Main menu

Background

အရောင်းအဝယ်ရော ဈေးပါအေးလာတဲ့ စိမ်းနဲ့ ရွှေဝါ

Tue, 04/09/2013 - 10:19 -- ydnar

နှစ်စဉ် ပဲတီစိမ်းတန်ချိန် တစ်သိန်း တစ်သောင်းကျော် အရောင်းအဝယ်ပြု လုပ်တဲ့ မန္တလေး ပဲ၊ ပြောင်း၊ နှမ်းကုန် စည်ဒိုင်ကို အနယ်နယ်အရပ်ရပ်မှ ဝင် ရောက် ရောင်းဝယ်ဖောက်ကားလျက် ရှိပါတယ်။ ပဲတီစိမ်းကြီးနဲ့ ပဲတီစိမ်းရွှေဝါ ဆိုပြီး နှစ်မျိုးခွဲခြားပြီး အရောင်းအဝယ် ဖြစ်ပါတယ်။ ပဲတီစိမ်းကြီးကို ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်၊ တံတားဦး၊ စဉ့် ကိုင်၊မတ္တရာ၊စဉ့်ကူး၊ သပိတ်ကျင်း၊ ငါန်း ဇွန်၊ ပခုက္ကူ၊ မုံရွာ၊ ချောင်းဦးဒေသများ မှလည်းကောင်း၊ ပဲတီရွှေဝါကို စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ ချောင်းဦး၊ မုံရွာ၊ ပခုက္ကူ ဒေသများမှ ဝယ်ယူရရှိပါတယ်။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပဲတီစိမ်းကြီး တစ်ပိဿာ ၁၂၀၉ ကျပ် (တစ်တန် ၇၄၀၃၈၀ ကျပ်)နဲ့ နေ့စဉ် ၃ တင်းအိတ် ၁၀၀၀ မှ ၁၅၀၀ အိတ် အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲတီစိမ်း ရွှေဝါ တစ်ပိဿာ ၁၃၄၂ ကျပ်(တစ် တန် ၈၂၁၈၂၇ ကျပ်)နဲ့ နေ့စဉ် ၃ တင်း အိတ် ၆၀၀ မှ ၈၀၀ အထိ အရောင်း အဝယ်ဖြစ်လို့ နေ့စဉ် ပဲတီစိမ်းပျမ်းမျှ အိတ် ၂၀၀၀ နီးပါး (တန် ၁၈၀ ကျော်) အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခု မတ်လ နောက်ဆုံးအပတ်မှာ ပဲတီစိမ်း ကြီး တစ်ပိဿာ ၁၀၆၇ ကျပ် (တစ်တန် ၆၅၃၄၂၀ ကျပ်)နဲ့ ၃ တင်းအိတ် ၈၀၀ ခန့်နေ့စဉ် အရောင်းအဝယ်ဖြစ်ပြီး ပဲတီ စိမ်းရွှေဝါတစ်ပိဿာ ၁၂၈၀ ကျပ် (တစ် တန် ၃၈၃၈၅၉ ကျပ်) နဲ့ နေ့စဉ် ၆၀၀ အိတ်နီးပါးအရောင်းအဝယ်ဖြစ်ပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လ မှာ အရောင်းအဝယ်ဖြစ်တဲ့ဈေးနှုန်းနဲ့ ပမာဏကို နှိုင်းယှဉ်ပါက ပဲတီစိမ်းကြီး တစ်ပိဿာ ၁၄၂ ကျပ် (တစ်တန် ၈၆၉၅၉ ကျပ်) ပဲတီစိမ်းရွှေဝါ တစ် ပိဿာ ၆၂ ကျပ်(တစ်တန် ၃၇၉၆၈ ကျပ်) ဈေးအေးသွားပြီး နေ့စဉ်ရောင်း ဝယ်မှုပမာဏလည်းသိသာစွာ ကျဆင်း ခဲ့ပါတယ်။ဈေးအေးသွားသလိုအရောင်း အဝယ် အေးသွားပါတယ်။ပြည်ပ (တရုတ်) ဝယ်လက်ပုံမှန်အဆွဲရှိပေမယ့် ကုန်ပစ္စည်းအရည်အသွေး ကိုကြည့်ပြီး ဝယ်ယူတာမို့အရောင်းအဝယ်အေးသွား ရခြင်းဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောကြားပါတယ်။စိုးအောင်- မန္တလေး