Main menu

Background

မတ်လဆန်းမှာ ကျောက်ဆည်နနွင်းအရောင်း အနည်းငယ်ပြန်ဖြစ်

Mon, 04/08/2013 - 10:31 -- ydnar

ဈေးအေး၊ အရောင်းအေးသည်မှာ အတန်ကြာပြီဖြစ်တဲ့ ကျောက်ဆည် နနွင်းတက်မှာ ယခုမတ်လဆန်းပိုင်း မှာတော့ အနည်းငယ် အဝယ်လိုက်လာပါတယ်။ ယမန်နှစ်တစ်နှစ်လုံး ဈေးအေး၊ အရောင်းအေးနေခဲ့တဲ့ နနွင်း ဈေးကွက်ဟာ ယခု နှစ် သီးနှံပေါ်စမှာလည်း ဈေးအေးနေလို့ တောင်သူအနေနဲ့ သီးနှံဖော်ဖို့ နှောင့်နှေးခဲ့ပါတယ်။ ယခု မတ်လဆန်းမှာတော့ နယ် အဝယ် လိုက်လာတဲ့အတွက် ကျောက်ဆည် နနွင်းဈေး ကွက်မှာ ရန်ကုန်ဝယ်လက်မှ ပိဿာချိန် ၆၀၀၀၀ (တန် ၁၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ မူဆယ်ဝယ်လက်ကို ပိဿာ ၂၀၀၀၀ ဝန်းကျင်တင်ပို့ခဲ့ ပါတယ်။ သီးနှံပေါ်စက တစ်ပိဿာ ၈၀၀ ကျပ်ဝန်းကျင်ရှိခဲ့ပြီး၊ ယခုအရောင်းအဝယ် ဖြစ်လာချိန်မှာတော့ တစ်ပိဿာ ၁၁၀၀ကျပ် - ၁၂၀၀ ကျပ် ထိ ဈေးမြင့်လာပါတယ်။

ယခုနှစ်မှာ မိုးနည်းတာကြောင့် နနွင်းအထွက်နည်းခဲ့ပြီး ဈေးကွက်ကလည်း ဈေးအေးနေ တာကြောင့် တောင်သူအနေ နဲ့ နနွင်းစိုက်ဧကအချို့မှာ တွက်ချေကိုက်တဲ့ ငှက်ပျောကို အစားထိုးစိုက်ပျိုးမှုရှိကြောင်း၊ နနွင်းဈေးကွက်မှ သိရပါတယ်။သင်းသင်းမြတ် - မန္တလေး