Main menu

Background

အားကိုးပါရစေ အက်(ဖ်)ဒီအေ FDA

Mon, 04/08/2013 - 12:05 -- ydnar

သတိပြုရမည့် အခြေအနေ ကုန်ထုတ်လုပ်မှု အားကောင်းနေ သောနိုင်ငံများနှင့် နယ်နမိတ်ချင်းထိ စပ်နေသော မြန်မာနိုင်ငံအဖို့ နယ် စပ်ကုန်သွယ်ရေးဖြစ်ထွန်းနေသည်မှာ အထူးအဆန်းမဟုတ်၊ အကျယ်ချဲ့ပြော စရာမလိုသော်လည်း  ထိုနယ်စပ်ကုန် သွယ်ရေးကြောင့် ဖြစ်လာသော တရား မဝင်ကုန်ပစ္စည်းများ နှင့် ပတ်သက်၍မူ အလေးပေး၊ အကျယ်တဝင့် ပြောဆို ကြ၊ စဉ်းစားကြရန်လိုလာသည်။ အထူး သဖြင့်နယ်စပ်များမှ ( တရားဝင်သည် ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ) ဝင် ရောက်လာသည့်  တရားမဝင် စား သောက်ကုန်များနှင့် သက်ဆိုင်သည်။ တရားမဝင်ကုန်တင်သွင်းမှုများကြောင့် နိုင်ငံတော်မှ အခွန်အကောက်များ လျော့ကျလာရခြင်း၊ ပြည်တွင်းလုပ်ငန်း ရှင်များအခက်အခဲများ ကြုံလာရခြင်း တို့ကြောင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ် ကုန်သွယ်ရေး  ဦးစီးဌာနက  ထို ပြဿနာဖြေရှင်းရန်  ကြိုးစား အားထုတ်၏။  စားသုံး သူအကာ အကွယ် ပေးေ ရးနှင့် တရားမဝင် ကုန် သွယ်မှုများ တားဆီး ထိန်း ချုပ်ရေးဟု ခေါင်းစဉ်တပ်၍ အကောင် အထည်ဖော်ဆောင် ရွက်သည်။ ဤတွင် အပိုင်း (၂)ပိုင်း တွေ့ရသည်။ ဒုတိယ ပိုင်းဖြစ်သည့် တရားမဝင်ကုန်သွယ်မှု များ တားဆီး ထိန်းချုပ်ရေး ရည်ရွယ် ချက်ဖြစ်သည့် ပြည်တွင်းရှိ ကုန်ထုတ် လုပ်မှု လုပ်ငန်းများ ဈေးနှုန်း၊ အရည် အသွေးမယှဉ်ပြိုင်နိုင်သေးသည့် အခြေ အနေတွင် မမျှတသော ယှဉ်ပြိုင်မှုကို မခံရရေး၊ ယှဉ်ပြိုင်စွမ်းရည် ရရှိရေး အတွက် ပြင်ဆင်ချိန် ရရှိရေးနှင့် အာဖတာသို့ အပြည့်အ၀ မဝင်ရောက် ခင်တွင် နိုင်ငံအတွက် ရသင့်ရထိုက် သည့် အခွန်အခများ ရရှိရေးတို့ကို အတိုင်းအတာ တစ်ခုအထိ ဆောင် ရွက်နိုင်စွမ်း ရှိနေသည်ဟုပြောနိုင်သော် လည်း ပထမပိုင်းဖြစ်သည့် စားသုံးသူ အကာအကွယ်ပေးရေးကိုမူ ထိထိ ရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု သုံးသပ်ရမည်။ အဘယ့်ကြောင့် ဤကဲ့သို့ ဖြစ်ရသနည်း။ စားသုံးသူ အကာအကွယ်ပေးရေးတွင် အဓိက ပါဝင်ဆောင်ရွက်ရန် လိုအပ်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သော အက်(ဖ်)ဒီအေ အဖွဲ့ ကျယ်ကျယ်ပြန့်ပြန့် မလှုပ်ရှားနိုင် သောကြောင့်ဖြစ်သည်။စားသုံးရန်မသင့် ဟု ဆိုနိုင်သော ကုန်ပစ္စည်းများသည် တရားမဝင် တင်သွင်းလာသော စား သောက်ကုန်များတွင်သာအများအပြား ပါဝင်နေသည်ဟု ယေဘုယျ အားဖြင့် ကောက် ချက်ချရ မည့်သာ ဖြစ်သော် လည်းတရားဝင်တင်သွင်းထားသည့် စား သောက်ကုန်များတွင် လည်းအက်(ဖ်)ဒီအေ မှ ထိထိရောက်ရောက် စစ်ဆေးနိုင်ခြင်း မရှိသေးသည့်အတွက် များစွာ ပါရှိနိုင် သည်။ ထိုသို့ ကြုံတွေ့နေရချိန်တွင် တရားမဝင် ကုန်ပစ္စည်း ပိုမိုများပြား လာခြင်းနှင့် ဖြေလျော့တင်သွင်းခွင့်ပြု သောကုန်ပစ္စည်းများ တဖြည်းဖြည်းချင်း များပြားလာသော အခြေအနေများ ကြောင့်ပြည်တွင်းစားသုံးသူများအတွက် ကျန်းမာရေးထိခိုက်မှုများ၊ အသက်ဘေး အန္တရာယ်ဖြစ်စေမှု များ ပိုမိုများပြားလာ နိုင်သည်ဟု  ခံစားရသည်။

 
သတင်းကောင်း နယ်စပ်ဒေသများကို ဖြတ်ကျော် လျက် မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ရောက် ရှိလာနေသည့် ကုန်ပစ္စည်း ရာခိုင်နှုန်း အများစု မှာ အခြားသော အိမ်နီးချင်းနိုင်ငံများ ထက်  တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ကုန်ပစ္စည်းများ ဖြစ်နေသည်။ ထိုနှစ် နိုင်ငံတွင်လည်း ဈေးပေါပေါနှင့် အရည် အသွေး ခပ်ညံ့ညံ့ ကုန်ပစ္စည်းများမှာ တရုတ် နိုင်ငံဘက်မှ ပိုမိုဝင်ရောက်လာ သည်ကိုလည်း အားလုံးသိမြင်နေပြီး ဖြစ်၏။ ထို့အပြင် တရုတ်နိုင်ငံထုတ် ကုန်စည်များ၊ စားသောက်ကုန်များ၏ ဘေး အန္တရာယ်ကြီးမားမှု သတင်းများ ကို တရုတ်ပြည်တွင်းမှာ သာမက၊  နိုင်ငံ တကာမှလည်း ကြားနေရဆဲ ဖြစ် သည်။   အခြားနိုင်ငံများမှ ထွက်ကုန် များနှင့် နှိုင်းယှဉ်ပါက "ပေါချောင် ကောင်း" အမည်ရ တရုတ်ကုန်ပစ္စည်း များအလုံးအရင်း ဝင်ရောက်လာနေ ခြင်းကို ခံနေရသည့်  မြန်မာနိုင်ငံတွင်း ရှိ စားသုံးသူ ပြည်သူများအတွက်  ပို၍ပင် စိုးရိမ်စရာ ကောင်းသည့် အခြေ အနေတွင် ရှိနေသည်။ စားသုံးသူများ အား အကာအကွယ်ပေးနိုင်မည့် အဖွဲ့ အစည်းများစွာ ပေါ်ပေါက်ပြီး ဂရု တစိုက် ကာကွယ်ပေးစေချင်လှသည်။လက်ရှိအခြေအနေ တွင် ပြည်သူတို့၏ ဝင်ငွေနိမ့်ပါး ဆင်းရဲ နွမ်းပါးနေမှုတို့ ကြောင့် ရေရှည်ကျန်းမာရေးအတွက် ဂရုမစိုက်နိုင်ဘဲ လတ်တလော ဝမ်းမီး ငြိမ်းစေရန် အတွက်သာ တွေ့သမျှကို ရှိသမျှဖြင့် ဘဝရပ်တည်နေရ၍လည်း ကောင်း၊ထိုကုန်ပစ္စည်းများကို စစ်ဆေး ပေးရမည့် အဖွဲ့အစည်းကို ကြီးကြီးမား မားမဖွဲ့စည်းထားနိုင်၊ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင် ရွက်နိုင်ခြင်း မရှိသေး သောကြောင့်လည်းကောင်း ပြည်တွင်း စားသုံးသူများ အများစုမှာ နယ်စပ် ဒေသများမှဝင်ေ ရာက်လာသော အခြေ အနေ မသေချာသော  စားသောက် ကုန်များကိုမျက်ကန်း တစ္ဆေမကြောက် စားသုံး နေကြရ သည်။ ကျန်းမာရေး ထိခိုက်မှုများ၊ အသက် ဘေး အန္တရာယ် များကို သိလျက် နှင့်ပင် လျစ်လျူရှုလျက် နေကြရသည်။ ယခု အခြေအနေများ အပြောင်း အလဲများ ရှိလာတော့မည်။ သတင်း ကောင်းကြားရပြီဖြစ်၏။ ယခင်က ဖွဲ့စည်းပုံတွင် ဝန်ထမ်းအင်အား အရေ အတွက်အားဖြင့် ဆယ်ဂဏန်း သာသာ ရှိသောအက်(ဖ်)ဒီအေဟု အတိုကောက် ခေါ်သည့်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနကို  ဝန်ထမ်းအင်အား ၆၀၀ ကျော် တိုးမြင့်ကာ  ဦးစီးဌာနကြီး တစ်ခုအဖြစ် တိုးမြှင့် ဆောင်ရွက်သွား တော့မည်ဟု လွှတ်တော်အစည်းအဝေး တစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ အမေးကို ကျန်းမာရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဖြေဆိုရာတွင် ကြားသိခဲ့ရခြင်းဖြစ်သည်။ သန်း ၆၀ခန့် ရှိသော မြန်မာနိုင်ငံသားများ အစား အသောက်နှင့် ဆေးဝါးများနှင့် ပတ် သက်၍ ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်နိုင်ရန် လုံလောက်သော အင်အား မရှိသောကြောင့် တိုးမြှင့် ဖွဲ့စည်းရခြင်း ဖြစ်ကြောင်းလည်း ဖြေဆို သွားခဲ့သည်။
အားကိုးအားထားရှိစေချင်သည် ယခင်က ပြည်ပမှ တင်သွင်းခွင့် မပြုခဲ့သော စားသောက်ကုန်ပစ္စည်းများ ကို ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနမှ တဖြည်းဖြည်းချင်း ဖြေ လျော့ ခွင့်ပြုမှုများပေးလျက် ရှိသည်။ဖြေလျော့ပြီးနောက် လွတ်လပ်စွာ တင် သွင်းလာသော စားသောက်ကုန်များ၊ ဆေးဝါးများအပြင် တရားမဝင် တင် သွင်းသူများလည်း များပြားလျက်ရှိနေ သေးရာ ဘေးအန္တရာယ်ရှိနိုင်သော တရားဝင်၊ တရားမဝင် သွင်းကုန်များ ယခင်ကထက် ပိုမို များပြားလာနိုင် သည်။ အက်(ဖ်)ဒီအေသည် ထို ကုန်စည်များကို စားသုံးရန် သင့်မသင့် စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ခြင်းကို လူ အင်အား အနည်းငယ်၊ နေရာ အနည်း ငယ်၌သာ  စစ်ဆေးနိုင်မည် ဖြစ်ရာ တစ်ပြည်လုံးရှိ  ဈေးကွက် များ ထဲသို့   ဝင်  ရောက်လာသည့်   ကုန် စည်များ  အားလုံးကို   မည်သို့မျှ စစ်ဆေးနိုင်စွမ်းရှိမည် မဟုတ်ပေ။ (စီးပွားရေးနှင့် ကုန်သွယ်ရေးရှု ထောင့်မှ ပြည်တွင်းလုပ်ငန်းရှင်များ ခံစားရနိုင် သည့် အခက်အခဲဝေဒနာများကို မစဉ်း စားနိုင်သေးခင်မှာပင်) ပြည်တွင်း စား သုံးသူများအတွက် သာ ပေါပေါများများ ဝယ်ယူ စားသုံးနိုင်သည့် အခွင့်အရေး များရရှိလာနေသည်ဟု ကောင်းကျိုး များကို မြင်ရ၏။ သို့သော်  တစ်ဖက် တွင် စားသုံးသူများအတွက်ပင်လျှင် ဘေးအန္တရာယ် ဆိုးကျိုးများ ရှိလာနိုင် ဖွယ် တွေ့နေရ သည်။ မြန်မာနိုင်ငံအတွင်းရှိ ဈေးကွက် များထဲတွင်လူအများ၏ ဘေးအန္တရာယ် ဖြစ်စေနိုင်သော အစားအသောက်နှင့် ဆေးဝါးများ ကျယ်ပြန့်စွာ ယခင်ကာလ များကထက် များစွာရောက်ရှိနေပြီ ဖြစ် သည်။တားမြစ်ဆိုးဆေးများပါဝင်သည့် အစား အသောက်များ၊ သီးနှံများ၊ ဟင်း သီးဟင်းရွက် များ၊အသင့်စားသုံးနိုင်သော အစားအစာများ၊ကြာရှည်ခံအစားအစာ များ ၊ စံချိန်မမီသောဆေးဝါးများ စသည်ဖြင့် စုံလင်လှ၏။ တိုက်ရိုက်အား ဖြင့်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့် လည်းကောင်း ပြည်တွင်းစားသုံးသူများ ၏ ကျန်းမာရေး အသက်အန္တရာယ် အပေါ်သက်ရောက်လျက်ရှိသည်။ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးမှ ၂၀၁၁ ခုနှစ်တွင်ထုတ်ပြန်သည့် အစီရင်ခံစာ တွင် မြန်မာနိုင်ငံတွင်းရှိလူများ ကင်ဆာ ရောဂါဖြစ်ပွားမှုမှာ အလွန်ကြောက် စရာကောင်းကြောင်း သတိပြုလိုက်မိ သည်။ ကမ္ဘာပေါ်ရှိ ကင်ဆာ ရောဂါ အဖြစ်ဆုံး ၁၀ နိုင်ငံထဲ တွင် မြန်မာ နိုင်ငံမှာ ဒုတိယမြောက်နေရာတွင် ရှိနေ လေပြီ။ ကင်ဆာရောဂါကို အလွယ် တကူ ဖြစ်စေသည့် အဓိကပစ္စည်း များ မှာ ပလတ်စတစ်၊ ဖော့ဘူး၊ အချဉ်ရည်၊ ခြင်ဆေးခွေ၊ အချိုရည်၊ ဂျယ်လီများ၊ မယ်မလင်း ( ဖိုက်ဘာ) ပစ္စည်းများ၊ တရုတ်နို့မှုန့်နှင့်  ကြက်သားမှုန့် များ စသည့် စားသုံးကုန်၊ လူသုံးကုန်များ သည် ပြည်တွင်းမှာ  ရှိနေသကဲ့သို့ နယ်စပ် သွင်းကုန်များအနေဖြင့်လည်း အလုံးအရင်းဖြင့်  ဝင်ရောက်လျက် ရှိနေသည်မှာ ကာလကြာမြင့်နေခဲ့ပေ ပြီ။ အနာဂတ် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး လူ့စွမ်း အား အရင်း အမြစ် များကို လှိုက် စား ဖျက် ဆီးမည့် အခြေ အနေ ရှိသောကြောင့်  အများနှင့် ဆိုင်သည့် အရေး အရာ ကိစ္စကဲ့သို့ သဘောထားကာ စားသုံးသူ ပြည်သူပြည်သားများ၊ စီး ပွားရေး လုပ်ငန်းရှင်များနှင့် နိုင်ငံတော် မှ ပေါင်းစပ်လုပ်ဆောင်ရန် အချိန်တန် ပြီဟု ဆိုရတော့မည်။ FDA   အဖွဲ့အစည်းကဲ့သို့ အစား အသောက်နှင့် ဆေးဝါးများကို စစ်ဆေး ပေးသည့် အဖွဲ့များကို သာမန်သဘော မထားဘဲ ပြည်သူလူထု တစ်ရပ်လုံး၏ အသက်အန္တရာယ်အတွက် ကာကွယ် ပေးနိုင်မည့် အဖွဲ့အစည်းများအဖြစ်အမျိုး သားအားလုံးကျန်းမာရေး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် တွင် ထည့်သွင်း စဉ်စားအကောင်အထည်ဖော်သင့်သည်။ စွမ်းဆောင်ရည်ရှိရှိ၊ထိထိရောက်ရောက် လုပ်ငန်းများလုပ်ဆောင်နိုင်ရေး အတွက် ယခုကဲ့သို့ FDA  အဖွဲ့ကို တိုးချဲ့ဖွဲ့စည်း မည်ဟု ကြားနေရချိန် အမှန်တကယ် ဖွဲ့စည်း၍  ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မည်ဟုသာ မျှော် လင့်မိ၏။ နိုင်ငံတော်အဆင့်မှ အမြဲ ကြပ်မတ်၍  သက်ဆိုင်ရာဌာနများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်း လုပ်ဆောင်၍ ကာကွယ်ပေးစေချင် သည်။  ပြည်တွင်းစားသုံးသူများ သည် ပြည်တွင်းရှိ FDA   အဖွဲ့ကို အမှန် တကယ် အားကိုးရနိုင်ရန် မျှော်လင့် စောင့်စားနေသည့် အချိန်ဟု သက်ဆိုင် ရာတို့ သိစေချင်လှပါတော့သတည်း။