စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူအများစုရဲ့ ပညာရေး အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို အပြောများကြ၊ အမြင်များ ကြပြီးသားပါ။ စီးပွားရေးပညာရှင်တွေကတော့ ပညာရေးက စီးပွား ရေးကို နည်းလမ်းသုံးသွယ်နဲ့ အထောက်အကူပြုတယ်လို့ ပြောကြ ပါတယ်။
ပညာရေးကြောင့် လုပ်သားတွေရဲ့ ထုတ်လုပ်မှုစွမ်းအားကို မြင့်မားစေပြီး ကုန်ထွက်တိုးစေတယ်။ ပညာရေးကြောင့် တီထွင် ဆန်းသစ်မှုတွေကို ဖြစ်စေတယ်။ သွင်းအားစုတွေ ပိုကောင်း လာအောင်၊ ထုတ်လုပ်ပုံ ထုတ်လုပ်နည်းတွေ ပိုကောင်းလာအောင်၊ ထွက်ကုန်တွေ ပိုကောင်းလာအောင် လုပ်ပေးကြတယ်။ အသိပညာ တွေ ပြန့်ပွားအောင် နည်းပညာအသစ်အဆန်းတွေ အသုံးချရာက စီးပွားရေးတိုးတက်မှုရအောင် လုပ်ပေးတယ်။ ဒီဆက်သွယ်မှုတွေကိုဘယ်သူကမှ ပြန်ပြီးမငြင်းကြ၊ မေးခွန်း မထုတ်ကြတော့ပါဘူး။ ဒါပေမဲ့လည်း ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဆက်နွှယ်မှုကို အပြတ်မပြောနိုင်သေးပါဘူး။ ပညာရေးနဲ့ ပတ်သက် လို့ သေသေချာချာ မတိုင်းတာနိုင်သေးဘူး။ ပညာရေးလို့ပြောရင် ကျောင်းတက်တဲ့နှစ်ကိုပဲပြောကြတာများတယ်။ ကျောင်းတက်တဲ့ နှစ်ဆိုတာအရေအတွက်ပဲရှိတာလေ။ အရည်အချင်းမဟုတ်သေးဘူး။ ပညာရေးဆိုတာတကယ်က သိရှိနားလည်နိုင်စွမ်းရည်လ့ိုပြောမှ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဆက်စပ်မှုက ပိုပြီးအဓိပ္ပါယ်ရှိတယ်။ နိုင်ငံအားလုံးမှာ စီးပွားရေးတိုးတက်မှုရဖို့အရေးအတွက် နိုင်ငံ တော်က အဓိကကျတဲ့နေရာမှာရှိတယ်။ အစိုးရရဲ့ ရိုးရိုးသားသား ထက်ထက်မြက်မြက် အုပ်ချုပ်နိုင်စွမ်းဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးတယ်။ အစိုးရရဲ့ စွမ်းရည်ကိုပြောရာမှာ လူ အများရဲ့ ပညာအရည်အချင်းကို အရေအတွက်နဲ့ပဲပြောပြော၊ အရည်အချင်းနဲ့ပဲပြောပြော၊ ပြောလို့မရဘူး။ လူအများစုရဲ့ ပညာရေး နဲ့ ပြည်သူ့ဝန်ထမ်းရဲ့ ပညာရေး မတူဘူးလေ။ သုတေသီတွေက ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ လေ့လာဆန်းစစ်မှုပြုလုပ်ရာမှာ ထိပ် ပိုင်းရဲ့ ပညာအရည်အချင်း ဟာ စီးပွားရေးတိုးတက်မှုအတွက် အရေးပါတဲ့အကြောင်းတွေ့ရတယ်။ ဒါပေမယ့် ခေါင်းဆောင်တွေဟာ အစိုးရရဲ့ ရပ်တည်ချက်နဲ့ လမ်းကြောင်းကိုချပေးတာမှန်ပေမယ့် တကယ်အစိုးရယန္တရားကို လည်ပတ်တာက ခေါင်းဆောင်ေ တွ မဟုတ်ဘူး။ ဒီအခါ ပြည်သူ့ဝန်ထမ်းတွေရဲ့ ပညာရေးအဆင့်အတန်း၊ နေ့စဉ် မူဝါဒချမှတ် အကောင်အထည်ဖော်သူတွေရဲ့ ပညာရေးအဆင့် အတန်း၊ ပညာရေးအရည်အချင်းဟာ စိတ်ဝင်စားစရာဖြစ်လာတယ်။ ပြည်သူ့ဝန်ထမ်းတွေရဲ့ ပညာရေးအဆင့်အတန်း မြင့်မားရင် သူတို့ရဲ့ အုပ်ချုပ်နိုင်စွမ်းမြင့်မားလာမယ်။ ဆုံးဖြတ်ချက်တွေ ပိုကောင်းလာ မယ်။ ဒါဆိုရင် စီးပွားရေးပိုမိုတိုးတက်ဖွံ့ဖြိုးလာမယ်။ နိုင်ငံတစ်ခုနဲ့ တစ်ခု ဝန်ထမ်းတွေရဲ့ ပညာအရည်အချင်း ခြား နားမှုတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးပုံ၊ ဖွံ့ဖြိုးနည်းလမ်းကြောင်းတွေကို ပိုမိုသိရှိနားလည်သဘောပေါက်လာ တယ်။ တချို့နိုင်ငံတွေမှာ ဝန်ထမ်းတွေရဲ့ ပညာအရည်အချင်းဘာ ကြောင့်မြင့်မားနေသလဲ၊ လုပ်ရည်ကိုင်ရည်နဲ့ ပညာအဆင့်အတန်း ပေါ် မူတည်ပြီးလစာပေးတဲ့ စနစ်ဟာ ပညာတတ်တွေ ဝင်ရောက် လာအောင် ဘယ်လိုဆွဲဆောင်နေကြသလဲ ဆိုတာ သဘောပေါက် လာကြတယ်။ ပြည်သူ့ဝန်ထမ်းတွေရဲ့ ပညာရေးအဆင့်အတန်းဟာ အများပြည်သူရဲ့ ပညာရေး အဆင့်အတန်းနဲ့ သိသိသာသာကွဲပြား ခြားနားမှုရှိနေတာကိုလည်း တွေ့ရတယ်။ လက်တင်အမေရိကတို့၊ အာဖရိကဆာဟာရဒေသခွဲတို့မှာ အများပြည်သူရဲ့ ပညာရေးအဆင့် အတန်းနိမ့်ကျပေမယ့် အဲဒီဒေသတွေ က ပြည်သူ့ဝန်ထမ်းအများစုဟာ ဘွဲ့ရတွေဖြစ်နေတာတွေ့ရတယ်။ လေ့လာချက်အရ ပြည်သူ့ဝန်ထမ်းတွေ ပညာတတ်လေ၊ စီးပွား ရေးတိုးတက်မှုမြန်ဆန်လေဖြစ်တာ ကို တွေ့ရတယ်။ နိုင်ငံ ၄၈ နိုင်ငံကို နှိုင်းယှဉ်လေ့လာကြည့်လိုက်တဲ့အခါ အမေရိကန်က ပထမ၊ ယူကေ ကဒုတိယ၊ ကနေဒါက တတိယ၊ အင်ဒိုနီးရှားကနံပါတ် ၄၈ ချိတ်တာ တွေ့ရတယ်။ ပြည်သူ့ဝန်ထမ်းတွေ ဘယ်ကဘွဲ့ရလာကြတယ်ဆိုတာ လိုက် ကြည့်ပြန်တော့ အရှေ့အာရှ၊ ဗဟိုဥရောပနဲ့ အရှေ့ဥရောပကအရာရှိ အတော်များများဟာ ပညာရည်မြင့်မားတဲ့ နိုင်ငံခြားတက္ကသိုလ်တွေ မှာ ပညာဆည်းပူးခဲ့ ကြတာတွေ့ရတယ်။ အစိုးရက အကျင့်ပျက်မှုတွေကိုမထိန်းနိုင်၊ ဥပဒေတွေအတိုင်း ဖြစ်အောင် အကောင်အထည်မဖော်နိုင်၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုတဲ့ ပတ်ဝန်းကျင် မဖန်တီးနိုင်တဲ့ အခါမျိုးမှာ စီးပွားရေး ဖွံ့ဖြိုးမှုအလားအလာနည်းတာတွေ့ရတယ်။ ပြည်သူ့ဝန်ထမ်းတွေ ပညာပိုတတ်ရင် အကျင့်ပျက်တာနည်းမယ်။ အခွန်တွေပိုရမယ်၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုပိုကောင်းမယ်၊ ပြီးတော့ ပုဂ္ဂလိကဈေးကွက်တွေ တိုးတက်ဖွံ့ဖြိုးအောင် ပိုပြီးလုပ် နိုင်မယ်။ တစ်နည်းပြောရရင်တော့ ပြည်သူ့ရန်ပုံငွေကို တလွဲသုံးတာ နည်းမယ်။ တကယ်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အခွန်အကောက် မှန်မှန် ကန်ကန်ရရှိရေးဆိုတာ ဧရာမစိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။ အခွန်အကောက် မြင့်မြင့်မားမားရအောင် ဆောင်ရွက်နိုင်တယ်ဆို တာ နိုင်ငံတော်ရဲ့ စွမ်းရည်မြင့်မားမှုကို ပြသနေတာဖြစ်ပါ တယ်။ နိုင်ငံတည်ဆောက်ရေးစွမ်းရည်မြင့်မားတာ ကိုလည်း ပြသရာ ရောက်ပါတယ်။ ပညာတတ်ပြည်သူ့ဝန်ထမ်းတွေဟာ အခွန်စီမံခန့်ခွဲမှုကောင်း မယ်။ အခွန်ကိုပေးချင်အောင် ဆောင်ရွက်နိုင် စွမ်း မြင့်မားတယ်။ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို နားလည်သဘောပေါက်ပြီး အကူ အညီပေးတယ်။ အစိုးရရဲ့စွမ်းရည် ဘယ်လောက်ထိရောက်တယ်၊ ထက်မြက် တယ်ဆိုတာ ကြည့်ရာမှာ ပုဂ္ဂလိကဈေးကွက်တွေ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းကမ်းထိန်းချုပ်ရေးဆိုင်ရာ စွမ်းရည်တွေလည်းပါတယ်။ အထူး သဖြင့် ပြည်တွင်း ဘဏ္ဍာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေး ဖို့လိုပါတယ်။ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးတိုးတက်မှုကိုလည်း အထောက်အကူ ပေးနိုင်ပါတယ်။
ပညာရေးလား၊စည်းမျဉ်းစည်းကမ်းလား ဒီနေရာမှာ ပြည်သူ့ဝန်ထမ်းတွေရဲ့ ပညာရေးအဆင့်အတန်း ကြောင့် အုပ်ချုပ်မှုတွေ ကောင်းမွန်တာလား၊ ဒါမှမဟုတ် အပြန် အလှန်ထိန်းကျောင်းမှုတွေ၊ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်တို့လို စည်းမျဉ်းစည်းကမ်းနဲ့ အဖွဲ့အစည်းတွေ ကောင်းမွန်လို့ ပညာရည်အ ဆင့်အတန်းမြင့်မားရတာလားဆိုတာစဉ်းစားစရာဖြစ်ရပါတယ်။ စည်းမျဉ်းစည်းကမ်းတွေက ပညာရည်မြင့်မားမှုကို အထောက်အကူ ပြုတယ်ဆိုရင် အဲဒီစည်းမျဉ်းစည်းကမ်းတွေ ခိုင်မာဖို့၊ အားကောင်းဖို့၊ မူဝါဒတွေ ချမှတ်ပေးရပါမယ်။ အစွမ်းအစရှိတဲ့သူတွေ၊ ပြည်သူ့ဝန် ထမ်းအလုပ်ကို ရွေးချယ်ချင်လာဖို့ ပညာရေးစနစ်က ဝန်ထမ်းတွေရဲ့ အရည်အချင်းမြင့်မားလာအောင် လုပ်ပေးဖို့တွေကိုပါ အာရုံစိုက် ရပါမယ်။ တကယ်လည်းကောင်းမွန်တဲ့ စီးပွားရေးရလဒ်တွေ ထွက်ပေါ် လာဖို့ဆိုတာက စည်းမျဉ်းစည်းကမ်းတွေ အပေါ်မှာ အများကြီးမူ တည်ပါတယ်။ ပညာတတ်ပြည်သူ့ဝန်ထမ်းတွေရဲ့ အရည်အချင်းဟာ ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းတွေကို အထောက်အကူပြုပြီး စီးပွားရေးတိုးတက်မှုကိုဖြစ်စေနိုင်ပါတယ်။ ထူးခြားတာက ပြည်သူကိုဝန်ဆောင်မှုပြုလိုစိတ်ရှိတဲ့သူတွေ (တကယ်လို့သာ စည်းမျဉ်းစည်းကမ်းတွေ ခိုင်ခိုင်မာမာ ပီပီပြင်ပြင် ရှိနေမယ်ဆိုရင်) ပုဂ္ဂလိက ကဏ္ဍမှာထက် ပြည်သူပိုင်ကဏ္ဍမှာ တာဝန်ထမ်းဆောင်လို စိတ် ကြီးမားတာတွေ့ရပါတယ်။ ဆိုလိုတာက စည်းမျဉ်းစည်းကမ်းတွေ ကောင်းနေရင် အကျင့်ပျက်ခွင့် နည်းတယ်၊ အကျင့်ပျက်လို့ဆိုပြီး ဖယ်ရှားရတဲ့ ပြည်သူ့ဝန်ထမ်းနည်းပါးမယ်။ ပညာတတ်တွေဟာ ပြည်သူ့ဝန်ထမ်းစိတ်ပါဝင်ပိုမိုကြီးမားပြီး သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ ဝန်ဆောင်မှု ပိုကောင်းအောင် ဆောင်ရွက် ပေးနိုင်တယ်။ ဘယ်နေရာဘယ်အချိန်မှာဆို ပုဂ္ဂလိကကို လွှတ်ပေး ထားရမလဲ ဆိုတာနားလည်တယ်။ ဒီ့အပြင်ပညာတတ်တွေရမယ့် လစာကလည်း လူ့အဖွဲ့အစည်း ရဲ့အကျိုးအတွက် အရေးပါပါတယ်။ထိရောက်တဲ့ တရားရေးစနစ်ဟာ ဥပဒေတွေကို ပီပြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး ပြည်သူ့ဝန်ထမ်းတွေက ဥပဒေကို လိုတစ်မျိုး မလို တစ်မျိုး လုပ်တဲ့ နည်းနဲ့ ကိုယ်ကျိုးရှာမှုတွေ မဖြစ်အောင် တားဆီးနိုင်ပါတယ်။ ဒါကြောင့်လည်း ပညာအဆင့်အတန်းအလိုက်ခန့်ထားပြီး ထိုက် တန်တဲ့လစာရရှိဖို့ အရေးကြီးတဲ့အကြောင်း ပြောနေတာပါ။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ပြည်သူ့ဝန်ထမ်းနယ်ပယ်ကို ပညာတတ်တွေ ဝင်ရောက်လာအောင် ဆွဲဆောင်နိုင်ရပါမယ်။ အထူးသဖြင့်ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဆွဲဆောင်ဖို့ပိုပြီးလိုအပ်ပါတယ်။ အသိသာဆုံး သာဓက ကတော့ စင်ကာပူနိုင်ငံပါပဲ။ စွမ်းရည်အလိုက်လစာပေး၊ လစာက လည်း ကောင်းလေတော့ အရည်အချင်းရှိသူတွေကို ဆွဲဆောင်နိုင် တယ်။ အစိုးရရဲ့ ဆောင်ရွက်လုပ်ကိုင်မှုတွေဟာ ထိရောက်မှုရှိတယ်။ ကျွဲကူးရေပါဆိုသလို နောက်ဆုံးမှာတော့ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာတာကိုတွေ့ရတယ်။RavahArezki + Mark Quintyn “Degree of Development” in Finance and Developmentç march 2013, Vol.50, No.1