Main menu

Background

ဖေဖော်ဝါရီလအတွင်း ချင်းတန်လေးရာကျော် တင်ပို့

Mon, 04/08/2013 - 10:23 -- ydnar

ပြည်ပကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ်လ ၂ ရက်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ချင်း ၅၆ ဒသမ ၃၂ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ဖိလစ်ပိုင်နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်မှာ ချင်းတင်ပို့တန် ချိန်ကတစ်ရာ့ကိုးဆယ်နီးပါးရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုကတန်ချိန် တစ်ရာ့သုံး ဆယ်ကျော်လျော့နည်းခဲ့ပါတယ်။ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာနှစ်သိန်း ကျော်ဖြစ်ပါတယ်။

ဖေဖော်ဝါရီလအတွင်း ပါကစ္စတန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံတွေကို ချင်းတင်ပို့ မှုက စုစုပေါင်းတန်ချိန် ၄၃၉ ဒသမ ၉၂ တန်ရှိခဲ့ပါတယ်။ ယခင်ဇန်နဝါရီလအတွင်း မှာလည်း ချင်းတန်လေးရာခြောက်ဆယ်ကျော်တင်ပို့ ခဲ့တာေ ကြာင့် ဖေဖော်ဝါရီလ မှာ တန်ချိန် အနည်းငယ်သာ တင်ပို့မှုလျော့ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော် ဝါရီလအတွင်း ချင်းတင်ပို့မှုက ကန်ဒေါ်လာတစ်သိန်းသုံးသောင်းနီးပါးရရှိခဲ့ပါတယ်။              MIRT (DOT)