Main menu

Background

မတ်လရဲ့ ဒုတိယပတ် ပခုက္ကူကုန်စည်

Mon, 04/08/2013 - 10:16 -- ydnar

၂၀၁၃ ခုနှစ်၊ မတ်လ ဒုတိယပတ် ပခုက္ကူ ကုန်စည်ဒိုင်မှာ အရောင်းအဝယ် ဖြစ်တဲ့ သီးနှံတွေကတော့ ပဲစင်းငုံနီ၊ ကုလားပဲဝါကြီး၊ ကုလားပဲဖြူကြီး၊ စွန် တာနီ၊ ပဲဇီးကွက်၊ ပဲယင်း(မြစ်ခြေ)၊ နှမ်းဖြူ၊နှမ်းနီ၊ နှမ်းညို၊ ဃဏ ပြောင်း၊ မန် ကျည်းသီးတောင့်၊ မန်ကျည်းဖတ်အစုံ အရောင်းအဝယ် ဖြစ်ပါတယ်။ ပဲစင်းငုံနီ တစ်ပိဿာ ၁၀၁၀ ကျပ်၊ တစ်တင်း ၂၀၂၀၀ ကျပ်ကနေတစ်ပိဿာ ၁၀၇၀ ကျပ်၊ တစ်တင်း ၂၁၄၀၀ ကျပ်ဆိုတော့ ဈေးမြောက်နေတယ်လို့ သုံးသပ်ရမှာ ပါ။ရန်ကုန်အော်ဒါလက်အောက် ဒေသ ခံ လှောင်လက်တွေ အပြိုင်ကျဲ အပြိုင် ဆွဲနေတဲ့သဘော ရှိပါတယ်။အချို့ဒေသ ခံ လှောင်လက်တွေ ၁၇၀၀၀ ကျပ် - ၁၇၅၀၀ ကျပ် တစ်ပတ်လည်ကနေ ၂၁၄၀၀ကျပ် ဆိုတော့သင့်ပြီဆိုပြီး လွှတ် ကြသလို ဆက်တက်မယ်ထင်လို့ ဆက် ဆွဲနေတဲ့သူတွေလည်း ရှိတယ်လို့ ကုန် စည်ရပ်ဝန်း သတင်းတွေအရ သိရပါ တယ်။ ဘယ်လိုပဲပြောရပြောရ တစ်နှစ် တာ အရောင်းအဝယ်ရဲ့ ဇာတ်ရှိန်မြင့် လေ့ရှိတဲ့ ဇွန်၊ဇူလိုင်လထိကတော့ ပဲစင်း ငုံ ဇာတ်လမ်း ဘယ်လမ်းနဲ့သွားမလဲ ဆို တာ စောင့်ကြည့်ရဦးမှာပါ။

ကုလားပဲဝါ တစ်ပိဿာ ၈၈၄ ကျပ်၊ တစ်တင်း ၁၆၈၀၀ ကျပ်မှ တစ် ပိဿာ ၉၀၅ ကျပ်၊ တစ်တင်း ၁၇၂၀၀ ကျပ် သူလဲပဲအတက်ဈေးပါ။ ကုလားပဲဖြူကြီး တစ်ပိဿာ ၉၁၅ ကျပ်၊ တစ်တင်း ၁၇၄၀၀ ကျပ်မှ တစ်ပိဿာ ၉၂၁ ကျပ်၊ တစ်တင်း ၁၇၅၀၀ ကျပ် မပြောပလောက်တဲ့တက်ဈေးပါ။ ဒေသ ခံလှောင်လက်ပဲခွဲစက်တွေဆွဲကြပါ တယ်။ ဈေးသင့်တယ်လို့ သုံးသပ်ကြပါတယ်။      စွန်တာနီ(ယော)တစ်ပိဿာ ၆၆၃ ကျပ်၊ တစ်တင်း ၁၂၆၀၀ ကျပ်မှ တစ် ပိဿာ ၇၁၀ ကျပ်၊ တစ်တင်း ၁၃၅၀၀ ကျပ်၊ စွန်တာနီ(ကျွန်း) တစ်ပိဿာ ၆၉၄ ကျပ်၊တစ်တင်း ၁၃၂၀၀ကျပ် ဈေး တွေတက်ပါတယ်။ ယောပဲနဲ့ ကျွန်းပဲ ဈေးနှုန်း အနည်းငယ်ပဲ ကွာပါတယ်။ ပဲဇီးကွက် တစ်ပိဿာ ၆၉၀ ကျပ်၊ တစ်တင်း ၁၃၈၀၀ ကျပ်မှ တစ်ပိဿာ ၇၁၀ ကျပ်၊ တစ်တင်း ၁၄၂၀၀ ကျပ်၊ ရေစကြိုနယ်ထွက် ပဲဇီးကွက်တွေ ကုန် စည်ဒိုင်ကို တက်လာတာပါ။ အိတ်ရေ နည်းတာ တွေ့ရပါတယ်။ ပဲယင်း(မြစ်ခြေ)တစ်ပိဿာ ၅၇၅ ကျပ်(တစ်တင်း ၁၁၅၀၀ ကျပ်)၊ လှောင် လက်ဆွဲပြီးအိတ်ရေ နည်းပါသေးတယ်။ နှမ်းမျိုးစုံထဲက နှမ်းနီတစ်ပိဿာ ၁၄၆၆ ကျပ် (တစ်တင်း ၃၇၀၀၀ ကျပ်)၊ နှမ်းညို တစ်ပိဿာ ၂၄၁၃ ကျပ် (တစ်တင်း ၃၆၂၀၀ ကျပ်)၊ နှမ်းဖြူ(ရှယ်) တစ် ပိဿာ၂၆၆၆ ကျပ် (တစ်တင်း ၄၀၀၀၀ ကျပ်)၊ ဃဏပြောင်းတစ်ပိဿာ ၄၂၂ ကျပ် (တစ်တင်း ၇၆၀၀ ကျပ်)မှ တစ်ပိဿာ ၄၀၅ ကျပ်(တစ်တင်း ၇၃၀၀ကျပ်) ဈေး အနည်းငယ်ဆင်းပြီး၊ ကြက်စာသမား များဆွဲတယ်လို့ သိရပါတယ်။ မန်ကျည်းသီးအစေ့ပါ တစ်ပိဿာ ၆၁၀ ကျပ်၊ အစေ့လွတ် မန်ကျည်းဖတ် တစ်ပိဿာ ၁၀၀၀ ကျပ်ပါ။ တရုတ် ဝယ်လက် အဆွဲရှိတာတွေ့ရပါတယ်။ ကုန်စည်ဒိုင်မှာ အမယ်စုံ အရောင်း အဝယ်ရှိပေမယ့် ဇာတ်လိုက်ကျော် ပဲစင်းငုံ တစ်မျိုးတည်းသာ သိသိသာ သာဈေးမြောက်နေပြီး၊ ကျန်သီးနှံများ အနေနဲ့ အတက်အဆင်းအနည်းငယ်ပဲ ရှိတယ်လို့ သုံးသပ်ရမှာဖြစ်ကြောင်းပါ။မြင့်ဦး - ပခုက္ကူ