Main menu

Background

ဈေးငြိမ်သော်လည်း အရောင်းအဝယ်အေးတဲ့ မန်းသကြား

Mon, 04/08/2013 - 15:03 -- ydnar

မန္တလေးမြို့ သကြားကုန်စည်ဒိုင် (သကြား၊ သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း)မှာ နေ့စဉ် အနယ် နယ်အရပ်ရပ်မှ ပွဲစား၊ ကုန်သည်၊ စက် ပိုင်များ အရောင်းအဝယ် ပြုလုပ်ရာမှာ ယခုမတ်လ တတိယပတ် သကြား၊ သကာရည် တစ်ပိဿာပေါက်ဈေးများ မှာ သကြား A (၈၆၀ ကျပ်) ၊B (၈၅၀ ကျပ်)၊ C  (၈၄၀ ကျပ်)နဲ့လည်းကောင်း၊ သကာပွက်ရည် ၅၂၀ ကျပ်၊ စက်ကျ ရည် ၃၁၀ ကျပ်နဲ့ အရောင်းအဝယ်ပြု လုပ်လျက်ရှိပါတယ်။ မန်းသကြားဒိုင် မှာ ကုန်ချောသကြားကို အဓိကထား အရောင်းအဝယ်ပြုလုပ်ပါတယ်။ ယခင် လ (ဖေဖော်ဝါရီ) မှာသကြား A  (၈၄၀ ကျပ်)၊ B (၈၃၀ ကျပ်)၊C (၈၂၀ ကျပ်) နဲ့လည်းကောင်း၊ သကာ ပွက်ရည် ၅၀၀ ကျပ်၊ စက်ကျရည် ၃၀၀ ကျပ်နဲ့ နေ့စဉ် သကြားအိတ် (၃၀ ပိဿာ အိတ်) ၃၀၀၀မှ ၅၅၀၀ ကြားအရောင်းအဝယ် ဖြစ်ခဲ့ပေမဲ့ ယခုလဆန်းပိုင်းကစပြီး သကြားအိတ် ၂၅၀၀ မှ ၄၅၀၀ ထိသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါ တယ်။ ယခုလအတွင်းမှာ သကြားဈေး ငြိမ်သလို အရောင်းအဝယ်လည်း အေး သွားကြောင်း သိရပါတယ်။

ဒေသတွင်း မုန့်လုပ်ငန်း၊ အရက် ချက်လုပ်ငန်း၊ အချိုရည်လုပ်ငန်း၊ နို့ဆီ ချက် လုပ်ငန်းတွေကသာ ပုံမှန်ဝယ်ယူမှု ရှိပါတယ်။ ရန်ကုန်ဝယ်လက်အဆွဲ နည်းတာကြောင့် ရန်ကုန်ဝယ်လက်နဲ့ နေ့စဉ်အရောင်းအဝယ် ပြုလုပ်တဲ့ ကုန် သည် ပွဲစားများအနေနဲ့ အခြားဝယ် လက်များနဲ့ ထပ်မံချိတ်ဆက်ရလို့ အခက်အခဲ အနည်းငယ် ရှိကြောင်း၊ ပြည်ပ(တရုတ်) ဝယ်လိုအား အနည်း ငယ်သာရှိလို့ ထပ်မံချိတ်ဆက်ဖို့ လိုအပ် သလို မိမိတို့နိုင်ငံမှ ထုတ်လုပ်တဲ့ သကြားများ အရည်အသွေး အဆင့် အတန်းမီဖို့လည်း လိုအပ်ကြောင်း၊ ပစ္စည်းမကောင်းလျှင် ဈေးကောင်းရနိုင် မှာမဟုတ်ကြောင်း ရွှေမင်းဟန် သကြား ပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြော ကြောင်း သိရပါတယ်။ စိုးအောင်-မန္တလေး