောခြင်းများကို စနစ်တကျ ပြုလုပ်ရန်။၉။    ပိုးသတ်ဆေးဖျန်းထားတဲ့ အသီးအရွက်များ ချက်ပြုတ်တဲ့အခါမှာ မူလအရောင်များ၊ အနံ့ များ၊ အသီးအရွက် ပုံစံများ၊ ပြောင်းလဲသွား တယ်လို့ ယူဆပါက မစားပါနဲ့။၁၀။    ပိုးသတ်ဆေးနဲ့ပတ်သက်လို့ သံသယဖြစ်မှု များကို သက်ဆိုင်ရာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များ ကို မေးမြန်းပြီးမှ သာ ကိုင်တွယ်ဆောင်ရွက် ပါ။၁၁။    ပိုးသတ်ဆေးများကို အခြားစားသောက်ကုန် ပစ္စည်းများနဲ့ ရောနှောထားသိုခြင်းမရှိစေရန် ဂရုစိုက်ရမည်။
အဆိပ်အတောက် ရှောင်ရှားနိုင်ရေး ဆောင်ရွက်စို့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက် အတွက် ရွေးချယ်စားသောက်တတ်ဖို့  လိုအပ်ပါ တယ်။ မနက်မိုးလင်းလို့ လက်ဖက်ရည်ဆိုင်သွားပြီး နံနက်စောစောစားသုံးတတ်သူများ ကိုယ်စားတဲ့ မုန့်ဟာ အပြန်ပြန်အလှန်လှန်ကြော်လှော်ပြီး သား ဆီနဲ့ ကြော်တာဆိုရင်ရှောင်ပါ။ ရောဂါရဖို့ ရာခိုင် နှုန်း အလွန်များပါတယ်။ အချို့လက်ဖက်ရည်ဆိုင် တွေဟာမုန့်ကြော်တဲ့ဆီအထဲကို ရေသန့်ဘူးခွံထည့် ကြော်တယ်လို့ ကြားသိရပါတယ် ။ကြော်လိုက်တဲ့ မုန့်တွေ ကြွပ်ရွစေဖို့လို့လည်းဆိုပါတယ်။ တတ် လည်း တတ်နိုင်လွန်းတဲ့လူတွေပဲ။ မဟုတ်တဲ့ပညာ ဘက်မှာစွမ်းဆောင်ရည်မြင့်မားလွန်းကြတယ်။ နောက်ပိုင်း စားသောက်ဆိုင်တွေမှာ အစား အသောက်လုံခြုံမှု အာမခံချက်ပေးနိုင်မဲ့ ဆိုင်တွေပဲ ရောင်းရတော့မဲ့အချိန် ရောက်လာမှာဖြစ်ပါ တယ်။ ဖြစ်လည်းဖြစ်သင့်ပါတယ်။ စားသုံးသူက ငြင်း ပယ်မှသာ ထုတ်လုပ်သူဘက်မှ ပြုပြင်လာမှာဖြစ်ပါ တယ်။ ဒီဘက်ကာလပိုင်းတွေမှာ ရောဂါနဲ့သေဆုံးတဲ့ သူတွေ အများဆုံးက ကင်ဆာရောဂါအပါအဝင် အစား အသောက်ကနေ ဆင်းသက်လာတဲ့ရောဂါ တစ်ခုခုကြောင့် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ပတ်ဝန်း ကျင်မှာဖြစ်ပျက်မှုေ တွလေ့လာတဲ့အခါလူလတ်ပိုင်း တွေအဖြစ်များတာ တွေ့နေရပါတယ်။ အကြောင်း ကတော့ ယနေ့ကျွန်တော်တို့ စားသောက်နေတဲ့ အစားအသောက်ထဲမှာ အဆိပ်အတောက်တွေ အလွန်အကျွံပါရှိလာတယ်ဆိုတာ ထင်ဟပ် ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့စားသုံးသူ ပြည်သူ များဟာ အစားအသောက်အန္တရာယ်ကင်း ရှင်း စေ ရေးဟာ နိုင်ငံတော်အတွက် ဦးစားပေးရမဲ့အမျိုး သား ကာကွယ်ရေးကိစ္စအဆင့်အနေနဲ့ ရောက်ရှိ နေ ပြီဖြစ်ပါတယ်။ ကြာလေဆိုးလေမဖြစ်အောင် နိုင်ငံသားတိုင်းမှ မျိုးချစ်စိတ်ဓာတ်အရင်းခံပြီး မိမိ တတ်နိုင်သ၍ စားသုံးသူများဘက်မှ အစား အသောက် ထဲက အဆိပ်အတောက်များကာကွယ် ရေးလုပ်ငန်း ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။